Home တွေ့ဆုံမေးမြန်းခန်း KNU ထံ ခိုလှုံလာသည့် တပ်သား ရဲဘော်စိုးအောင်နှင့် တွေ့ဆုံမေးမြန်းချက်

KNU ထံ ခိုလှုံလာသည့် တပ်သား ရဲဘော်စိုးအောင်နှင့် တွေ့ဆုံမေးမြန်းချက်

868

KNU ထံ ခိုလှုံလာသည့် တပ်သား ရဲဘော်စိုးအောင်နှင့် တွေ့ဆုံမေးမြန်းချက်

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီးဖလူး-ဝေါလေလမ်းပိုင်း ကျော်ဝါးဘိုးဂိတ်ဟောင်း ဘုရားကုန်းနေရာတွင် တပ်စွဲထားသည့် တပ်မ ၄၄ လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ မကြာသေးခင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်သားရဲဘော် စိုးအောင်အား ထိုးစစ်ဆင်၊ နယ်မြေရှင်း လင်းရေးတိုက်ပွဲဖြစ် စဉ်အတွင်းကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ KNU ဘက်ကို ခိုလှုံလာတဲ့ ရဲဘော်စိုးအောင်အနေနဲ့ စစ်ကောင်စီတပ်တွင်းစစ်ရေး နယ်မြေတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာတွေကို ပြောပြပေးပါ။
ဖြေ။ ။ ကျောင်းဆင်းတော့ ရခိုင်ကိုတန်းရောက်သွားတယ်။ အာဏာစသိမ်းတော့အဲ့မှာ ကျနော်က ရခိုင်ရောက်သွားတာ။ ရခိုင်စရောက်သွားတယ်။ ရခိုင်စရောက်တော့အဲ့မှာကျနော်အတွေ့အကြုံကတော့ တိုက်ပွဲ တစ်ပွဲနှစ်ပွဲဖြစ်သေးတယ်။ ဖြစ်ပြီးတော့ ကျနော်တို့ စခန်းထိုင်တယ်။ စခန်းထိုင်တော့ အဲ့မှာ(၂)နှစ်ကျော်တာပေါ့။ (၂)နှစ်ခွဲပေါ့။ (၂)နှစ်ခွဲပြန်လာတော့ မကွေးမှာ တစ်လသုံးရက်အဲ့မှာ တိုက်ပွဲစဖြစ်တယ်အဲ့မှာ။ (၁)လနဲ့(၃) ရက်နေ့လိုက်ရသေးတယ်။ အစာငတ်တယ် မားမားတစ်ထုပ်ကို နှစ်ယောက်စားရတယ်။ ထမင်းရိက္ခာကိုအပြည့်မချပေးဘူး။ အဲ့လိုမျိုးလေယာဉ်တွေနဲ့ဘာတွေနဲ့သူတို့ချကြတယ်။ ပစ်ကြတယ်။ အစာငတ်ရေငတ်နေရတယ်။ အဲ့လိုမျိုးတိုက်ပွဲတွေတက်ရတယ်။ မတက်ချင်လည်း တက်ရတယ်။ အဲ့လိုမျိုးအတင်းထိုးခိုင်းတယ်။ လေးကေ့ကော်ကနေလာတယ်။ လာပြီးတော့ ဘယ်လိုဒီဘက်ကို ရောက်လာတယ်။ ဖြစ်နေကြတယ် အဲ့မို့ဒီဘက်ရောက် လာတာပေါ့။ ဒီဘက်လိုမျိုးအဲ့လိုမျိုးအပြင်းအထန် တိုက်ပွဲကြီးတွေတော့ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ်။

မေး။ ။ ဖလူး-ဝေါလေ လမ်းပိုင်းကို တိုက်ခိုက်နေတဲ့ စစ်ကြောင်းအတွင်းမှာ ဖိနှိပ်အမိန့်ပေးစစ်တိုက် ခိုင်းနေတဲ့ဗျူဟာမှူးကို တပ်ရင်း ၁၀၂ က အဖွဲ့တွေ ဆန့်ကျင်ဆန္ဒပြကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပါအုံး။
ဖြေ။ ။ ဆန္ဒတွေပြကြတယ်။ သူတို့တပ်ရင်းမှူးကို ကျနော်ကြားသိရတာပေါ့။ အဲ့လိုထောင်ချမယ်။ ဘာဖြစ် တယ်ဆိုတော့ သူတို့အဲ့လိုမျိုး အကုန်လုံးလက်နက်တွေဘာတွေ လွှင့်ပစ်ရတယ်။ ကျည်ကာအင်္ကျီ တွေရောလွှင့်ပြီးတော့ ဆန္ဒပြကြတယ်။ အဲ့ဒါနောက်က ဗျူဟာမှူးကလည်း လိုက်ခေါ်တယ်။ အသေးစိတ်တော့မသိဘူး။

