Home သတင်း တောင်ကြာအင်း ရဲစခန်းနှင့် တပ်စခန်း တိုက်ခိုက်သိမ်းတိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကြောင်း KNLA ထုတ်ပြန်

တောင်ကြာအင်း ရဲစခန်းနှင့် တပ်စခန်း တိုက်ခိုက်သိမ်းတိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကြောင်း KNLA ထုတ်ပြန်

863
Photo: KKNLA GHQ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကြာအင်း ဆိပ်ကြီးမြို့နယ် အတွင်း ရှိ စစ်ကောင်စီတပ်၏ လာ့တကော( တောင်ကြာအင်း) ရဲစခန်းနှင့် တပ်စခန်းအား ဒီဇင်ဘာလ ၂၈ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိပြီး လက်နက် ၂၅ လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ကရင် အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) ဦးစီးသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၈ရက်နေ့ နံနက်အစောပိုင်းအချိန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး စခန်းအား သိမ်းပိုက်ရရှိခဲ့ဖြစ်သည်ဟု KNLA က ထုတ်ပြန်ထားသည်။