Home သတင်း ကျောင်းနေအရွယ်နှင့် ရပ်ကွက်လူငယ်များကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဘောလုံးပွဲများ ကျင်းပပေးနေ

ကျောင်းနေအရွယ်နှင့် ရပ်ကွက်လူငယ်များကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဘောလုံးပွဲများ ကျင်းပပေးနေ

768

ဩဂုတ်လ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီဝင်များနှင့် ရပ်ကွက်လူကြီး များ ဦးဆောင်ကာ သြဂုတ်လ (၁)ရက်နေ့ကစ၍ ကျောင်းတက်နေသည့် လူငယ်များနှင့် ရပ်ကွက်ထဲရှိ လူငယ်များကို အတင်းအဓမ္မ လိုက်လံစုရုံးပြီး ဘောလုံးပွဲများ ကျင်းပပေးနေကြောင်း ဖားအံမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကို အားပေးထောက်ခံသည့် USDP၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)၊ ရပ်ကွက် တာဝန်ရှိသူများက နိုင်ငံအတွင်း ပုံမှန်အနေအထားရှိနေသည့်သဏ္ဍာန်ဖြင့် လူငယ်များကို ဘောလုံးပွဲလိုမျိုး လူငယ်အ ကြိုက် ပွဲအစီအစဉ်များကို ကျင်းပလုပ်ဆောင်ပေးနေပြီး လူငယ်အများစုကို နိုင်ငံရေးထဲ စိတ်မဝင်စားအောင် ပြုလုပ်နေ ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

၎င်းက “ကြံ့ခိုင်ရေးရုံးမှာ လူကြီးတွေလာသွားတယ်။ ဘယ်သူလဲတော့ မသိဘူး။ ညဘက်တွေသီချင်းတွေ တိုက်နေကြ တယ်။ သူတို့က လူငယ်တွေကို လိုက်စည်းရုံးနေတာလေ။ ပွဲတစ်ခုခုလုပ်မို့ ဖြစ်မယ်။ အကုန်လုံးက ပုံမှန်သွားလာ ပျော်ပါးနေကြတယ်ဆိုပြီးတော့ သူတို့ပြချင်တာလေ။ အမျိုးမျိုးနဲ့လိုက်စည်းရုံးနေတာ ရပ်ကွက်ရုံးက လူကြီးတွေလည်း ဒီလိုပဲ။ ဘောလုံးပွဲတွေလိုက်လုပ်၊ လူငယ်တွေကို နိုင်ငံရေးထဲ စိတ်မဝင်စားတော့အောင်လုပ်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါပွဲများကို လိုက်လံစည်းရုံးနေခြင်းအပေါ် လူလတ်ပိုင်းအချို့နှင့် လူငယ်အများစုက လိုက်ပါကြသော်လည်း စိတ် မဝင်စားသည့် လူငယ်အချို့ကလည်း ယခုလို လုပ်ဆောင်မှုများအပေါ် ဖားအံမြို့နေ လူငယ်တစ်ဦးက ၎င်း၏အမြင်ကို ယခုလို ပြောသည်။

အဆိုပါမြို့ခံလူငယ်က “ပြည်သူတွေက စိတ်ဒုက္ခတွေရောက်နေတာ။ ကိုယ်က အပျော်အပါးကို ဘာလို့လိုက်ရမှာလဲ။ ကျနော်တို့က ဘာမှမလုပ်ပေးနိုင်တောင် ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ်။ အခုလို ဘောလုံးလိုက်ကန်နေမဲ့အစား တော် လှန်ရေးရဲဘော်တွေကို ဖုန်းဘေလ်ဖြစ်ဖြစ် လှူဒါန်းပေးကြပေါ့။ ဘောလုံးပွဲက ကျနော်တို့လည်း ကြိုက်တာပဲ။ ဒါပေမဲ့ အခုလိုအချိန်မှာ ဘယ်လိုမှ မပျော်နိုင်ဘူးလေ။ ဖေ့စ်ဘွတ်မှာလည်း လူတိုင်းတွေ့နေရတာပဲကို စစ်ဘေးရှောင်ပြည်သူ တွေ၊ တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေ ကျ(ဆုံး)တာတွေကို တွေ့နေရတာလေ”ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင် ရပ်ကွက် (၉)ခုရှိပြီး ယခုလို လူငယ်အကြိုက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်းကို ဖားအံမြို့ပေါ်ရပ်ကွက် ၌သာမက ကျေးရွာအချို့ဖြစ်သည့် တောင်ကလေးနှင့် မုက္ကဒိကျေးရွာများတွင် အလားတူ လူငယ်များကိုစည်းရုံးကာ ဘောလုံးပွဲ စသည့် အားကစားပွဲများကို စီစဉ်ကျင်းပပေးလေ့ရှိကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရ သည်။