Home သတင်း ဖားအံမြို့ရှောင်လမ်းသစ်တွင် ယာဉ်တိမ်းမှောက်မှု များလာ

ဖားအံမြို့ရှောင်လမ်းသစ်တွင် ယာဉ်တိမ်းမှောက်မှု များလာ

628

ဖေဖော်ဝါရီလ ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် မကြာသေးခင်က ဖွင့်လှစ်လိုက်သည့် မြို့ရှောင်လမ်း မကြီးသစ်တွင် ယခုတလော ယာဉ်တိမ်းမှောက်မှု များပြားလာသည်ဟု အနီးအနားရှိ မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုခြင်း အနေဖြင့် ဖားအံမြို့ရှောင်လမ်းနှင့် ဖားအံမြို့အဝင် ရတနာဆင်ဖြူတော် ၄ စီး နှင့် ရွှေဖား စည်အဝိုင်းဖွင့်လှစ်ပွဲကို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌစောမြင့်ဦးက တက်ရောက်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

“လမ်းက ၄ ဂွဆိုတော့ ဘယ်ဘက်ခြမ်းက ဘာလာလဲဆိုတာမမြင်ရဘူး။ ကားသမားတွေက ဇွတ်မောင်းနေကြတယ်။ မြို့အဝိုင်းကနေ ကမော့ကစင် ရွာအထိ ဖောက်ထားတဲ့လမ်းပေါ့။ ၁၃ ရက်နေ့ကတစ်စီးမှောက်တယ်။ ၁၆ ရက်နေ့မှာလည်း တစ်စီးမှောက်တယ်။ မှောက်တာ အားလုံးပေါင်း ၄ စီးလောက်ရှိနေပြီး။ လမ်းက ခဲကြမ်းတွေခင်းထားတော့ မှောက်တာပေါ့။”ဟု ပြောသည်။

ထို့အပြင် အမြို့မြို့အနယ်နယ်မှ ဝင်လာသည့် ကုန်ကားများနှင့် Express ကားများကိုလည်း နောက်ပိုင်းတွင် ဖားအံမြို့အတွင်းမှ မမောင်းခိုင်းတော့ဘဲ အဝိုင်းပတ်သည့်နေရာမှ မြို့ပြင်နေရာများသို့ သွားလာခွင့်ပြုတော့မည်ဟု မြို့ခံများက ပြောသည်။