Home သတင်း NCA အတွက် အစိုးရအဆိုပြုချက်အ‌ပေါ် EAOs SD ‌ခေါင်း‌ဆောင်များ ပြန်‌ဆွေး‌နွေးဆုံးဖြတ်သွားမည်

NCA အတွက် အစိုးရအဆိုပြုချက်အ‌ပေါ် EAOs SD ‌ခေါင်း‌ဆောင်များ ပြန်‌ဆွေး‌နွေးဆုံးဖြတ်သွားမည်

1580

စက်တင်ဘာ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမည့် အဖွဲ့များနှင့် ပတ်သက်၍ အစိုးရ အဆိုပြုချက်အ‌ပေါ် တိုင်း ရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(EAOs SD) က လာမည့် စက်တင်ဘာလ ၂၄ ရက်မှ ၂၆ရက်‌နေ့အထိ ထိပ်သီး‌ခေါင်း‌ဆောင်များ ပြန်လည်စည်း‌ဝေးကာ ‌ဆွေး‌နွေးဆုံးဖြတ်သွားမည်ဟု အဖွဲ့‌ခေါင်း‌ဆောင်ဖြစ် သူ ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

“အစိုးရ အဆိုပြုထားတဲ့အ‌ပေါ် ကျမတို ့တိုင်းရင်းသားအဖွဲ့‌ခေါင်း‌ဆောင်‌တွေ စက်တင်ဘာ ၂၄က‌နေ ၂၆ရက်‌နေ့အထိ ပြန်‌တွေ့ပြီး ‌ဆွေး‌နွေးဆုံးဖြတ်သွားမယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌလည်းဖြစ်သူ ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA လက်မှတ်ထိုးနိုင်‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ‌ခေါင်း‌ဆောင်များနှင့် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန် ဦး‌ဆောင်‌သော အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ယမန်‌နေ့က ‌နေပြည်‌တော်ရှိ MCC ခန်းမ၌ တစ်ရက်တာ ‌တွေ့ဆုံ‌ဆွေး ‌နွေးစဉ် အစိုးရဘက်မှ တိုင်းရင်းသား‌တော်လှန်‌ရေးဖွဲ့ ၆ဖွဲ့နှင့်ပတ်သက်၍ အဆိုပြုထားမှုများအ‌ပေါ် ယခုကဲ့သို့ အစည်းအ‌ဝေးပြု လုပ်ကာ ဆုံးဖြတ်သွားမည်ဟု တိုင်းရင်းသား‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ယမန်‌နေ့ ‌ဆွေး‌နွေးပွဲတွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသား‌ကောင်စီ (ANC) နှင့် ဝ အမျိုးသားအစည်း အရုံး (WNO)အဖွဲ့များမှာ ၎င်းတို့အစိုးရတပ်နှင့် ထိ‌တွေ့တိုက်ပွဲဖြစ်ခြင်း တစ်ကြိမ်မျှ မရှိသည့်အတွက် NCA တွင် ပါဝင်လက်မှတ် ထိုးရန်မလိုဘဲ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်‌ဆွေး‌နွေးဆုံးဖြတ်ခွင့်‌ပေးမည်ဟု အစိုးရဘက်က အဆိုပြုထား‌ကြောင်း ယင်း‌ဆွေး‌နွေးပွဲကို NCCT ကိုယ်စားပြု တက်‌ရောက်ခဲ့သူ ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုကွယ်ထူးဝင်းက “NCCT အဖွဲ့ဝင် ၃ဖွဲ့မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တဲ့ ကိုးကန့်အဖွဲ့ကို အစိုးရက သီးခြား ‌ဆွေး‌နွေးအ‌ဖြေရှာ မဲ့သ‌ဘော ရှိတယ်။ ပ‌လောင်နဲ ့ပတ်သက်တာကျ‌တော့ မူလက ‌ဆွေး‌နွေးဖက်ဖြစ်တယ်။ ဒါ‌ပေမဲ့ တိုက်ပွဲ‌တွေ ပြန်ဖြစ်တဲ့အတွက် ‌ကြောင့် Bilateral Agreement အရင်လုပ်ပြီးမှ NCA မှာ ပါဝင်လက်မှတ်‌ရေးထိုးမယ်။ AA ကျ‌တော့ သူတို ့ကချင်ပြည်နယ်မှာပဲ ဖွဲ့စည်းပြီး‌တော့ အဲ့မှာပဲ အ‌ခြေစိုက်တဲ့အတွက်‌ကြောင့် ကချင်က စာချုပ်မှာ လက်မှတ်‌ရေးထိုးလို့ရှိရင် သူတို့လည်း အလိုလို ပါသွားမှာပဲလို့ ‌ဆွေး‌နွေးတယ်”ဟု ဆက်‌ပြောသည်။