မေး။ ။ အခု စစ်အာဏာသိမ်း ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူ ပြည်သူတွေရဲ့ တော်လှန်ခုခံစစ်အခြေအနေအပေါ် ဘယ်လိုရှုမြင်သုံးသပ်မိပါသလဲ။
ဖြေ။ ။ ပြည်သူတွေကိုနိုင်စေချင်တယ်။ ပြည်သူတွေကို နိုင်တာလည်း ကိုယ်တိုင်က ပူးပေါင်းပြီးတော့ တိုက်ချင်တယ်။ မဟားတရားလုပ်ထားတာတွေ အဲ့ဒါတွေကိုမကျေနပ်လို့။ အဲ့လိုမျိုးပြည်သူတွေကို သတ်တယ်။ ပြီးတော့ ရွာတွေမီးရှို့တယ်။ ကျောင်းတွေမီးရှို့တယ်။ ပစ်တယ် ရွာတွေမီး လောင်တယ်။ စိတ်ထဲလည်း မကောင်းဘူး။ သူတို့ကို အဲ့လိုမျိုးပြန်ပြီးတော့ လုပ်ချင်တယ်အဲ့လိုမျိုး။ ပြည်သူနဲ့ပူးပေါင်းပြီးတော့ ဆက်ပြီးတော့ တိုက်ချင်တယ်။

မေး။ ။ စစ်တပ်အတွင်းမှာ CDM လုပ်တာ၊ ထွက်ပြေးတာတွေလုပ်ရင် ဘယ်လိုလုပ်ဆောင် အရေးယူမလဲဆိုတာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုကြုံတွေ့ရပါသလဲ။
ဖြေ။ ။ ကျနော်တို့အဲ့လိုမျိုး ခြိမ်းခြောက်မှုရှိတယ်။ ဟိုဟာမကြာသေးဘူး (၃)ရက်ပဲ ရှိသေးတယ်။ မင်းတို့ပြေးပြေးရင် မင်းတို့တပ်ရင်းဆီပြန်ရောက်လည်း မင်းတို့ စံပြအနေနဲ့မင်းတို့ကိုဆွဲကြိုးချမယ်လို့အဲ့လိုမျိုး၊ တပ်ရင်းပြောင်းပြီး ဘေးထိုင်ရောက်သွားရင် သူတို့လက်ထဲမှာ မင်းတို့ကိုသတ်မယ်တို့ အဲ့လိုမျိုးသတ်ပေးမယ်လို့အဲ့လို ပြောတယ်။ ခြိမ်းခြောက်မှုရှိတယ်။ လက်တွေ့ဒီမှာက နွေးနွေးထွေးထွေးကြိုဆိုတယ်။ နေဖို့ပေးတယ်။ ကိုယ့်ကိုစောင့်ရှောက်တယ်။ ကူညီတယ်။ စိတ်ထဲဒီထက်မက ပျော်ရတာပေါ့။ အဲ့လိုမျိုးကူညီကျနော့်ကို စောင့်ရှောက်တဲ့ကူညီတဲ့သူတွေကို အကုန်လုံးအများကြီး ပြည်သူတွေနဲ့အကုန်လုံး ကျေးဇူအများကြီးတင်တယ်။

