Home သတင်း ကိုဗစ်‌ဆေးထိုးနှံ‌ပေးမှုအစီအစဉ်ကို ‌နှောင့်ယှက်ဖျက်ဆီးသည်ဟု စစ်‌ကောင်စီ ‌ပြောဆိုမှုအ‌ပေါ် KNU တပ်မဟာ ၅ တုန့်ပြန်

ကိုဗစ်‌ဆေးထိုးနှံ‌ပေးမှုအစီအစဉ်ကို ‌နှောင့်ယှက်ဖျက်ဆီးသည်ဟု စစ်‌ကောင်စီ ‌ပြောဆိုမှုအ‌ပေါ် KNU တပ်မဟာ ၅ တုန့်ပြန်

1364
Photo: MWD-FB

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်‌မြေ၊ မူ‌တြော်(ဖာပွန်)ခရိုင်တွင် လုပ်‌ဆောင်‌နေသည့် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးမှုလုပ်ငန်းစဉ်များကို KNU တပ်မဟာ ၅ က ‌နှောင့်ယှက်ဖျက်ဆီးမှုများပြု လုပ်‌နေ ‌ကြောင်း ယ‌နေ့ ပြုလုပ်သည့် အာဏာသိမ်းစစ်‌ကောင်စီ သတင်းစာရှင်းလင်းပွဲ၌ ‌ကောင်စီ၏ ‌ပြောခွင့်ရ ဗိုလ်ချုပ် ‌ဇော်မင်းထွန်းက စွပ်စွဲ‌ပြောဆိုလိုက်သည်။

ဖာပွန်မြို့နယ်အတွင်း ‌နေထိုင်သည့် လူဦး‌ရေ သုံး‌သောင်းဝန်းကျင်ကို ကိုဗစ်‌ဆေး ထိုးနှံ‌ပေးရန် ကြိုးပမ်းရာတွင် KNU တပ်မဟာ (၅)ဘက်မှ မိုင်း‌ထောင် တိုက်ခိုက်၍ ‌နှောင့်ယှက်ဖျက်ဆီးခဲ့‌ကြောင်း ယ‌နေ့ ပြုလုပ်သည့် စစ်‌ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ယခုလို‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ဖာပွန်‌ဒေသကို ကိုဗစ် ၁၉ ကာကွယ်‌ဆေး ရရှိ‌စေဖို့ သွား‌ရောက်ပို့‌ဆောင်နိုင်ဖို့ တပ်မ‌တော်ပိုင် ယာဉ်‌တွေ သုံးစွဲခဲ့ရပါတယ်။ ဒါ့အပြင် ‌ဒေသခံ ဝန်ထမ်း‌တွေ လိုအပ်တဲ့ စား‌သောက်ကုန်၊ လူသုံးကုန်ပစ္စည်း‌တွေကို ပို့‌ပေးရပါ တယ်။ အဲ့လို ပို့‌ပေးတဲ့ ‌နေရာမှာ လမ်းတစ်‌လျှောက်မှာ KNU တပ်မဟာ ၅ အ‌နေနဲ့ ဖာပွန်မြို့အဝင်မှာပဲ မိုင်း‌ထောင် မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်‌တွေဖြစ်ပါတယ်။” ဟု ‌ပြောဆိုသွားခဲ့သည်။

ထို့သို့ ‌ပြောဆိုသွားရာတွင် Power point ရုပ်ကဒ်များ အသုံးပြု၍ လမ်းပျက်စီးမှုပုံများ၊ လက်လုပ်မိုင်းပုံများနှင့် တကွ ရှင်းလင်း ‌ပြောဆိုသွားခြင်းမျိုးပြုလုပ်ခဲ့ပြီး ဖာပွန်‌ဒေသရှိ ပြည်သူလူထုများအတွက် ကိုဗစ်‌ဆေး‌ပေးပို့မှုနှင့် ပြည်သူလူထုများအတွက် ရိက္ခာ‌ပေးပို့မှုအ‌ပေါ် KNU ဘက်က တိုက်ခိုက်လျက်ရှိသည်ဟု ထည့်သွင်း ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် တပ်မ‌တော် အ‌နေဖြင့် စစ်မှန်သည့် ထာဝရ ငြိမ်းချမ်း‌ရေးရရှိ‌ရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ပါ သ‌ဘောတူညီချက်များအ‌ပေါ် လိုက်နာ‌စောင့်ထိန်းလျက်ရှိ‌ကြောင်း ၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်း‌ရေး ရရှိ‌ရေးအတွက် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်းအပြင် KNU တပ်မဟာ (၅) အ‌နေဖြင့် ဗဟို ဦးစီးမှု၏အမိန့်ကို မနာခံဘဲ ငြိမ်းချမ်း‌ရေး ပျက်ပြား‌စေရန် ‌ဆောင်ရွက်လျက်ရှိသည်ဟုလည်း ‌ဇော်မင်းထွန်းက ထပ်မံစွပ်စွဲ ‌ပြောဆိုခဲ့သည်။

