ဧပြီ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၆ ရပ်ကွက်ရှိ ကန္ဘောဇ (KBZ) ဘဏ်နားတွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးက “ ညက မိုးလည်းရွာ၊ ပေါက်ကွဲသံလည်းကြားရတယ်။ မီးရှော့ခ်လိုက်ဖြစ်လို့ လောင်တာလို့ ပြောကြတယ်။ အိမ်က ရေခဲသေတ္တာ၊ အသစ်၊ အဟောင်းတွေ အရောင်း အဝယ်လုပ်တဲ့အိမ်ပါ။ အကုန်လုံးမီးလောင်ပြာကျသွားတယ်။ အိမ်က ၂လုံး လောင်သွားတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မီးလောင်မှုတွင် လူအထိအခိုက် ဒဏ်ရာရရှိမှု အခြေအနေနှင့်ပတ်သက်၍ မကြားသိရသေးဘဲ အိမ်ရှင်ကိုမူ ရဲစခန်းက လာရောက်ခေါ်ဆောင်သွားသည်ဟု မျက်မြင်ရပ်ကွက်နေပြည်သူများက ပြောသည်။



















