Home ဆောင်းပါး ရခိုင်အင်အားစုများကို စကစ က ဘယ်လိုသွေးခွဲလဲ

ရခိုင်အင်အားစုများကို စကစ က ဘယ်လိုသွေးခွဲလဲ

1543
An AA officer cadets passing out parade. Photo: AA Info Desk

ရခိုင်အင်အားစုများကို စကစ က ဘယ်လိုသွေးခွဲလဲ

စောနေတိုး

(၅ ဩဂုတ်၊ ၂၀၂၂)

၂၀၁၀ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် အင်အားကြီးလာသော နိုင်ငံရေးအင်အားစုများအား ဖြိုခွဲရန် စစ်တပ်အနေ ဖြင့် တစိုက်မတ်မတ် ကြိုးစားခဲ့သည်။ အထူးသဖြင့် အချိန်တိုအတွင်း အင်အားကြီးလာသော ရခိုင်တပ်မတော် AA အား စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်၊ လေတပ် အင်အားသုံးကာ တိုက်ခိုက်ခဲ့သော်လည်း အသာစီးမရသည့်အခါ သွေးခွဲ ဖို့ကြိုးစားလာခြင်းဖြစ်သည်ဟုလည်း ရခိုင်နိုင်ငံရေးလေ့လာသူများက ဆိုသည်။

၂၀၁၉ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ဖြစ်ပွားခဲ့သော ရခိုင့်တပ်တော် AA နှင့် စစ်တပ်တို့ တိုက်ခဲ့သည့်တိုက်ပွဲများတွင် ရခိုင် ပြည်နယ်တွင်း နေထိုင်သူများနှင့် နိုင်ငံရေးအင်းအားစုများက စစ်တပ်နှင့် မပူးပေါင်းခဲ့သည့်အတွက် စစ်တပ်ဖက်က အထိနာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ရှိသော အဓိက အင်းအားစုများကြား သွေးကွဲ၍ အဖွဲ့များစွာ ကွဲသွားမှသာ ရခိုင့်တပ်တော်(AA)ကို အသာစီးရ တိုက်ခိုက်နိုင်မည်ဟု စစ်ကောင်စီဖက်က ချိန်ဆထားခဲ့သည်။ ရခိုင်လူထု အပြည့်အဝနီးပါး ထောက်ခံသော ရခိုင့်တပ်တော်(AA) အင်အားချိနဲ့သွားစေရန် AA နှင့် မိတ်ဖက်ဆက်ဆံရေးရှိသော ရခိုင်အမျိုးသားပါတီ(ANP)ကို သွေး ခွဲရန် ကြိုးစားလာခဲ့သည်။ ANP ပါတီသည် ရခိုင်လူထုအား စည်းရုံးလှုံ့ဆော်နိုင်သော ပါတီကြီးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများထဲတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် အကြီးဆုံးပါတီတခုဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များထဲတွင် အများဆုံး မဲနိုင်ခဲ့သော ပါတီ လည်းဖြစ်သည်။

ANP ပါတီခေါင်းဆောင်များထဲတွင် ရခိုင်နိုင်ငံရေးသမားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သလို နိုင်ငံရေးသ မားမဟုတ်သူများလည်း ပါဝင်သည်။ ထို့အပြင် ပါတီခေါင်းဆောင်များထဲတွင် ရခိုင့်တပ်တော်ခေါင်းဆောင်များနှင့် ဆွေ မျိုးများ၊ သူငယ်ချင်းများလည်း ပါဝင်သည်။ ANP ပါတီသည် ရခိုင့်တပ်တော်(AA)နှင့် တရားဝင် မိတ်ဖက်မလုပ်ထား သည့်တိုင် ခိုင်မာသောဆက်ဆံရေးရှိသည့် မိတ်ဖက်ပါတီဟု ပြောနိုင်ပါသည်။

ထို့ကြောင့်လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ANP ပါတီတွင်း သွေးကွဲသွားစေရန် စတင် ဆောင်ရွက်ခဲ့ သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ANP ပါတီ၏ ဗဟိုမူဝါဒရေးရာကော်မတီဝင်လည်းဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်အား စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခဲ့သည်။

