Home သတင်း ကေအဲန်ယူနေ့တွင် တပ်မဟာ(၇)နယ်မြေကို စစ်အုပ်စုက အသေခံ ဒရုန်းဖြင့်ပစ်ခတ်

ကေအဲန်ယူနေ့တွင် တပ်မဟာ(၇)နယ်မြေကို စစ်အုပ်စုက အသေခံ ဒရုန်းဖြင့်ပစ်ခတ်

441
Photo: (ပုံဟောင်း)

ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ယနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့)မှာ ကျရောက်သည့် (၇၉)နှစ်မြောက် အစည်းအရုံး နှစ်ပတ်လည်နေ့တွင် ၎င်းတို့ ထိန်းချုပ်ရာ တပ်မဟာ(၇)နယ်မြေမှာ စစ်အုပ်စုက ကာမီကာဇေ (အသေခံဒရုန်း)၂စင်းဖြင့် ဒီကနေ့မနက်မှာ ပစ်ခတ်ခဲ့သည်။

ဒီကနေ့ နံနက် (၇)နာရီ မိနစ် (၄၀) နှင့် (၈)နာရီဝန်းကျင်အချိန်ခန့်တွင် ဌာနချုပ်ကို ရည်ရွယ်တိုက်ခိုက်သည်ဟု ယူဆရသည့် ကာမီကာဇေ ဒရုန်းနှစ်စင်းသည် လူနှင့်အဆောက်အဦး မရှိသည့် တောတွင်းတစ်နေရာတွင် ကျ ရောက်ပေါက်ကွဲသွားပြီး အထိအခိုက်မရှိဘူးလို့ ကေအိုင်စီ၏ မြေပြင် သတင်းထောက်က အခုလို ပြောသည်။

“ပထမတစ်လုံးက သတိမထားလိုက်မိလို့ထင်တယ် သူလာတဲ့အချိန်ဘာအသံမှမကြားဘူး။ ပေါက်ကွဲပြီး မှသိတယ်။ ဒုတိယတစ်လုံးကတော့ လာတဲ့အသံရော ပေါက်တဲ့အသံရောပီပီပြင်ပြင်ပဲ။ အရင်တစ်ခါဖြစ်တဲ့ နေရာတွေပါပဲ။ ဘယ်သူမှအထိအခိုက်မရှိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အသေခံဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၄)ကြိမ်ထပ်မနည်း စစ်အုပ်စုကလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လပိုင်းကလည်း ပထမ ဆုံးအကြိမ် Y 12 လေယာဥ်ဖြင့် တပ်မဟာ(၇)နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသေးသည်။

အထူးသဖြင့် စစ်အုပ်စုက ကေအဲန်ယူ၏ နေ့ထူးနေ့မြတ် ရက်များတွင် လေကြောင်းတိုက်ခိုက်မှုကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် (၇၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာလည်း တိုက်ခိုက်ခဲ့သေးသည်။