Home ဆောင်းပါး လက်နက်ကိုင်‌တော်လှန်ပြီး တည်‌ဆောက်ယူရမယ့် ပြည်သူ့‌ခေတ်သစ်သို့ (‌ဆောင်းပါး)

လက်နက်ကိုင်‌တော်လှန်ပြီး တည်‌ဆောက်ယူရမယ့် ပြည်သူ့‌ခေတ်သစ်သို့ (‌ဆောင်းပါး)

1525

လက်နက်ကိုင်‌တော်လှန်ပြီး တည်‌ဆောက်ယူရမယ့် ပြည်သူ့‌ခေတ်သစ်သို့

‌မောင်‌ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်)

(၁-၂-၂၀၂၁) ရက်‌နေ့ မင်း‌အောင်လှိုင်-စိုးဝင်း အကြမ်းဖက်(စကစ)စစ်အုပ်စုက အာဏာသိမ်းပိုက်လိုက်တဲ့အခါ နိုင်ငံနဲ့အဝန်း ကြီးမားကျယ်ပြန့်တဲ့ ပြည်သူ့အ‌ရေး‌တော်ပုံကြီး ‌ပေါ်‌ပေါက်လာပါတယ်။ အဲဒီပြည်သူ့အ‌ရေး‌တော်ပုံကြီး ဟာ ယခုအခါမှာ လက်နက်ကိုင်‌တော်လှန်‌ရေးအဆင့်သို့ ကူး‌ပြောင်းတက်လှမ်းသွားပြီလည်း ဖြစ်ပါတယ်။ ‌တောင်‌ပေါ် ‌မြေပြန့် နိုင်ငံနဲ့အဝန်းမှာ ‌သေနတ်သံ‌တွေ ခြိမ်းခြိမ်းညံ‌နေပါတယ်။ မျိုးဆက်သစ် လက်နက်ကိုင်‌ပြောက်ကျားတပ်ဖွဲ့‌တွေ အလျှိုလျှို ‌ပေါ်‌ပေါက် ကြီးထွားလာ‌နေပါတယ်။

လာမယ့် ‌ဖေ‌ဖေါ်ဝါရီလ‌ရောက်ပြီဆိုလျှင် ပြည်သူ့အ‌ရေး‌တော်ပုံကြီးဟာ ပထမနှစ် ပတ်လည်ပါ‌တော့မယ်။ ပြည်သူ့အ‌ရေး‌တော်ပုံကြီးဟာ သဘာဝကျစွာပဲ ပြည်သူ့လက်နက်ကိုင်‌တော်လှန်‌ရေးအဆင့်သို့ ခုန်ကူး‌ပြောင်းသွားတာ ဟာ သမိုင်းစာအုပ်‌တွေထဲက စာမျက်နှာ‌တွေ‌ပေါ်မှာ ဖတ်ရတာမျိုးမဟုတ်ဘဲ ကျ‌နော်တို့ ပြည်သူများရဲ့ လက်‌တွေ့လက် ငင်း ဘဝထဲ တကယ့်လက်‌တွေ့ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ အ‌ရေး‌တော်ပုံကြီးနဲ့ ပြည်သူ့လက်နက်ကိုင်‌တော်လှန်‌ရေးက‌နေ မတူတဲ့အတိုင်း အတာအမျိုးမျိုးနဲ့ ကျ‌နော်တို့ ပြည်သူ‌တွေ၊ မျိုးဆက်သစ်လူငယ်‌တွေကို အ‌တွေ့အကြုံနဲ့ သင်ခန်းစာမျိုး စုံကို ‌ကြောင်လိမ်‌လှေကားသဖွယ် တစ်ထစ်ပြီးတစ်ထစ်၊ တစ်ရစ်ပြီးတစ်ရစ် မရပ်မနား စဉ်ဆက်မပြတ် သင်ကြား‌လေ့ ကျင့်‌ပေးလျက်ရှိပါတယ်။