စစ်ကောင်စီက ကမ်းလှမ်းသော ရာထူးအား လက်ခံခြင်း၊ လက်မခံခြင်းကို နာရီဝက်အတွင်း အကြောင်းပြန်ရန် စစ် ကောင်စီက ပြောဆိုခဲ့သည်။ ထို့ကြောင့် ဒေါ်အေးနုစိန်အနေဖြင့် ပါတီ၏သဘောထားမယူဘဲ ပါတီတွင်းက ဗဟိုအလုပ် အမှုဆောင်အချို့ထံသာ ဆက်သွယ်ပြောဆိုခဲ့ပြီး စစ်ကောင်စီက ပေးသောရာထူးအား လက်ခံခဲ့ခြင်း ဖြစ်သည်။

ဒေါ်အေးနုစိန်အနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် ပါတီ၏သဘောထား မဟုတ် ကြောင်း ပါတီခေါင်းဆောင်အချို့က မီဒီယာအချို့ကို ဖြေကြားခဲ့သည်။

ဒေါ်အေးနုစိန်အနေဖြင့် စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ပြီးနောက် ပြည်နယ်စစ်ကောင်စီတွင် ANP ပါတီမှ ကိုယ် စားပြုသူတဦး ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ ထိုကိစ္စကို ဆောင်ရွက်နိုင် ခြင်း မရှိခဲ့ပေ။

ဒေါ်အေးနုစိန်အနေဖြင့် စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ပြီးနောက် ရခိုင်ပြည်သူပြည်သားများစွာ လိုလားသည့် နိုင်ငံရေးအရ အရေးပါသည့်လုပ်ငန်းများကို အခုချိန်ထိ မလုပ်ပေးနိုင်ခဲ့ပေ။ သို့သော် သူမအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ လုပ်ခွင့်ရလာခဲ့သည်။ ထို့ကြောင့် ANP ပါတီခေါင်းဆောင်များကြား ဒေါ်အေးနုစိန်အား ဝေဖန်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ပါတီတွင်း သဘောထားကွဲလွဲမှု ပိုများလာခဲ့သည်။ လက်ရှိ ANP ပါတီတွင် ဒေါ်အေးနုစိန်အား လိုလားသောအုပ်စုနှင့် မလိုလားသောအုပ်စုဟူ၍ ကွဲသွားခဲ့သည်။

အချို့သော ANP ပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့သည် ANP ပါတီကို စွန့်ခွာ၍ ULA/AA အဖွဲ့ထဲ ဝင်ရောက်သွားခဲ့ သည်။ ထိုရလဒ်မျိုးရရန်လည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ဒေါ်အေးနုစိန်အား စစ်ကောင်စီတွင် ရာထူးပေးခဲ့ ခြင်းဖြစ်သည်ဟုလည်း ရခိုင်နိုင်ငံရေးလေ့လာသူအချို့က ဆိုသည်။

ရခိုင်နှင့် မွတ်ဆလင် သွေးခွဲခြင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်နှင့် မွတ်ဆလင် လူမျိုးစုနှစ်စုသာ အဓိက နေထိုင်ကြသည်။ ရှေးနှစ်ပေါင်းများစွာက တည်းက လူမျိုးစုနှစ်ခုကြား ခင်မင်ရင်းနှီးစွာနေခဲ့ကြသလို ပြဿနာအချို့လည်း ဖြစ်ခဲ့သည်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ခုနှစ်မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသော ရခိုင်လူမျိုးများနှင့် မွတ် ဆလင်တို့အကြား ကြီးကြီးမားမားပြဿနာ ပြန်ဖြစ်ခဲ့သည်။

ထိုကဲ့သို့ ဖြစ်လာရသည်မှာလည်း ထိုအချိန်က အုပ်ချုပ်ခဲ့သော အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီအား နိုင်ငံရေးအရ ထိုးနှက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး ဖြစ်လာစေ ရန် ယခင်က ထိန်းချုပ်ထားခဲ့သော လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များအား ယခင်ကလို စောင့်ကြည့်ခြင်းများ မရှိတော့ပေ။ ထို့အပြင် ထိုအင်အားစုများက အမုန်းတရား ကြီးထွားလာစေရန် ဖန်တီးလှုံ့ဆော်သူများအား အရေးယူ ခြင်းမရှိသောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးစုနှစ်ခုကြားပြဿနာ တကျော့ပြန် ဖြစ်ခဲ့ရသည်။

