Home သတင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား ကျင်းပပြီးစီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား ကျင်းပပြီးစီး

295

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ (မေလ ၂၃ ရက်) က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့ဂုဏ်ရည်အသင်း (နိုင်ငံတကာ) ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ပြည်သူ့ဂုဏ်ရည် (ချင်းမိုင်ဌာနခွဲ) က လက်ခံကျင်းပသည့် ယခု ၁၇ ကြိမ်မြောက် အခမ်းအနားတွင် ၂၀၂၆ ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်ဆု” ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံအတွင်း ကိုယ်ကျိုးစွန့် အနစ်နာခံကာ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးနှင့် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ရွေးချယ်၍ နှစ်စဉ် ချီးမြှင့်ပေးနေခြင်း ဖြစ်သည်။