ဇူလိုင်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အသစ်ဖွဲ့စည်းထားသည့် မြဝတီမြို့နယ်ထဲတွင် ယနေ့ပြုလုပ်သော ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပွဲမှာ မျှော်မှန်းထားသည်ထက် လူထုပူးပေါင်းပါဝင်မှု များပြားခဲ့ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
နှစ်စဉ် ဇူလိုင်လအတွင်း ကျရောက်သည့် ကော်သူးလေစုပေါင်း သစ်ပင်စိုက်လကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ...