အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှု
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းပေါ်သို့ (စကစ) စစ်တပ်က ဗုံးကြဲချလိုက်လို့ ဆရာ/ဆရာမနဲ့ ကျောင်းသား/သူ စုစုပေါင်း ၂၂ဦး သေဆုံးသွားပါတယ်။
(စကစ)စစ်အုပ်စုရဲ့ ဘယ်လောက် အဆင်အခြင်ကင်းမဲ့ပြီး မိုက်မဲရက်စက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပါ သလဲ။ ဒီတိုက်ခိုက်မှုဟာ “၂၀၂၅ ခုနှစ်၊ မေလ ၆ရက်နေ့မှ ၃၁ရက်နေ့အထိ ကာလကို ယာယီ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေးကာလအဖြစ် ထပ်မံ တိုးမြှင့်ထုတ်ပြန်လိုက်သည်”လို့ ကြေညာပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အကြမ်း ဖက်မှု ဖြစ်ပါတယ်။
တကယ်တော့ (စကစ)စစ်အုပ်စုဟာ တစ်ဖက်မှာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ ကမ္ဘာသိ အောင် လိမ်ညာကြေညာထားပြီး အခြားတစ်ဖက်မှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာြဖစ်ပါ တယ်။ (စကစ)စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တွေ၊ EAO တပ်ဖွဲ့တွေ၊ အခြေစိုက်စခန်းတွေ၊ လှုပ်ရှားနယ်မြေ တွေမှာ ဗုံးကြဲတာကို စစ်ရဲ့သဘော၊ စစ်ရဲ့ လုပ်ရိုးလုပ်စဉ်သဘာဝမို့ ဘာမှ ပြောစရာမရှိပါဘူး။
သို့သော်လည်း စာသင်ကျောင်းလို၊ ဘုန်းကြီးကျောင်းလို၊ ရွာထဲရပ်ထဲလို သာမန်ပြည်သူတွေအပေါ်ကို မိုက်မိုက်ကမ်းကမ်း ကြဲချတာမျိုး ပစ်ခတ်တိုက်ခိုက်တာမျိုးကတော့ အင်မတန် လူမဆန်တဲ့လုပ်ရပ်၊ အင်မတန် သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီလိုလုပ်ရပ်ကို ယုတ်ယုတ်မာမာ ကျူးလွန်ပြီးတဲ့နောက် ဒီသတင်းဟာ “မဟုတ်မမှန်သတင်းဖြစ်ပါတယ် – တရားမဝင်ပြည်ဖျက်မီဒီယာတွေက ဖြန့်ဝေနေပါတယ်” ဆိုပြီး (စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာဆိုတာတွေထဲကနေ ဝါဒဖြန့်တဲ့လုပ်ရပ်ပါပဲ။
အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်က ပြည်သူများအပေါ် အကြမ်းဖက်မှုနဲ့ လိမ်ညာမှုကို ထမင်းစားရေသောက် သလို ပြုမူနေခဲ့တာဟာ ၁၉၆၂ ခုနှစ်ကနေ ယနေ့အထိ မရပ်မနားပါပဲ။
ဒီနေ့ကာလမှာ (စကစ) စစ်အုပ်စုရဲ့ လုပ်ရပ်တွေထဲက အမြင်သာဆုံးအချက်တစ်ခုက လေတပ်ကို အသုံးချပြီး ဗုံးကြဲတိုက်ခိုက်နေတာပါပဲ။ ဘယ်လောက်ထိ အဆင်အခြင်ကင်းမဲ့နေသလဲ ဆိုရင် သူတို့တပ်တွေအပေါ်ကို ပြန်ပြီးကြဲ ချမိတဲ့အထိ သွေးရူးသွေးတန်းပြုမူနေပါတယ်။ နောက်ထပ်အပြုအမူတစ်ခုကတော့ ၁၂၀ မမ သို့မဟုတ် ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုဖြစ်ပါတယ်။