Photo: KNU Mutraw

ထိုသို့ စွပ်စွဲ‌ပြောဆိုထား‌သော်လည်း လက်‌တွေ့ ဖာပွန်-ကမ‌မောင်း‌ဒေသတွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများသည့် စစ်‌ကောင်စီဘက်မှ နယ်‌မြေ‌ကျော် ဝင်‌ရောက်လှုပ်ရှားမှုများအပြင် ၎င်းတို့၏ ‌ရှေ့တန်းတပ်စခန်းနယ်‌မြေများသို့ တပ်ရိက္ခာပို့‌ဆောင်‌ပေးရန် ကြိုးပမ်းမှုသာဖြစ်‌ကြောင်း KNU ဘက်မှ ယခင်က တုန့်ပြန်‌ပြောဆိုထားမှုများရှိသည်။

ဗိုလ်ချုပ်‌ဇော်မင်းထွန်း စွပ်စွဲမှုအ‌ပေါ် KNU တပ်မဟာ ၅ ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ” သူစွပ်စွဲသလို တစ်ခုမှ မဟုတ်ဘူး။ ကိုဗစ်‌ရောဂါ ကာကွယ်‌ရေးအစီအစဉ်ကို လိုက်လံဖျက်ဆီးတာ သူတို့ပဲလုပ်‌နေတယ်။ ကိုဗစ်ကာကွယ်‌ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ကျ‌နော်တို့ မူ‌တြော်ခရိုင်အ‌နေနဲ့ ရှိပြီးသားပါ။ အာဏာမသိမ်းခင် ကတည်းက ကျ‌နော်တို့ လုပ်ထားတဲ့ ကိုဗစ်ကာကွယ်စစ်‌ဆေး‌ရေးဂိတ်‌တွေကို သူတို့ပဲ လာပြီး မီးရှို့ဖျက်ဆီးတယ်။ ဒါက စကားကို ‌ပြောင်းပြန် ပြန်‌ပြောတာပဲဖြစ်ပါတယ်။ “ဟု ‌ကေအိုင်စီသို့ ပြန်လည်တုန့်ပြန်‌ပြောဆိုသည်။

စစ်‌ကောင်စီဘက်မှ NCA အပစ်ရပ်သ‌ဘောတူညီချက်များအ‌ပေါ် လိုက်နာ‌စောင့်ထိန်း‌ကြောင်း ထပ်ခါတလဲလဲ ထုတ်‌ဖော်‌ပြောဆိုမှုများရှိ‌သော်လည်း လက်ရှိ ၎င်းတို့၏ အာဏာသိမ်းယူထားမှုနှင့် ပြည်သူလူထုများအ‌ပေါ် အကြမ်းဖက် ဖြိုခွဲမှု၊ ညှင်ပမ်းနှိပ်စက်သတ်ဖြတ်မှု၊ ဥပ‌ဒေမဲ့ ဖမ်းဆီးမှုများအပြင် တိုင်းရင်းသား ‌ဒေသများတွင် လက်နက်ကြီးများနှင့် ‌လေယာဉ်များအသုံးပြု၍ တိုက်ခိုက်‌နေခြင်းများမှာ NCA အပစ်ရပ်သ‌ဘော တူညီချက်များအ‌ပေါ် ချိုး‌ဖောက်မှုများသာဖြစ်‌ကြောင်းလည်း KNU အပါအဝင် အခြား‌သော အပစ်ရပ်အဖွဲ့များ ကလည်း ‌ထောက်ပြ‌ပြောဆိုထားခဲ့ဖူးသည်။

လတ်တ‌လော ဖာပွန်‌ဒေသတွင် ဖြစ်ပွား‌နေသည့် နှစ်ဖက်တိုက်ပွဲများတွင် စစ်‌ကောင်စီဘက်မှ ‌ထောင်နှင့်ချီ၍ ထိခိုက်ကျဆုံး‌နေ‌ကြောင်း KNU ၏ နှစ်ချုပ်တိုက်ပွဲ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။ ထိုသို့ အထိအခိုက် အကျဆုံးများလာမှုအ‌ပေါ် လက်တုန့်ပြန်သည့်အ‌နေဖြင့် ‌လေ‌ကြောင်း ပစ်ကူများကိုပါ အသုံးပြုလာခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း နှစ်ကြိမ်ခန့် ‌လေယာဉ်ဖြင့် ဝင်‌ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး ‌သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အလားတူ KNU တပ်မဟာ (၅) နယ်‌မြေအပါဝင် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင်လည်း စစ်‌ကောင်စီ ဘက်မှ ‌လေ‌ကြောင်းပစ်ကူများဖြင့် ၄ ကြိမ်ခန့် ဝင်‌ရောက်ပစ်ခတ်ခဲ့‌သေးပြီး အခြား‌သော ကရင်နီ(ကယား)ပြည် နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် မြန်မာပြည်အလယ်ပိုင်း‌ဒေသများတွင်လည်း ‌လေယာဉ် သုံးစွဲပစ်ခတ်မှု များ ပြုလုပ်ခဲ့သည်။