ထို့အပြင် အစိုးရက ရခိုင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များကို ဘဂင်္ါလီများနှင့် အိ်မ်နီးချင်းနိုင်ငံများနှင့်ပါ ပြဿနာဖြစ်ပွားနိုင် သည့်အတွက် ရခိုင်ပြည်နယ်အတွင်းသို့ လက်နက်ဖြင့် ဝင်‌ရောက်ခွင့်မပြုနိုင်ဟု ‌ပြောဆိုခဲ့သလို တိုင်းရင်းသား‌ခေါင်း‌ဆောင်များ ကလည်း ရခိုင်အဖွဲ့သုံးဖွဲ့ကို တစ်ဖွဲ့တည်း ပူး‌ပေါင်းကာ လက်မှတ်ထိုးခွင့်ပြုရန် အဆိုပြုထားသည်ဟု တိုင်းရင်းသား‌ခေါင်း‌ဆောင် များထံမှ သိရသည်။

တစ်ရက်တာ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲသို ့ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့‌ခေါင်း‌ဆောင်များဖြစ်ကြသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး‌စောမူတူး‌စေးဖိုး၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ SSPP နာယက ဒုတိယဗိုလ်ချုပ်ကြီး‌ဆေထင်၊ NMSP ဥက္ကဋ္ဌ နိုင်မွန် ‌ထော၊ KNPP ဥက္ကဋ္ဌ ခူး‌အေဘယ်တွိဒ်၊ SD အဖွဲ့‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ပဒို‌နော်စီဖိုးရာစိန်၊ ‌ဒေါက်တာလဂျာ ၊ ပူးဇင်ကျုံးတို့ နှင့် NCCT ကိုယ်စားပြု ပဒို‌စောကွယ်ထူးဝင်းတို့ ၉ဦး တက်‌ရောက်ခဲ့ကြသည်။
အလားတူ အစိုးရဘက်မှ နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦး‌အောင်မင်း၊ ဦးသိန်း‌ဇော်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်‌မောင်စိုး၊ ဦးဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲ‌အောင်၊ ဦး‌အောင်သိမ်း၊ ဦးထွန်းထွန်းဦး၊ ဦးခင်‌ဇော်ဦး၊ ဦးခင်ရီ၊ ဦးသန်း‌ဌေးနှင့် MPC အဖွဲ့ဝင်များ ပါဝင်ခဲ့ကြ‌သော်လည်း အစိုးရတပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်း‌အောင်လှိုင်မှာ အစ္စ‌ရေးလ်နိုင်ငံခရီးစဉ်‌ကြောင့် တက်‌ရောက်နိုင်ခြင်း မရှိခဲ့‌ပေ။

လက်ရှိ NCA လက်မှတ်ထိုးမည့်ရက်ကို ယခုလ ၂၉ရက်‌နေ့တွင် ပြုလုပ်ရန် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းခဲ့‌သော် လည်း တိုင်းရင်းသား‌ခေါင်း‌ဆောင်များက ‌အောက်တိုဘာလလယ်ပိုင်းတွင် ပြုလုပ်ရန် ပြန်လည် အဆိုပြုခဲ့ပြီး လက်မှတ်ထိုးမည့် ရက်ကို နှစ်ဖက် အတည်မပြုနိုင်‌သေးသလို တိုင်းရင်းသားအဖွဲ့ ၆ဖွဲ့ ထပ်မံ ပါဝင်ခွင့်ပြု‌ရေးမှာလည်း တိကျ‌သေချာသည့် ရလဒ် မထွက်‌ပေါ်‌သေး‌ကြောင်း သိရသည်။