Home သတင်း စစ်ကောင်စီတပ်ရင်းအား တပတ်အတွင်း (၃) ကြိမ်အထိ တိုက်ခိုက်ခဲ့ဟု ရေးမြို့နယ် ကာကွယ်ရေး အထူးအဖွဲ့ပြော

စစ်ကောင်စီတပ်ရင်းအား တပတ်အတွင်း (၃) ကြိမ်အထိ တိုက်ခိုက်ခဲ့ဟု ရေးမြို့နယ် ကာကွယ်ရေး အထူးအဖွဲ့ပြော

720
Photo: YSTF

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့၊ ကျောင်းရွာ၊ စံပြကျေးရွာတို့နှင့် ကပ်လျက်တွင်တည်ရှိသော စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၉၁)ကို ယခုဖေဖော်ဝါရီလ ပထမအပတ်အတွင်း (၃) ကြိမ်အထိ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့(YSTF)က ပြောသည်။

စစ်ကောင်စီတပ်တပ်ရင်း ခမရ(၅၉၁)အား ပထမအကြိမ်တိုက်ခိုက်မှုတွင် လက်နက်ငယ်များနှင့် လက်နက်အရှည်များအား အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးခဲ့ကြောင်း၊ ဒုတိယ အကြိမ်တိုက်ခိုက်မှုအနေဖြင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ရှော့တိုက်ဒုံးများအသုံးပြု၍ တပ်ရင်းဝင်း အတွင်းသို့ ပစ်ခတ်ခဲ့ရာ တပ်ဝင်းအတွင်းရှိ မွေးမြူရေးခြံများ မီးလောင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှုရှိမရှိ မသိရှိရသေးကြောင်း YSTF ၏ အထွေထွေတာဝန်ခံ စောသာ စေးက ယခုလိုပြောသည်။

“ကျနော်တို့ဘက်ကလူတွေကတော့ အန္တရာယ်ကင်းပါတယ်၊ မီတာ(၄၀၀)နဲ့(၃၀၀)ကြားပေါ့ အကွာအဝေးကနေပြီးတော့ သေချာစနစ်တကျ ချိန်ရွယ်ပြီးတော့ပစ်ခဲ့တယ်၊ မနေ့က မွန်အ မျိုးသား နေ့၊ နေ့လည်တစ်နာရီခွဲက တစ်ကြိမ်ဆိုရင် ခမရ(၅၉၁)တပ်ရင်းကိုတိုက်တာ (၃)ကြိမ်ရှိပြီ။ သူတို့ဘက်ကတော့ ကျနော်တို့တစ်ခါသွားတိုက်ရင် အနည်းဆုံး လက်နက်ကြီး (၁၀)လုံးလောက်ထိ ပုံမှန်ပြန်ပစ်တယ်။ သူတို့ဘက်ကထိခိုက်မှုကိုမသိရသေးပါဘူး၊ တပ်တွင်းသတင်းတွေက လျှို့ဝှက်တယ်လေ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါတပ်ရင်းအား ပစ်မှတ်ထား၍ (၃)ကြိမ်တိုင် တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီတပ်များက ကျောင်းကျေးရွာနှင့်နီးစပ်ရာကျေးရွာများသို့ ဆက်သွယ်ထားသော မြစ်ကူးတံတားအား PDF များ ဝင်ထွက်သွားလာနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်ဆီးရန်လုပ်ဆောင်နေခြင်း၊ ဒေသခံ လူငယ်များအား သေနတ်ဖြင့်ချိန်ရွယ်ခြင်းများကြောင့် ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ရခြင်းဖြစ်ကြောင်း စောသာစေးက ဆက်ပြောသည်။

၎င်းက “အဲဒီအတွက် ကျနော်တို့ အချိန်မရွေးဝင်ထွက်သွားလာလို့ရနေပါတယ် ဆိုတဲ့ အကြောင်းလည်းပြချင်တာကြောင့် အချိန်အခါမရွေးဝင်တိုက်ပြတာပါ။ သူတို့က လူထုကို အမျိုးမျိုးခက်ခဲအောင်လုပ်နေတော့ကျနော်တို့က အဲဒီတံတားကိုအသုံးမပြုဘဲနဲ့လည်း၊ အခြားအခြား သောလမ်းတွေကနေ သူတို့ကို တိုက်ခိုက်လို့ရတယ်ဆိုတဲ့သဘောနဲ့ ပစ်မှတ်ထားပြီးတော့ တိုက်ပြ တာပါ။” ဟု ပြောသည်။

ထို့အပြင် ရေးမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာ ချက်ထား သည့်အတွက် တပ်လှန့်သည့်အနေဖြင့်သာမက၊ မွန်အမျိုးသားများအား စစ်မှန်သည့် မွန်အမျိုး သားနေ့ ပြုလုပ်နိုင်ရန်အတွက် ထိုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်သည်ဟု YSTFဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း YSTF အဖွဲ့မှ ရေးမြို့နယ် ကျောင်းရွာရဲစခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့စဥ် ရဲတပ်ဖွဲ့ဝင်(၂) ဦးသေဆုံးခဲ့ကြောင်းလည်း အဖွဲ့၏ အထွေထွေတာဝန်ခံက ပြောသည်။