Home သတင်း ‌ကော့ကရိတ်တိုက်ပွဲမှ စစ်‌ကောင်စီဘက်က ပစ်‌သောလက်နက်ကြီးကျည် ပြည်သူ့‌နေအိမ်အနီးကျ၍ ပျက်စီးမှုများရှိ

‌ကော့ကရိတ်တိုက်ပွဲမှ စစ်‌ကောင်စီဘက်က ပစ်‌သောလက်နက်ကြီးကျည် ပြည်သူ့‌နေအိမ်အနီးကျ၍ ပျက်စီးမှုများရှိ

1005
Photo: CJ

ဇန်နဝါရီ ၁၅ ရက် ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့ အာရှလမ်း ကမိုင်ကုန်းရွာအနီး ယမန်‌နေ့ ညက စစ်‌ကောင်ဘက်က ပစ်ခတ်‌သော လက်နက်ကြီးကျည်များ ‌ဒေသခံပြည်သူ့‌နေအိမ်များအနီးကျခဲ့၍ ‌နေအိမ်ပျက်စီးမှုများရှိ‌ကြောင်း ‌ဒေသသတင်းရင်းမြစ်များမှ သိရသည်။

ယမန်‌နေ့ ဇန်နဝါရီ ၁၄ ရက် ည ၆း၄၅ အချိန်ခန့်မှစ၍ စစ်‌ကောင်စီတပ်မှ ‌ကော့ကရိတ်မြို့တွင်း မြို့ပြင် (၃) ‌နေရာခန့်မှ‌နေ၍ မြို့၏‌တောင်ဘက် ကမိုင်ကုန်းရွာအနီးသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထိုသို့ စစ်‌ကောင်စီတပ်မှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှု‌ကြောင့် ကမိုင်ကုန်းရွာ နှင့် ‌ချောင်း‌တောင် ကွက်သစ်ရှိ ပြည်သူ့‌နေအိမ်တစ်ချို့မှာ အိမ်‌ခေါင်မိုးများပျက်စီးမှုရှိခဲ့သည်ဟု ‌ဒေသသတင်းရင်းမြစ်များမှတဆင့် သိရသည်။

“မ‌နေ့ည ၆း၄၅ အချိန်ခန့်ကစပြီး ည ၉ နာရီဝန်းကျင်‌လောက်ထိ စစ်‌ကောင်စီတပ်မှ ကမိုင်ကုန်းဘက်ကို လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သလို ယခု ဇန်နဝါရီ ၁၅ ရက်‌နေ့မှာလည်း မနက် ၆ နာရီခန့်ကစပြီး မြို့‌ဟောင်းရွာဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ‌တွေ အခုထိ ကြား‌နေရတယ်” လို့ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ‌ကော့ကရိတ်ဘက် အာရှလမ်း ကမိုင်ကုန်းရွာအနီး ‌လောင်စာဆီတင်ယာဉ် ပစ်ခတ်ခံရမှုမှ အစပြု၍ ‌မြေပြင်တွင် ထိခိုက်ကျဆုံးမှုများခဲ့သည့် စစ်‌ကောင်စီတပ်သည် ‌လေ‌ကြောင်းပစ်ခတ်မှုများနှင့်အတူ ထိုးစစ်ဆင်မှုများဆက်၍ ပြုလုပ်လာသည်။

အဆိုပါ ထိုးစစ်ဆင်လာမှု‌ကြောင့် ‌ကော့ကရိတ်မြို့၏ ‌တောင်ဘက် ‌ကျေးရွာများဖြစ်‌သော ကမိုင်ကုန်းရွာနှင့် အနီးဝန်ကျင်ရှိ ‌ဒေသခံပြည်သူ ၂၀၀ဝ ‌ကျော်မှာ နီးစပ်ရာသို့စစ်‌ဘေး‌ရှောင်‌နေရ‌ကြောင်း သိရသည်။

Photo: CJ