Home သတင်း မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန် ကြိုဆိုမှု တစ်ပတ်လျှင် ၃ ရက် (အ‌ယောက် ၆၀၀) နှုန်းဖြင့် ထပ်တိုးလက်ခံမည်

မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန် ကြိုဆိုမှု တစ်ပတ်လျှင် ၃ ရက် (အ‌ယောက် ၆၀၀) နှုန်းဖြင့် ထပ်တိုးလက်ခံမည်

802
Photo: CJ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်‌ရေးတံတားမှတဆင့် ထိုင်းပြန် မြန်မာလုပ်သားများအား ကြိုဆိုမှုကို ယ‌နေ့ ဇန်နဝါရီ (၁၅) မှစ၍ တစ်ပတ်လျှင် ၃ ရက် (အ‌ယောက် ၆၀၀) နှုန်းဖြင့် ထပ်တိုးလက်ခံသွားမည်ဟု သိရသည်။

ကိုဗစ် ၁၉ မျိုးစိတ်သစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုအား ‌စောင့်ကြည့် ထိန်းချုပ်နိုင်‌ရေးအတွက် ပြီခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်‌နေ့မှစ၍ ၇ ရက် တစ်ပတ်လျှင် အ‌ယောက် ၂၀ဝ နှုန်းဖြင့် စ‌နေ‌နေ့ တစ်ရက်တည်းသာ လက်ခံခဲ့ရာမှယ‌နေ့ ဇန်နဝါရီ ၁၅ ရက်‌နေ့ မှစ၍ တစ်ပတ်လျှင် စ‌နေ၊ တနလင်္ာ၊ ဗုဒ္ဓဟူး‌နေ့များတွင် တစ်ရက်လျှင် ၂၀ဝ နှုန်းဖြင့် လက်ခံသွားမည် ဖြစ်‌ကြောင်း မြဝတီခရိုင် ဒု-အုပ်ချုပ်‌ရေးမှူး ဦး‌အောင်ချမ်းငြိမ်းက ‌ပြောသည်။

ထိုသို့ ပြန်လည်ဝင်‌ရောက်လာ‌သော ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီ နယ်စပ်ရှိ Quarentine Center ၄ ခု တွင် ၁ဝ ရက်တိတိ ထားရှိ‌စောင့်ကြည့်ပြီး ‌နေထိုင် စား‌သောက်‌ရေးကို ပြည်နယ်‌ကောင်စီ၏ အစီအစဉ်ဖြင့် အခမဲ့ ‌ဆောင်ရွက်‌ပေးလျက်ရှိသည်ဟု ဆိုသည်။

“ယခုလို ‌နေရပ်ပြန်လာသူ‌တွေကို မြဝတီမြို့မှာဖွင့်ထားတဲ့ Quarentine Center များဖြစ်‌သော ‌ရွှေမြဝတီ Center ၊ ‌ကျောက်လုံးကြီး Center ၊ မဲကနယ်တိုးချဲ့ကွက်သစ် Center နှင့် ကုန်သွယ်‌ရေးဇုန် Center တို့တွင် ထားရှိပြီး ပထမရက် နှင့် (၇)ရက်‌မြောက် ‌နေ့‌တွေမှာ ကိုဗစ်ပိုးရှိမရှိ Test Kit ဖြင့် အခမဲ့ စစ်‌ဆေး‌ပေးပါတယ်။ စစ်‌ဆေးလို့ ‌ရောဂါပိုး‌တွေ့သူ‌တွေကို သီးသန့်ထားရှိပြီး ကုသ‌ပေးပါတယ်။ ‌ရောဂါပိုးမရှိသူ‌တွေကို‌တော့ (၁၀) ရက် ပြည့်တဲ့‌နေမှာ သူတို့ ပြန်လိုတဲ့ ပြည်နယ်နှင့်တိုင်းအလိုက် ကားအစီအစဉ်များဖြင့် ပြန်လည်ပို့‌ဆောင်‌ပေးပါတယ်။ “ဟု မြဝတီခရိုင် ဒုတိယအုပ်ချုပ်‌ရေးမှူး ဦး‌အောင်ချမ်းငြိမ်း က ‌ပြောသည်။

ကိုဗစ်-၁၉ ပထမလှိုင်းကာလ ၂၀၂ဝ ခုနှစ် မတ်လမှစ၍ မြဝတီနယ်စပ်ရှိ ထိုင်း-မြန်မာဝင်‌ပေါက်ထွက်‌ပေါက်များဖြစ်‌သော မြဝတီ-မဲ‌ဆောက် အမှတ်(၁) ချစ်ကြည်‌ရေး တံတားနှင့် နယ်ခြား‌သောင်းရင်းမြစ်တစ်‌လျှောက်ရှိ ‌လှေဂိတ်‌ပေါင်း ၃၂ ဂိတ်ခန့်ကို ယ‌နေ့ အချိန်ထိ ၂ နှစ်နီးပါးခန့် တရားဝင် ပိတ်ထားပြီး ကုန်သွယ်မှု နှင့် ယခုလို ‌နေရပ်ပြန် ကြိုဆိုမှုအတွက် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်‌ရေး တံတား တစ်ခုတည်းမှသာ ခွင့်ပြုထားခြင်း ဖြစ်သည်။

Photo: CJ