Home သတင်း ဩစတြေးလျကရင်အဖွဲ့အစည်း-AKO အထွေထွေညီလာခံ ကျင်းပပြီးစီး

ဩစတြေးလျကရင်အဖွဲ့အစည်း-AKO အထွေထွေညီလာခံ ကျင်းပပြီးစီး

13

အောက်တိုဘာ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဩစတြေးလျကရင်အဖွဲ့အစည်း (Australia Karen Organisation – AKO) မှ ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသည့(၁၃) ကြိမ်မြောက် အထွေထွေညီလာခံ (AKO National Biennial General Meeting) ၏ နောက်ဆုံးနေ့အစည်းအဝေးကို ဩစတြေးလျနိုင်ငံ၊ နယူးဆောက် ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ The Hub@Bonnyrigg Dhanawi ခန်းမ၌ အောက်တိုဘာ (၅) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။

အောက်တိုဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ကျင်းပသည့် အဆိုပါ ညီလာခံသို့ ရွေးကောက်ခံကိုယ်စား လှယ်သစ်များနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ် အချက် (၁၂) ချက်အပေါ် ရွေးကောက်ခံကိုယ်စား လှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် ဒုက္ခသည်နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် AKO အနေဖြင့် ၂၀၂၆-၂၀၂၈ ခုနှစ် သက်တမ်းအတွက် ဗဟိုကော်မတီဝင် (၂၈) ဦးကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အမျိုးသားခေါင်း ဆောင်ကြီး စောဘဦးကြီး၏ မူ (၄) ချက်ကို ကိုင်စွဲကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လမ်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။