Home သတင်း KNPF ကို လူထုယုံကြည်အားထားရသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့အဖြစ် ကြိုးစားအားထုတ်သွားရန် KNU တိုက်တွန်း

KNPF ကို လူထုယုံကြည်အားထားရသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့အဖြစ် ကြိုးစားအားထုတ်သွားရန် KNU တိုက်တွန်း

1158
Photo: KNU

စက်တင်ဘာ ၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားရဲတပ်ဖွဲ့ (Karen National Police Force – KNPF) ကို ပြည်သူလူထု ယုံကြည်အားထားရသည့် ရဲတပ်ဖွဲ့ ဖြစ်ရန်အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်သွားရန် စက်တင်ဘာလ (၉) ရက်၊ ယနေ့ ကျရောက်သည့် ၃၁နှစ် မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံးက သဝဏ်လွှာပေးပို့ကာ တိုက်တွန်းလိုက်သည်။

KNPF ကို ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်အမျိုးသား များ၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန်အတွက် ပြည်သူလူထုနှင့် နီးကပ်စွာ လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်ရသောကြောင့် လူထု၏ ယုံကြည်မှု၊ အားထားမှုမှာ အဓိကကျသည်ဟု ကေအဲန်ယူ၏ သဝဏ်လွှာတွင် ဖော် ပြထားသည်။

ထို့အပြင် ဒေသလုံခြုံရေးနှင့် ပြည်သူလူထု၏ ဘဝလုံခြုံရေးအာမခံချက်အတွက် လူငယ်လူရွယ်များ၏ ယုံကြည်အား ထားမှု၊ ပူးပေါင်းပါဝင်မှုများလည်း အရေးပါသည့်အတွက် လူငယ်လူရွယ် ပူးပေါင်းပါဝင်မှုများကိုမြှင့်တင်၍ မိမိတို့၏ ရဲတပ်ဖွဲ့ဝင်များ၏ အသိပညာ၊ အတတ်ပညာနှင့် စွမ်းဆောင်ရည်များကိုလည်း ထာဝစဉ်မြှင့်တင်ရမည်ဟု သဝဏ်လွှာ ပါအချက်ထဲတွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)မှာ ယခင်ထက် အင်အားများလာသလို ကရင်အမျိုးသမီး ရဲတပ်ဖွဲ့ ဝင်လည်း ပါဝင်မှုများလာသည်ကို တွေ့ရှိရကာ ကရင်ရဲတပ်ဖွဲ့၌ ဆုံးဖြတ်ချက်ချသည့်ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်းအထိ ပါဝင်သွားရန် တိုက်တွန်းစေချင်ကြောင်းလည်း KNPF နေ့အတွက် ပေးပို့သည့် ကရင်အမျိုးသမီး အစည်းအရုံး-KWO ၏ သဝဏ်လွှာထဲတွင် တိုက်တွန်းထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအတွင်းရှိ ကုန်စျေးနှုန်း ကြီးမားလာသည့်အတွက် ဒေသခံပြည်သူများ အခက်အခဲ ကြုံတွေ့လာရသည့်အပြင် ဒေသအတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုများသာမကဘဲ လောင်းက စားအမျိုးမျိုးကို ကျေးရွာတာဝန်ရှိသူများက ထိန်းချုပ်မနိုင်သည့် အခြေအနေတွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင်များအ နေဖြင့် တာဝန်ကျေစွာ ကြိုးစားဆောင်ရွက်ပေးစေချင်ကြောင်းလည်း KWO က ဆက်လက် တိုက်တွန်းခဲ့သည်။

စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)နေ့ အထိမ်းအမှတ် အခမ်းအနားကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ အချို့နေရာများတွင် အကျဉ်းချုံးကျင်းပသည့်အပြင် ဒူးပလာယာခရိုင်ထဲတွင်မူ KNPF က ၎င်းတို့သိမ်းဆည်းရမိသည့် မူးယစ်ဆေးပြားများနှင့် ဘိန်းစာရွက်များကိုလည်း ယနေ့တွင် မီးရှို့ဖျက်ဆီးသည့် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၀) ကြိမ်မြောက် ကွန်ကရက်၏ ဆုံးဖြတ်ချက်အရ ကရင်အမျိုးသားရဲ တပ်ဖွဲ့ (KNPF)ကို ၁၉၉၁ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ကေအဲန်ယူ ဗဟိုမှ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန် တွင် ကေအဲန်ယူ ဗဟို ပြည်ထဲရေးနှင့် သာသနာရေးဌာနလက်အောက်ခံတွင် တည်ရှိနေခြင်းဖြစ်သည်။