သို့သော် ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော်(AA) အခြေချလာပြီးနောက် ရခိုင်ပြည်နယ်တွင်ရှိသော ရခိုင်နှင့် မွတ်ဆ လင်များအား သင့်မြတ်လာအောင် ဆောင်ရွက်လာခဲ့သည်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်တွေကို ပြောထားတယ်။ မင်းတို့ မွတ်ဆလင်တွေကို ရန်မပြုရဘူးလို့ ပြောထားလို့ ကျနော်တို့မြို့ပေါ်မှာ အေးအေးဆေးဆေး သွားလို့ရလာတယ်။ ကျနော်တို့ ဗလီတက်တိုင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်အ တွက် ဆုတောင်းပေးတယ်။”ဟု စစ်တွေမြို့နယ်မှ မော်လဝီဆရာတစ်ဦးက ဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် အထက်တန်းကျောင်းသားဘဝကတည်းက လူမျိုးရေးခွဲခြားမှုမရှိသူဟုလည်း စစ်တွေမြို့ နယ်တွင် နေထိုင်သော မွတ်ဆလင်အချို့က ဆိုသည်။

“သူနဲ့ ကျနော်နဲ့ အထက(၄)မှာ အတူကျောင်းတက်ဖူးတယ်။ ကျနော်ယူလာတဲ့ စက္ကူနဲ့ထုတ်ထားတဲ့ ဘယာကြော်ကို သူ လာတောင်းစားတယ်။ သူ့ဆီမှာ စားစရာရှိရင်လည်း ကျနော်တို့ကို လာကျွေးတယ်။ သူ့မှာ ကျောင်းသားကတည်းက ခွဲခြားတဲ့စိတ် မရှိဘူး။”ဟု စစ်တွေမြို့၊ အထက(၄) အထက်တန်းကျောင်းတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ကျောင်းအတူ တက်ဖူးသူ မွတ်ဆလင်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်သို့ AA အဖွဲ့ အခြေချပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်နှင့် မွတ်ဆလင်ကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။

၎င်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော မွတ်ဆလင်များအား ရခိုင်တပ်မတော်(AA)မှ အုပ်ချုပ်ရေးမှူး များနှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်လာခဲ့သည်။ ထို့ကြောင့်လည်း မွတ်ဆလင်ကျေးရွာများရှိ ရပ်မိရပ်ဖများကလည်း ရခိုင်နှင့် မွတ်ဆလင်ကြား သင့်မြတ်လာသည့် အခြေအနေကို ခိုင်မြဲအောင် ကြိုးစားလာကြသည်။

ရခိုင့်တပ်တော်ဖက်မှ မွတ်လင်များအား အခွင့်အရေးပေးလာသလို စစ်ကောင်စီဖက်ကလည်း မွတ်ဆလင်များအား ယခင်က တားမြစ်ထားသော အချို့ဒေသများသို့ ခရီးသွားလာခွင့်ပြုခြင်း၊ မွတ်ဆလင်ကျောင်းသားများအား စစ်တွေ တက္ကသိုလ်တွင် တက်ခွင့်ပြုခြင်း၊ စီးပွားရေးလုပ်ငန်းအချို့ လုပ်ကိုင်ခွင့်ပြုခြင်း စသည့်အခွင့်အရေးများပေးကာ မွတ်ဆ လင်များအား စည်းရုံးလာခဲ့သည်။

