Home ကဗျာ သမိုင်းတစ်ခု‌တော့ ရှိခဲ့တယ်

သမိုင်းတစ်ခု‌တော့ ရှိခဲ့တယ်

2110

(လကင်္ာဒီပ)

ပုသိမ် ဘဲဂရက်‌ကျေးရွာကြီး‌ရေ
‌နွေး‌ထွေးတဲ့လက်များနဲ့
ငါတို့ရဲ့ အမျိုးသား‌ရေးကို
ပိုမိုမြှင့်တင်နိုင်‌အောင်
‌ခေါင်း‌ဆောင်‌ကောင်းတစ်ဦးကို
အငြိုအငြင် မရှိစတမ်း
ထမ်းပိုးပင့်တင်ခဲ့တာ
ဂုဏ်သာယူလိုက်စမ်းပါ။

‌နေမဝင် အင်ပါယာကြီးရဲ့
ထိပ်ရဲ့ အမြင့်ဆုံးဥပ‌ဒေပညာရှင်
စင်‌တော်‌ကောက်ကြီးဖြစ်‌သော်လည်း
စိတ်ထဲ ဘဝင်မမြင့်ထား
ရိုးသားစွာ ကြိုးစား‌နေထိုင်ခဲ့သူ
ငါ့ပြည်သူ ငါ့လူမျိုး
‌ချွေးမိုး၊ မျက်ရည်မိုး‌တွေ တိတ်‌စေ‌ရေး
ဟိုးအ‌ဝေးကြီးက သူပြန်လာခဲ့တယ်
တကယ် ဦးညွှတ်မိပါတယ် သခင်။

ခွင့်လွှတ်လိုက်ပါ ‌စောသာမြတ်ကြီး‌ရေ
သူ‌လေ အကျင့်ကိုက မဟုတ်မခံ
အမှန်တရားအထက်မှာ
ဘာမှ မရှိချင်တဲ့ လူရိုးကြီး‌လေ
အ‌ဖေကို တရားပြန်စွဲတဲ့သား
နားကြားလို့‌တော့ မ‌ကောင်းခဲ့ပါ
သိက္ခာ သမာဓိ ပညာအတွက်
သူ့ရပ်တည်မှုကို နားလည်လိုက်ပါ
အဲဒါ ကျုပ်တို့အတွက်ပါဗျာ။

‌နောက်မလုပ်ပါနဲ့‌တော့ ‌ရွှေကရင်
မအူပင်ဘဏ်ကို ‌ဖောက်ရသလားကွာ
ဒါဟာ အဖျက်လုပ်ရပ်ဆန်တယ်
လယ်ဧကတစ်‌ထောင် ‌ရောင်းပြီးဆပ်မယ်
‌ပြေလည်မှုပြန်လုပ်ခဲ့တာ
တာဝန်ယူမှု အပြည့်ရှိခဲ့သူ‌ပေါ့။

ပြည်တွင်းစစ် အလိုမရှိပါဘူး
ကူးလူးဆက်ဆံမှု‌ကောင်း‌သောလမ်း
ငြိမ်းချမ်း‌ရေးပဲ အလိုရှိတယ်
ဦးနုရယ် ကရင်ပြည်လိုချင်ရင်
နင်တို့ တိုက်ယူပါဆိုတဲ့စကား
မမြွက်ကြားခဲ့ရင် ‌ကောင်းမယ်။

ထို့‌ကော်ကိုးက ‌မောင်အဲတဲ့လား
ခင်ဗျားကို ‌မေ့ထားပါတယ်
ဘယ်အခါမှ‌တော့ ခွင့်လွှတ်လို့မရဘူး
ထူးထူးခြားခြား ပူပင်မှုမရှိပါနဲ့
ဒီ‌နေ့ရဲ့‌ခေတ်မှာလည်း အများသား
ခင်ဗျားလို ကရင်သစ္စာ‌ဖောက်‌လောက်‌ကောင်
ခပ်‌ကြောင်‌ကြောင်သာကူး‌တွေ အများကြီးပါ။

စိန်လွင် မင်းတို့အင်အားကြီးလို့ပစ်တဲ့ဒဏ်
အညံ့ခံမယ်များ ထင်သလား
ချမှတ်ထားတဲ့ မူ‌လေးချက်အတွက်
အသက်‌ပေးလို့ ကာကွယ်သွားမယ်
အမျိုးရယ် အဓွန့်ရှည် တည်တံ့ဖို့တဲ့ဗျာ။

‌နေဝင်း မ‌သေမချင်းမှတ်ထား
‌မြေ‌ပေါ်ထားရင် ကရင်‌တွေတစ်‌နေ့
မ‌မေ့မ‌လျော ဂုဏ်ယူမာန်ရင်‌ပွေ့
တစ်‌နေ့ ပြီးပြည့်စုံတဲ့ ကရင်ပြည်နယ်
ပြန်လည်ကြံ‌ဆောင်မှာစိုးတဲ့ဒုက္ခ
မုတ္တမပင်လယ်‌ကွေ့ထဲ ‌ရွှေ့‌ပြောင်း
သူ့အ‌လောင်းကို ‌ခေါင်းဖြတ် ‌ဖျောက်ဖျက်သတဲ့လား
‌ရေပြင်တစ်လွှား ကရင်‌တွေ မာန်ပြန်‌ထောင်အုံးမှာပါ။

ကရင်‌တွေ ကျူပင်ခုတ်
ကျူငုတ်မကျန်‌စေ ဆိုတဲ့ဇာတ်လမ်း
‌အောင်ဆန်းလမ်းစဉ်လို့ ပြုမူ
ဘယ်သူများ ‌ရေးသားခဲ့တာလဲ
အဟုတ်ပဲလား အလိမ်အညာလား
မှတ်သားမှတ်တမ်းတခု‌တော့ ရှိခဲ့တယ်‌လေ
သင်ပုန်း‌ချေတာ လွယ်တာ‌တော့ မဟုတ်ဘူး။

ဒီဇင်ဘာ ၂၀၊ ၂၀၁၅