အဲဒီလို လေတပ် (ဒရုန်းနဲ့ ပါရာမော်တာ အပါအဝင်) နဲ့ လက်နက်ကြီးတွေကို သွေးရူးသွေးတန်း သုံးနေရတာရဲ့ အဓိကကျတဲ့ နောက်ခံအကြောင်းရင်းကတော့ သူတို့ရဲ့မြေပြင်ခြေလျင်တပ်တွေရဲ့ တိုက်စိတ်ခိုက်စိတ်ပျက်ပြား ကျဆင်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (စကစ) စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ PDF အပါအဝင် အခြား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်စေ၊ အစဉ်အဆက်တည်ရှိနေတဲ့ လူမျိုးစုတိုင်းရင်းသားများ EAOs များရဲ့ တပ်ဖွဲ့တွေနဲ့ ဖြစ်စေ ဘယ်လိုရင်ဆိုင်တိုက်ပွဲမှာမဆို တိုက်တိုင်းရှုံးနိမ့်နေကြရပါတယ်။ အရာရှိတွေ အပါအဝင် အောက်ခြေက အကြပ်/တပ်သားတွေဟာ အလံဖြူထောင်ပြီး လက်နက်ချတာတွေနဲ့ ထွက်ပြေးအညံ့ခံတာတွေဟာ ကြာလေ ကြာလေ အရေအတွက် ပိုပိုများပြားလာတာကို တွေ့ရပါတယ်။ နယ်စပ်အနီးအနားက တချို့တပ်တွေဆိုရင် ထိုင်းဘက်၊ အိန္ဒိယ ဘက်၊ တရုတ်ပြည်ဘက်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို အသက်လုထွက်ပြေးကြတာတွေ ရှိပါတယ်။ ဒီအပြုအမူနဲ့ ဖော်ပြချက် ဟာ အရာရှိတွေ အပါအဝင် အဆင့်ဆင့်သော အောက်ခြေစစ်သည်တွေဟာ အမိန့်/စည်းကမ်း ဆိုတဲ့ စစ်ဗြူရိုကရေစီ ယန္တရားကြီးထဲမှာ မနေလိုကြတော့ဘူး ဆိုတဲ့ဖော်ပြချက်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးအရ ဂုဏ်သိက္ခာ၊ လစာရိက္ခာ၊ ဆေးဝါးကုသမှု၊ မိသားစုပညာရေး၊ ကျန်းမာရေး၊ တိုးတက်ကြီးပွားရေး တွေဟာ ဘယ်လို အာမခံချက်မှ မရှိတော့ဘူး။ သူတို့ရဲ့ အသက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ ထိပ်သီး စစ်ဗိုလ် ချုပ်ကြီးတစ်စုနဲ့ သူ့မိသားစုတွေရဲ့ ထာဝစဉ် အာဏာတည်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက်ပဲ အစတေးခံနေကြရ တယ်တာကို ပိုမိုလက်တွေ့ကျကျ သိမြင် သဘောပေါက်လာကြလို့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် တပ်သားသစ်စုဆောင်းဖို့ကလည်း ယခင်ကထက်ပိုပြီး ခက်ခဲလာပါတယ်။ လူငယ်တွေဟာ ဆင်းရဲ ကြပ်တည်းလာကြပေမယ့် တပ်ထဲမဝင်လိုဘဲ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ် ငွေရှာဖို့လမ်းကိုပဲ ရွေးချယ်ကြပါ တော့တယ်။ ဒီလိုအနေအထားမှာ အဓမ္မစစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး စစ်သင်တန်းတွေ လက်ပူတိုက်ပြီး ပေးနေတာ ကြောင့် အရေအတွက်အပိုင်းမှာတော့ ယာယီမှာ ဖောင်းပွလာနေပေမယ့် တကယ့်တိုက်စိတ်ခိုက်စိတ်နဲ့ စစ်အတတ် ပညာဟာ ချို့တဲ့မြဲ ချို့တဲ့နေပါတယ်။ ဒါ့ကြောင့် အခုနောက်ပိုင်းမှာ တပ်ရင်းတစ်ရင်းရဲ့ မူလ ဖွဲ့စည်းပုံ အင်အားပြည့်မီ တဲ့တပ်ရင်းရယ်လို့ မရှိသလောက်ပါပဲ။ တပ်ရင်းတွေများလာပေမယ့် တပ်သား အင်အားတိုးမလာပါဘူး။ ဒီတော့ ကြာ လေကြာလေ ဖောင်းပွနေတဲ့ စစ်တပ်ကြီး၊ တိုက်စိတ်ခိုက်စိတ်ပျက်ပြားနေတဲ့ လူအုပ်ကြီး၊ စစ်အခြေခံ အတတ်ပညာ ချို့တဲ့နေတဲ့ လူစုလူဝေးကြီး ဖြစ်လာနေပါတယ်။
ဒါကြောင့် မြေပြင် ခြေလျင်တပ်တွေကို ထင်သလို အားမကိုးနိုင်တော့ဘဲ လေတပ် (ဒရုန်းနဲ့ ပါရာမော်တာ အပါအဝင်) နဲ့ အမြောက်လက်နက်ကြီးတွေကို အရူးအမူး သုံးစွဲနေရတာပဲ ဖြစ်ပါတယ်။
ပြီးတော့ EAO တွေမှာ PDF တွေမှာ စစ်လေယာဉ် (ဒရုန်းနဲ့ ပါရာမော်တာ အပါအဝင်)တွေကို ယှဉ်ပြိုင်ပစ်ချ နိုင်တဲ့ လက်နက်အမျိုးအစား မရှိဘူး မဟုတ်ပါလား။ ဒီတော့ တစ်ဖက်မှာ ဒီအားနည်းချက်ကို (စကစ)စစ်အုပ်စုက ဖိနင်းကာ ရပ်ရွာလူထုမရှောင်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းမရှောင် ဗုံးကြဲတိုက်ခိုက်နေပြီး အခြားတစ်ဖက်မှာ တော့ တိုက်စိတ်ခိုက်စိတ် ပျက်ပြားနေတဲ့ သူတို့ခြေလျင်တပ်တွေကို ဒီနည်းနဲ့ ရဲဆေးတင်ပေးနေရတာ ဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်အုပ်စုရဲ့ အညှာဖြစ်တဲ့၊ အသားနုဖြစ်တဲ့ တိုက်စိတ်ခိုက် စိတ် ယိမ်းယိုင်ပျက်ပြားနေတဲ့၊ စစ်အခြေခံပညာချို့တဲ့နေတဲ့ ခြေလျင်တပ်ဖွဲ့တွေကို အဓိက ဦးတည်ချက်ထားပြီး ထိထိ မိမိ ချေမှုန်းတဲ့စစ်ဗျူဟာကို ကျင့်သုံးဖို့ မသင့်ပေဘူးလား။ မြို့ငယ်တွေ၊ မြို့လတ်တွေ၊ ကျေးရွာကြီးတွေကို ထိုးစစ်ဆင် သိမ်းပိုက်ရတာမှာ ကျည်အား လူအင်အား အင်မတန် သုံးစွဲရပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းဟာ အကန့်အသတ် ရှိပါတယ်။
ဒါ့အပြင် သိမ်းပိုက်ရရှိတဲ့ မြို့တွေ၊ နယ်တွေ၊ ရွာတွေကို တည်ငြိမ်အောင် ထိန်းချုပ်ဖို့အတွက်လည်း (တပ်အင် အား၊ လက်နက်အင်အား၊ အုပ်ချုပ်မှုယန္တရားက စလို့) အစစအရာရာမှာ အဆင်သင့်မဖြစ်သေးပါဘူး။ ပြီးတော့ မိမိ သိမ်းပိုက်ရရှိထားတဲ့ မြို့ရွာဒေသတွေကို စစ်အုပ်စုက အချိန်မရွေး ဗုံးကြဲလာကြဲတဲ့အခါ၊ လက်နက်ကြီးနဲ့ ပစ်တဲ့အခါ ပြန်လှန်ပစ်ခတ်ဖို့ လက်နက်နဲ့ ကျည်မရှိတဲ့အတွက် ငုံ့ခံနေရမယ့် အနေအထားမျိုးလည်း ဖြစ်နေပါတယ်။
