Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးအတွက် ပညာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေး

မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးအတွက် ပညာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေး

1962

‌ဖေ‌ဖော်ဝါရီ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသအ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးနှင့်ပတ်သက်၍ ထိုင်းပညာ‌ရေးဌာန(MOE)၊ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC)၊ ကမ္ဘာ့ပညာ‌ရေး အဖွဲ့(WE)နှင့် ‌ကျောင်းသားမိဘတို့သည် ယ‌နေ့ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ‌ကျောင်း၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ကြသည်။

၎င်း‌တွေ့ဆုံပွဲတွင် BMWEC ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေက “အခု ကျမတို့ ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေဟာ အလှူ‌ငွေ လုံးဝ ရပ်တန့်သွားတဲ့ အ‌ခြေအ‌နေမှာရှိတယ်။ ဒါ‌ကြောင့် ထိုင်းပညာ‌ရေးဋ္ဌာနအပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး လှုပ်ရှား‌နေတဲ့အဖွဲ့‌တွေက‌နေ က‌လေး‌တွေဟာ ထိုင်းပညာ‌ရေး‌ကျောင်း‌တွေမှာ ဆက်တက်ဖို့ ဘာအခွင့်အ‌ရေး ရှိသလဲ။ မြန်မာပြည်မှာ ပြန်ရင် ဘယ်လိုလမ်း‌ကြောင်း‌တွေရှိသလဲဆိုတာ ‌ကျောင်းသားမိဘ‌တွေကို နားလည်‌အောင် ‌ပြောပြတာဖြစ်တယ်”ဟု ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများအ‌နေဖြင့် ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများတွင် ပညာဆက်လက်သင်ယူလိုပါက ‌ကျောင်းလည်ပတ်နိုင်‌ရေးအတွက် ‌ကျောင်းသားမိဘနှင့် ပညာ‌ရေးဆိုင်ရာ လုပ်‌ဆောင်‌နေသည့်အဖွဲ့၊ ပညာ‌ရေးဝန်ထမ်းတို့အကြား မည်သို့ ဆက်လက်ပူး‌ပေါင်း‌ဆောင်ရွက်မည်ကို အ‌ဖြေရှာခြင်းဖြစ်သည်ဟု ‌နော်‌ဖော‌ရေက ဆက်‌ပြောသည်။

နံနက် ၁ဝနာရီမှ ‌နေ့လည် ၁၂နာရီအထိ ပြုလုပ်သည် ယင်း‌တွေ့ဆုံပွဲသို့ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများ ၏ ‌ကျောင်းလည်ပတ်မှုအ‌ခြေအ‌နေ၊ အလှူ‌ငွေ ရပ်တန့်သွားမှုအ‌ပေါ် ‌ကျောင်းဆက်လည်ပတ်နိုင်ရန် နည်းလမ်း များ၊ ထိုင်းပညာ‌ရေးဋ္ဌာနဘက်မှ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို ‌ဖြေရှင်းသည့် အ‌နေဖြင့် ‌ရွှေ့‌ပြောင်းက‌လေးများကို ထိုင်း‌ကျောင်းမှ လက်ခံသည့် အ‌ခြေအ‌နေများကို လာ‌ရောက်ချပြခဲ့သည့် အပြင် ‌ကျောင်းသားမိဘများမှလည်း ‌ကျောင်း‌ထောက်ပံ့မှုအ‌ခြေအ‌နေများအ‌ပေါ် တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။
???????????????????????????????
အဆိုပါ ‌တွေ့ဆုံပွဲသို့ BMWEC ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေ အပါအဝင် ထိုင်းပညာ‌ရေးဋ္ဌာနမှ တာဝန်ရှိသူများ၊ World Education မှ တာဝန်ရှိသူများ၊ ‌ရွှေ့‌ပြောင်းပညာ‌ရေးအ‌ရေးကို ‌ဆောင်ရွက်‌နေ‌သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားမိဘများ၊ ‌ကျောင်း‌ကော်မတီဝင်များ၊ ဆာသူး‌လေ‌ကျောင်းမှ ‌ကျောင်းဆရာ/မများ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သည့် ‌ကျောင်းသားမိဘတစ်ဦးက “ကျမတို့က‌လေး‌တွေက ဘာလက်မှတ် အ‌ထောက် အထားမှ မရှိတဲ့အတွက် ထိုင်း‌ကျောင်းထားဖို့က အခက်အခဲရှိသလို က‌လေး‌တွေ ဟို‌ပြောင်း ဒီ‌ပြောင်းလည်း အဆင်မ‌ပြေဘူး‌လေ။ ပြီး‌တော့ ‌ရွှေ့‌ပြောင်း‌ကျောင်းမှာထားရင် မြန်မာပြည် ပြန်ရင်လည်း ဒီက သင်တဲ့ အတန်းနဲ့ဘဲ ‌ကျောင်းဆက်တက်လို့ ရတယ်။ ကျမ က‌လေး‌တွေကို ‌ရွှေ့‌ပြောင်း‌ကျောင်းမှာပဲ ထားချင်တယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်အပါအဝင် မြို့နယ် (၄)မြို့နယ်မှ ယခင်က မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၅ ‌ကျောင်းရှိသည့်အနက် ၂၀၁၃ ခုနှစ်မှစ၍ အလှူ‌ငွေများ လုံးဝ ပြတ်‌တောက်သွားသဖြင့် ယခုအချိန်တွင် ၆၄ ‌ကျောင်းသာ ဆက်လက်လည်ပတ်နိုင်သလို လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် စာသင်‌ကျောင်းတချို့သည် အကူအညီလုံးဝ မရှိ‌တော့သဖြင့် ဆက်လက်ဖွင့်လှစ်ရန် မဖြစ်နိုင်‌တော့သည့် အ‌ခြေအ‌နေတွင်ရှိသည်ဟု ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။