အောက်တိုဘာ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် မြောက်ပိုင်း ထီဖိုးစံ ကျေးရွာကို အောက်တိုဘာ ၂၀ ရက်ညနေ ၄ နာရီခန့် အချိန်က Y12 ဗုံးကြဲ လေယာဉ်ဖြင့် ဗုံးသီးများ ကြဲချ ဖျက်စီးမှု့ ကြောင့် ဘုန်းကြီး ကျောင်း၊ စေတီ၊ စာသင် ကျောင်းနှင့် ကျေးရွာ လူ နေအိမ်များမီးလာင် ပျက်စီးသွားသည်ဟု တော်လှန်ရေးမဟာမိတ်တပ် သတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ထီဖိုးစံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လေယာဉ်ပတ်ဝဲပျံပြီး ယခုလို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေး မဟာမိတ်တပ် သတင်းရင်းမြစ်က ယခုလိုပြောသည်။
” ဘုန်းကြီး ကျောင်းကတော့ ရစရာမရှိအောင် ပျက်စီးသွားပြီ။ စာသင်ကျောင်းလည်းအမိုးတွေ ပြိုကုန်တယ်။ အိမ်တွေကတော့ ပြိုတာရော၊ မီးလာင်တာရော ကုန်ပြီ။ ရာဘာတွေလည်း မီးလောင်တာမျိုး ရှိတယ်၊ ပြီးတော့ မိဖာလဲ ရွာဘက်လည်း ထပ်ကြဲသွားတယ်” ဟု KNLA မဟာမိတ်တပ် သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ထီဖိုးစံရွာအား လေကြောင်းမှ ဗုံးကြဲ ပြီးသည့်နောက် အဆိုပါ Y12 လေယာဉ်သည် ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများနှင့် အာရှလမ်းမအနီး ကျေးရွာများဘက်သို့လည်း လှည့်ပတ်ပျံသန်းပြီး ဗုံးသီးချ တိုက်ခိုက်မှု့ တချို့ ရှိ ခဲ့ကြောင်း သိရသည်။
အလားတူ ကော့ကရိတ်မြို့ဘက်မှ ထွက်လာသည့် စစ်အုပ်စု စစ်ကြောင်းသည် ရန်ကုတ်ရွာမှ ကြောင်ရှာကုန်း၊ ဖန်ခါးကုန်း၊ သာယာကုန်း ရွာများဘက်သို့ စစ်ကြောင်းထွက်ရန် ကြိုတင်ပစ်ကူ ပစ်ခတ်နည်းဖြင့် ပွိုင့်ဖိုက် စက်သေနပ်၊ လက်နက်ကြီးများဖြင့် အောက်တိုဘာလ ၂၀ ရက်မနက်ပိုင်းမှ စ၍ ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။
အဆိုပါ ကော့ကရိတ် မြောက်ပိုင်း ကျေးရွာများဘက်မှ ဒေါနတောင်မြဝတီလမ်းဟောင်းလမ်းပိုင်းကို သိမ်းပိုက်ထိမ်း ချုပ်ရန်ကော့ကရိတ်မြို့ဘက်၊ ကျုံဒိုးမြို့ဘကောက်နှင့် နဘူး-ထို့ကော်ကိုး လမ်းပိုင်းမှ စစ်အင်အားတစ်ထောင်ဝန်းကျင် ခန့်ဖြင့်စစ်အုပ်စုပူးပေါင်း ထားသည့် ခွဲထွက် DKBA ဗိုလ်ဘိတပ်များ သည်စစ်ေကြာင်း ၄ ကြောင်းဖြန့်ကျက် စစ်ဆင် တိုက်ခိုက်မှု့အား နေရာစုံ မှ KNLA မဟာမိတ် တပ်များ ဖြတ် တောက် တိုက်ခိုက်မှု့ ကြောင့် အထိနာ နေသည့်အတွက် လက်နက်ကြီး၊ လေ ကြောင်းနှင့် ဒရုန်း များ အသုံးပြုတိုက်ခိုက်နေရကြောင်းသိရသည်။



















