Home သတင်း မြို့တွင်းပစ်ခတ်မှုအပြီး ကော့ကရိတ်တွင် သွားလာသူ၊ စျေးဝယ်သူ လျော့နည်းသွား

မြို့တွင်းပစ်ခတ်မှုအပြီး ကော့ကရိတ်တွင် သွားလာသူ၊ စျေးဝယ်သူ လျော့နည်းသွား

637

ဩဂုတ်လ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်တွင် ယမန်နေ့ ဩဂုတ်လ ၁၅ရက်နေ့က မြို့တွင်း ဝင်ရောက်စီးနင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တွင် မြို့နှင့် အနီးတဝိုက် ကျေးရွာမှ ပြည်သူများမှာ သွားလာမှု မရှိသလောက် နည်းပါးနေကြောင်း မြို့ခံများထံမှ သိရ သည်။

မြို့ခံ အသုပ်ရောင်းသူ အမျိုးသမီးတစ်ဦးက “မနေ့က ပစ်ခတ်မှုပြီးတော့ လမ်းမပေါ် သွားလာတဲ့လူ မရှိတော့ဘူး။ အသုပ်မရောင်းရလို့ အစောကြီး ပိတ်လိုက်ရတယ်။ ဒီနေ့လည်း တစ်‌ဦးတစ်လေပဲ သွားလာတာတွေ့တယ်။”ဟု ပြောသည်။

ပစ်ခတ်မှုမဖြစ်ပွားခင် ယခင်ရက်များက ကော့ကရိတ်စျေးအတွင်းရှိ ဝက်သားရောင်းချနေသည့် ဆိုင်များတွင် စျေး ဝယ်သူများမှာ တန်းစီနေရသည်အထိ ရှိခဲ့ရာက ယနေ့တွင် အဆိုပါဝက်သားဆိုင်တန်းများမှာ ဝယ်သူမရှိဘဲဖြစ်နေ ကြောင်း သိရသည်။

“ဒီနေ့တော့ ကော့ကရိတ်ဈေးထဲမှာ လူတွေမရှိသလောက်ဘဲ။ အရင်နေ့တွေဆို ဝက်သားရောင်းတဲ့ဆိုင်ဆို လူတန်း စီပြီး စောင့်နေရတယ်။ ဒီနေ့ လူတွေမရှိတော့ ဝက်သားရောင်းသူတွေ၊ အမဲသားရောင်းသူ‌တွေ၊ ဆိတ်သားရောင်းသူ တွေ ထိုင်ပြီးကြည့်နေတယ်။”ဟု ဈေးဝယ်သူတစ်ဦးက ပြောသည်။

ယင်းသို့မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများကို ကော့က ရိတ်မြို့အဝင်၊ လှိုင်ဝအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် အရပ် သားများ ထိခိုက်မှုရှိခဲ့ပြီး သွားလာသူပြည်သူများကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် အသွားအလာ နည်းပါးသွားခြင်းဖြစ်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။

ပစ်ခတ်မှုအပြီး နောက်တစ်ရက် ယနေ့တွင် ကော့ကရိတ်မြို့မရဲစခန်းကို လုံခြုံရေး တိုးမြှင့်ချထားသည့်အပြင် အနီး ရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းကိုလည်း ပိတ်ထားကြောင်း ကိုယ်တိုင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

၁၀ရက်နေ့ကတည်းက ကော့ကရိတ်တောင်ပိုင်း၊ ကော့နွဲအုပ်စု၊ ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၊ တပ်မ(၁၁)လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ပစ်ခတ်မှုပြီးနောက် နန်းကတိုး၌ လုံခြုံရေး ပြန်ယူခဲ့ သည့်အပြင် မောင်းမရွာသစ် အာရှလမ်းခွ လမ်းဘေး သစ်ပင်အောက်၊ မြောင်းထဲတွင်ဝပ်လျက် လုံခြုံရေး စောင့် ကြပ်မှုများလည်းရှိကြောင်း၊ တံတားဦးဘက်တွင်လည်း စစ်ကောင်စီများ စစ်ဝတ်စုံအပြည့် လုံခြုံရေးယူထား ခဲ့ကြသည်။

ထို့နောက် ရွှေကြက်မင်းဘုရားလမ်း ရေခဲစက်၊ ကော့ကရိတ်-မြဝတီ-လမ်းဟောင်း၊ တောင်ပေါ်ကျောင်းနားနှင့် နန်းကတိုး စစ်ဆေးရေးများချကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

အလားတူ ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများမှ ရွာသူရွာသားများလည်း မြို့တွင်းသို့ သွားလာခြင်း မလုပ်ကြ သည့်အပြင် ကော့ကရိတ်မြို့အဝင်လမ်းကိုလည်း စစ်ကောင်စီက ပိတ်ထားကြောင်း၊ ရွာထဲသို့ စစ်ကောင်စီတပ် များရောက်ရှိလာမည်ကိုလည်း ကြောက်ရွံ့နေကြသဖြင့် ရန်ကုတ်ကျေးရွာသားများမှာ ယ‌မန်‌နေ့ညက ရွာဘုန်းကြီး ကျောင်းသို့ ဒေသခံများက ရှောင်တိမ်းအိပ်စက်ခဲ့ကြရသည်။