ယင်းသို့ မွတ်ဆလင်များအား စည်းရုံးသလို တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင်း နေထိုင်သော ရခိုင်နှင့် မွတ်ဆလင် ကြား ပြဿနာဖြစ်ရန် ဖန်တီးမှုများ ရှိခဲ့သည်။ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စုတွင် ကန္ဒရွာ(မွတ်ဆ လင်ရွာ)တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင် စပါးကောက်လိုင်းပုံများ မီးရှို့ခံရမှု ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက မွတ်ဆလင် လယ်သမားများပိုင်သော စပါးကောက်လိုင်းပုံအား ရခိုင်များက မီးရှို့သည့်ပုံ ဝါဒဖြန့်ခဲ့သော် လည်း အဆိုပါ စပါးကောက်လိုင်းများအား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေလိုသော လူတစုမှ မွတ်ဆလင်နှစ်ဦး အား အခကြေး ငွေပေး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း AA အဖွဲ့မှ အထောက်အထားဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော မောင်တောမြို့နယ်တွင် တာဝန်ကျနေသော ပညာရေးဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခြင်း သည် ရခိုင်ပြည်နယ်ရှိလူမျိုးစုနှစ်စုကြား ပြဿနာဖြစ်ရန် ဖန်တီးခြင်းဖြစ်သည်ဟု AA ခေါင်းဆောင်များက ယုံကြည် ထားခဲ့သည်။

အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးမှုတွင် ARSA ပါဝင်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အဆိုပါအခြေအနေကိုသိသော မွတ်ဆလင်ရပ်မိရပ်ဖတချို့က

ပြဿနာ မကြီးထွားလာစေရန် ပြန်ပေးဆွဲခံရသော ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေး ကြိုးပမ်းခဲ့ပြီး ပြန်ပေးဆွဲ သူများ တောင်းသည့်ငွေကြေးကိုလည်း မွတ်ဆလင်ရပ်မိရပ်ဖများက အမည်မခံဘဲ ပေးဆောင်ခဲ့သည်။

ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် နေထိုင်ကျသော မွတ်ဆလင် ရပ်မိရပ်ဖများက လက်ရှိရရှိထားသော ရခိုင်နှင့် မွတ် ဆလင်ကြား သင့်မြတ်နေမှု ပျက်ပြားမှာကို စိုးရိမ်ကြသည်။ AA အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော အောက်ခြေ ခေါင်းဆောင်အချို့နှင့် မွတ်ဆလင်အချို့ကြား ပြဿနာများရှိသော်လည်း ကြီးထွားလာသည်အထိ မဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်နေကြသည်။

စစ်ကောင်စီတက်လာချိန်မှစ၍ ရခိုင်ပြည်နယ်တွင် နေထိုင်သော လူမျိုးစုနှစ်စုကြား ပဋိပက္ခဖြစ်လာစေရန် သွေးထိုးလှုံ့ ဆော်သူများ၏ ဆောင်ရွက်ချက်မှာ ထိရောက်မှုမရှိသေးသလို သွေးခွဲ၍လည်းမရ ဖြစ်နေသည်။ ရခိုင်ပြည်နယ်ရှိ လူမျိုး စုနှစ်စုအကြား စည်းလုံးညီညွတ်နေသရွေ့ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်တွင်ရှိသော AA တပ်ဖွဲ့အား အသာစီးရ တိုက်ခိုက်ရန် မလွယ်ကူနိုင်ပေ။

အဆိုပါအခြေအနေများအရ စစ်ကောင်စီအနေဖြင့် ခေတ်အဆက်ဆက် ၎င်းတို့ကျင့်သုံးခဲ့သည့် သွေးခွဲသပ်သျှိုနည်းအား ရခိုင်ပြည်နယ်တွင် ဆက်လက် ကျင့်သုံးနေအုံးမည်ဖြစ်သည်။ စစ်ကောင်စီသည် အင်အားကြီးလာသော တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား စစ်ရေးနည်းဖြင့် ဖြိုခွဲ၍မရသည့်အခါ သွေးခွဲသပ်လျှိုနည်းဖြင့် တိုင်းရင်းသားအင်အား စုများအား ဖြိုခွဲနေအုံးမည်ပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ကို စစ်တပ်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက ပုံစံမျိုးစုံ၊ မက်လုံး မျိုးစုံဖြင့် သွေးခွဲသပ်သျှိုခြင်းများအား ဆက်လက်လုပ်လာနိုင်သည်ကို ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော အင် အားစုများနှင့် လူမျိုးစုများက အသိ၊ သတိဖြင့် ကာကွယ်ရမည်ဖြစ်ပေသည်။