မေး။ ။ စစ်တပ်စစ်ကြောင်းက ရဲဘော်တွေ တိုက်ပွဲဖြစ်စဉ်တွေထဲမှာ တွေ့ကြုံခံစားနေကြရတဲ့ အထက် အရာရှိတွေရဲ့ ဖိနှိပ်မှုတွေ၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြောပြပါအုံး။
ဖြေ။ ။ တပ်ရင်းတွေ အခုကျနော်သိတာပြောမယ်၊ ဒီစခန်းကုန်းတစ်ကုန်းရသွားပြီး တစ်ကုန်းရသွားပြီးဆိုတော့ သူတို့ဟိုဘက်ကို ကျနော်တို့ကို ဆက်တက်ခိုင်းတယ်။ ကျနော်တို့လည်း မတက်ဖူး။ တိုက်လည်းမတိုက်ဘူး ကျနော်လည်းလုပ်ဖို့၊ ကျနော်လည်းပြေးဖို့ ဟိုနေ့ကတည်းက သူ့ကိုပြောတယ် ၊ တိုက်လည်းမတိုက်ဘူး၊ တိုက်လည်းမတိုက်တော့ဘူး၊ ကျနော်တို့ကို တက်ခိုင်းတယ်။ အဲ့နေ့ တင်နှစ်ခေါက်လောက်ကျတယ် အဲ့မှာ။ ကျောပိုးအိတ်တွေခြင်းတွေပြန်ယူရတာ အောက်ကိုဆင်းပြီးတော့။ အဲ့ကုန်းကိုတက်ခိုင်းတာ။ အများကြီး ရှိသေးတယ် ပြေးမယ့်သူတွေသူတို့မလွတ်မှာကြောက်တာ အဲ့လိုမျိုး ကျနော်စိတ်အဲ့လိုမျိုး သူတို့ကအဲ့လို တွေခြိမ်းခြောက်ထားတော့။ သူတို့ကအတွေးတွေဝင်သွားပြီးလေ သူတို့ကိုပြောထားတော့။

ဘာလို့မတိုက်ချင်တော့လည်းဆိုတော့ကျနော်အရှေ့မှာဗျာအဲ့လိုမျိုးသေတာ တွေတွေ့တယ်၊ ဒဏ်ရာရတာတွေ အသည်းအသန်တွေအပြင်းအထန်တွေ စိတ်ကုန်သွားတယ်ဗျာ၊ လုပ်လည်းမလုပ်ချင်တော့ဘူး။ သူတို့တက် သိမ်းဆိုလည်း ကျနော်စိတ်ကုန်သွားပြီး ဆက်လည်းမလုပ်ချင်တော့ဘူး။ ကိုယ်နဲ့သူနဲ့ရန်သူမဟုတ်ဘူးလေ တိုက်လည်းမတိုက်ချင်တော့ဘူး၊ အဲ့လိုမျိုး ကိုယ်လည်းမသေချင်တော့ဘူး ကိုယ်လည်းအသေမခံနိုင်ဘူး။ သေမှသေအကျိုးရှိရှိသေမှာ။ အလောင်းတွေလည်းမကောက်နိုင်ဘူး အမိန့်စာလည်းမပြန်နိုင်ဘူး၊ အဲ့လိုမျိုး ဆေးရုံပို့ဖို့ တစ်ကောင်တလှည့်အဲ့လိုပို့ရတာ။

မေး ။ ။ စစ်ကောင်စီ စစ်ကြောင်းက စစ်သည်တွေအနေနဲ့ KNLA ပူးပေါင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေတဲ့ဒရုန်းကို ဘယ်လောက်အထိ စိုးရိမ်ကြောက်လန့်မှုရှိနေကြပါသလဲ။
ဖြေ။ ။ အဲ့လိုမျိုးတော်တော်ကြောက်ကြတယ် အချိန်ပြည့် အဲ့လိုမျိုးချကြတယ်ပေါ့ Drone က၊ အကာအကွယ်ရှိတဲ့နေရာတွေမှာ အပင်အောက်တွေမှာနေကြတယ်။ ပုန်းကြတယ်။ ကျောက်တောင်တွေမှာ ပုန်းတယ်။ အဲ့လိုမျိုး Droneတွေ ဆွဲချရင်တစ်စင်းပြီးတစ်စင်းဆွဲချတယ်။ အခုနောက်ပိုင်း Drone ကတော့ ဆွဲချလို့မရတော့ဘူး အခု Drone က ဘယ်လိုလည်းမသိ ဆွဲချလို့မရတော့ဘူး၊ ဆွဲချမရတော့ သူတို့လည်းအဲ့မှာကြောက်လန့်နေကြတာပေါ့။