Home သတင်း တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီ အင်အားထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများ ဆက်တိုက်ပစ်နေ

တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီ အင်အားထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများ ဆက်တိုက်ပစ်နေ

282
Photo: CJ

ဇန်နဝါရီလ ၂၈ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်းများအကြား တိုက်ပွဲများပြင်းထန် နေပြီး ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက် စစ်ကား (၁၀)စီးကျော်ဖြင့် အင်အားများ ဖြည့် တင်းလာပြီး လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် အိန္ဒုကျေးရွာမှကော့ကရိတ်မြို့သို့ လူအင်အားအပြည့်နှင့် စစ်ကောင်စီ စစ်ကား (၁၀)စီးကျော်သည် စစ်ကူပို့ဆောင်နေကြောင်း မျက်မြင်‌တွေ့ရှိသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “စစ်တပ်စီးတဲ့ကား စစ်ကား(၁၀)စီးကျော်လောက် အပေါ်ဘက်တက်သွားတယ်။ အိန္ဒု‌ကျော်သွားပြီး ကား တစ်စီး တစ်စီးမှာ လူအပြည့်ပဲ”ဟု ကေအိုင်စီ သို့ ပြောသည်။

ယင်းစစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မည်သို့ရောက်ရှိနေသည်ကို မသိရှိရသေး ကြောင်း နှင့် ကော့ကရိတ်မြို့မရောက်ခင် အသံများကြားရမည်ဖြစ်ကြောင်း ကော့ကရိတ် ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကယခုလိုပြောသည်။

၎င်းက”စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တော့ ဘယ်ရောက်နေလဲတော့ မသိရသေးဘူး။ အပေါ်ကို မရောက် လာသေးဘူးဖြစ်မယ်။ ရောက်လာရင်တော့ အသံကြားရမှာပေါ့”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိတွင် ကျုံဒိုးမြို ဂျိုင်းတံတား လမ်း ပိုင်းပေါ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၅၄၅) တပ်ဝင်းသို့ ဝင်ရောက်သွားကြောင်း မျက်မြင်တွေ့ရှိသည့် ကျုံဒိုးမြို့ ဒေသခံများက ပြောသည်။

ဆက်လက်၍ ကော့ကရိတ်မြို့ အခြေစိုက်စစ်ကောင်စီတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၂၃၀)၊(ခမရ-၂၃၁)၊ (ခမရ-၉၇) နှင့် အမြောက်တပ်တိုမှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ် နေကြောင်းကော့ကရိတ်မြို့ ဒေသခံများကပြောသည်။