Home သတင်း ထိုင်းဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် အစိုးရအဖွဲ့တွင် မစ္စပေတုံတန် ဝန်ကြီးချုပ်အဖြစ် ဆက်ဦးဆောင်မည်

ထိုင်းဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် အစိုးရအဖွဲ့တွင် မစ္စပေတုံတန် ဝန်ကြီးချုပ်အဖြစ် ဆက်ဦးဆောင်မည်

474

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းဘုရင်မင်းမြတ် အတည်ပြုထုတ်ပြန်လိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲ စာရင်း၌ လက်ရှိဝန်ကြီးချုပ် မစ္စပေတုံတန်က ဆက်ဦးဆောင်မည်ဖြစ်သည်ဟု ထိုင်းတော်ဝင်ဂေဇက်က ယနေ့နံနက်ပိုင်းတွင် သတင်းထုတ် ပြန်လိုက်သည်။

မစ္စပေတုံတန်ရှင်နာဝပ်သည် လက်ရှိ ရာထူးအပြင် ယဥ်ကျေးမှုဝန်ကြီးရာထူးကိုပါ ပူးတွဲကိုင်ဆောင်ရမည်ဟု တော်ဝင်ဂေဇက်က အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါ ထိုင်းအစိုးရ အပြောင်းအလဲ စာရင်းတွင် ပြည်ထဲရေးဝန်ကြီးရာထူးကို လက်ရှိ ကာကွယ်ရေးဝန်ကြီးက တာဝန်ယူသွားမည်ဖြစ်ပြီး ဒုတိယ ဝန်ကြီးချုပ်တပါးအဖြစ်လည်း ဆက်ရှိနေမည်ဟု သိရသည်။

မစ္စပေတုံတန်ရှင်နာဝပ်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည့် အခြေအနေကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ က ဘုရင် မဟာဝိဇယလောင်ကွန်း၏ ခန့်အပ်ချက်ဖြင့် ကိုးကားဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်၏ ကိစ္စရပ်များကို စီမံခန့်ခွဲ့ဖို့ ဝန်ကြီးအချို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ကတည်း က တာဝန်ပေးထားခဲ့သည်ဟု ဖော်ပြထားသည်။

ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်း၏ ပြန်တမ်းတွင် ထိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ချို့ ရာထူးမှနှုတ်ထွက် သည်ကို အတည်ပြုထားသည်။

ထိုင်းဘုရင့်နိုင်ငံ အခြေခံဥပဒေ၊ အခန်း ၁၅၅၈ အရ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးရာထူးများကို ဘုရင်က တော်ဝင်အမိန့် ထုတ်ပြန်ရပြီး လစ်လပ်သွားသော နေရာများတွင် ဝန်ကြီးအသစ်များကို ထပ်မံဖြည့်တင်းကာ အစိုးရအုပ်ချုပ်မှု၏ အကျိုးထိရောက်မှုကို တိုးမြှင့်အောင် ဆောင်ရွက်ဖို့ ဖြစ်သည်ဟု ပြဌာန်းထားသည်။

ထိုင်းဘုရင့်အသိုင်းအဝိုင်းက ထိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးနှင့် တွဲဖက်ရာထူး ၁၀ ခုကျော်ကို အပြောင်းအလဲ လုပ်ထားပြီး ယဥ်ကျေးမှုဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးရာထူးအပါအဝင် ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ အဆင့်မြင့် ပညာရေးဝန်ကြီးရာ၊ စိုက်ပျိုးရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီးရာထူးတို့ ဖြစ်ကြသည်။

ထိုင်း ဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးပြောင်းလဲမှုသည် ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်နေ့မှ စတင်၍ အကျုံးဝင်မည်ဖြစ်သည်။ ထိုင်းဘုရင် တော်ဝင်စစ်ဌာနချုပ်ကလည်း မစ္စပေတုံတန်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံထားသည်ဟု သိရသည်။

လာမည့် ဇူလိုင် ၃ ရက်တွင် အစိုးရအဖွဲ့ ဝန်ကြီးအသစ်များသည် အခမ်းအနားဖြင့် ကျမ်းသစ္စာကျိန်ဆိုရန် ရှိပြီး အစိုးရအဖွဲ့သစ်ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။