ဒါကြောင့် သူတို့တပ်ထဲကို ကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်သက်ရောက်စေမယ့် သက်ရှိ ချေမှုန်း ရေးတိုက်ပွဲတွေကို မိမိတို့ရင်ဆိုင်နေရတဲ့ တော်လှန်ရေးစစ်မျက်နှာအလိုက် စီမံချက်ချပြီး ဆင်နွှဲကြဖို့ လိုအပ်ပါလိမ့် မယ်။ ဒီလိုမှမဟုတ်ဘဲ ရန်သူရဲ့လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာကို ပြန်လှန်ပစ်ခတ်နိုင်တဲ့ လက်နက်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုလူ့အပြစ်တင် ဟိုအဖွဲ့လက်ညှိုးထိုးနေကြတာမျိုးကတော့ အကြောင်းအကျိုးရှိတဲ့ ဖြေရှင်းနည်း လုံးဝ မဟုတ်ပါဘူး။
ခုခံစစ်ဆင်နွှဲနေတဲ့ ကျနော်တို့တော်လှန်ရေးဘက်က တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်မထိ ခိုက်ရေးကို ပထမဦးစားပေးထားပြီး ပြည်သူတွေရဲ့ လုံခြုံဘေးကင်းမှုကို အကောင်းဆုံးနည်းလမ်းနဲ့ စီမံဆောင်ရွက်ပေး ကြဖို့ လိုအပ်ပါတယ်။
ပြည်သူတွေရဲ့နေအိမ်တွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အ အုံတွေမှာ မည်သည့်ဘက်ကမှ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရအောင် ထင်ရှားသိသာတဲ့ အမှတ်အသားတွေကို တိုင်းသိ ပြည်သိ ကမ္ဘာသိ ဖော်ပြတာမျိုး ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီလို အမှတ်အသားနဲ့တွေကို ခုတုံးလုပ်ပြီး ချောင်းမြောင်းပစ် ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ဖို့လည်း ၂ဖက်လုံးက တိတိကျကျ လိုက်နာကြဖို့လိုပါတယ်။ သွေးဆာပြီး အကျပ်အ တည်းဆိုက်နေတဲ့ (စကစ)စစ်အုပ်စုကတော့ ဒါတွေကို လိုက်နာချင်မှ လိုက်နာမှာပါ။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ တွေကတော့ တိတိကျကျ လိုက်နာကြဖို့ လိုပါတယ်။
(စကစ)စစ်အုပ်စု တည်ရှိနေသမျှတော့ “အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းက ဆရာ/ဆရာမနဲ့ ကျောင်း သား/ကျောင်းသူတွေ ကြုံကြရတဲ့ ရက်စက်ယုတ်မာတဲ့ ကံကြမ္မာမျိုးဟာ ရှေ့ခရီးလမ်းမှာ ကြုံရနိုင်တွေ့ရနိုင်ပါသေး တယ်။ ဒီပဲယင်းနယ်ဟာ ကွယ်လွန်သူ ဒီချုပ်နာယကကြီး ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြမ်းဖက်သတ် ဖြတ်ဖို့ ဗိုလ်သန်းရွှေ (နအဖ)စစ်အုပ်စုက ရွေးချယ်ဖန်တီးခဲ့တဲ့ သတ်ကွင်းပဲ မဟုတ်ပါလား။
အခုလည်း ဒီပဲယင်းနယ်ထဲက အိုးထိမ်းကွင်းကျေးရွာမှာ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက ထပ်မံ ကျူးလွန်ခဲ့ပြန်ပါပြီ။
ပြည်သူတွေနဲ့ ပြည်သူ့ခေါင်းဆောင်တွေကို အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ဖို့ဆိုတာဟာ (စကစ)စစ်အုပ်စု ရဲ့ မပြောင်းလဲတဲ့ ဦးတည်ချက်ဖြစ်ပါတယ်။