လက်နက်‌တွေကို ‌ကောင်းမွန်စွာ ကိုင်တွယ် ဖြုတ်တတ်၊ ပစ်ခတ်နိုင်လာခဲ့ကြပြီ။ ဗုံး‌တွေ၊ မိုင်း‌တွေကို တပ်ဆင် ‌ဖောက်ခွဲနိုင်လာခဲ့ကြပြီ။ ‌ပြောက်ကျားစစ်နည်းပရိယာယ်‌တွေကို တစတစ ကျွမ်းကျင်တတ်‌မြောက်ကျင့်သုံး လာနိုင်ခဲ့ ကြပြီ။ ထို့အတူ လက်နက်ငယ်အချို့နဲ့ မိုင်းတချို့ကိုလည်း ကိုယ်တိုင်တီထွင်ထုတ်လုပ် အသုံးပြုလာနိုင်ကြပြီ ဖြစ်ပါ တယ်။ ‌ခေတ်မီလက်နက်တပ်ဆင်ထားတဲ့၊ စနစ်တကျ ‌လေ့ကျင့်သင်ကြား စုဖွဲ့ထားတဲ့ ခါးပိုက်‌ဆောင်‌ကြေးစားတပ် ‌တွေကိုလည်း အကျအဆုံးများ‌အောင် တိုက်ခိုက်လာနိုင်ခဲ့ကြပြီ မဟုတ်ပါလား။ ဒါဟာ ပထမနှစ်ပတ်လည်ကာလအ တွင်းမှာ ‌လေ့လာသင်ယူ တတ်‌မြောက်ခဲ့တဲ့ လက်‌တွေ့မျက်‌တွေ့ အခိုင်အမာကိစ္စရပ်‌တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ (စကစ) စစ်အုပ်စုရဲ့ အဆက် မပြတ်‌ ‌သွေးခွဲသပ်လျှိုမှု‌တွေကိုလည်း ‌ကောင်းစွာရင်ဆိုင် တုန့်ပြန်နိုင်ခဲ့ကြပြီ။

ရန်သူ (စကစ) စစ်အုပ်စုရဲ့လက်ထဲမှာ ခါးပိုက်‌ဆောင်တပ်‌တွေ အုံနဲ့ကျင်းနဲ့ရှိ‌နေ‌သေးတယ်။ ဒင်းတို့ အမိန့်‌ပေး ခိုင်း‌စေတဲ့အတိုင်း ခါးပိုက်‌ဆောင်တပ်‌တွေက လှုပ်ရှား‌နေကြဆဲ ဖြစ်တယ်။ ‌လေတပ်နဲ့အ‌မြောက်ကြီး‌‌တွေကို စိတ်ကြိုက် သုံးစွဲ ပစ်ခတ်‌နေနိုင်ဆဲ ဖြစ်ပါတယ်။ ‌ချော့မြှူ‌သွေးခွဲသပ်လျှိုတဲ့ လုပ်ရပ်‌တွေကို အဆက်မပြတ်၊ မရပ်မနား ပြုလုပ်‌နေဆဲ ပဲ ဖြစ်တယ်။ ဒါ‌ကြောင့် ရင်ဆိုင်‌နေရတဲ့ ရန်သူကို ‌လျှော့မတွက်မိဖို့ ပိုပြီး မတွက်မိဖို့ သိပ်ကို အ‌ရေးကြီးပါတယ်။ ကျ‌နော်တို့ရင်ဆိုင်‌နေရတဲ့ စစ်အုပ်စုရန်သူဟာ နှစ်‌ပေါင်း ၆ဝ အရိုးရင့်‌နေတဲ့ ပရိယာယ်‌ဝေဝုစ်များတဲ့၊ ‌ကောက်ကျစ် ယုတ်မာတဲ့ အုပ်စိုးသူဖြစ်တယ်ဆိုတဲ့ အချက်ကို ဘယ်‌တော့မှ သတိမလစ်ဟင်းဖို့ အင်မတန်အ‌ရေးကြီးပါတယ်။

တပြိုင်နက်ထဲမှာလည်း မိမိတို့ မျိုးဆက်သစ်တပ်ဖွဲ့‌တွေဖက်မှာလည်း ‌တော်လှန်‌ရေးအ‌တွေးအ‌ခေါ်၊ စစ်အ တတ်ပညာ၊ ‌တော်လှန်‌ရေးရန်ပုံ‌ငွေ၊ လက်နက်ခဲယမ်း၊ ‌ဆေးဝါး၊ ရိက္ခာ၊ သယ်ယူပို့‌ဆောင်‌ရေး၊ လျှို့ဝှက်‌ရေးစည်းကမ်း စတဲ့ တပ်ဆင်သင်ကြား‌လေ့ကျင့်ဖို့ လိုအပ်ချက်‌တွေ ကြီးကြီးမားမား ရှိ‌နေ‌သေးတယ် ဆိုတဲ့အချက်ကိုလည်း မပျက်မ ကွက် အသိအမှတ်ပြုထားကြဖို့ လိုအပ်ပါတယ်။ ‌တော်လှန်‌ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လိုအပ်ချက်၊ ‌တော်လှန်‌ရေးသမားတစ် ဦးရဲ့ လိုအပ်ချက်ကို အပြန်အလှန် ‌ပေးအပ်ကူညီဖြည့်စွမ်းကြရမယ် ဆိုတဲ့အချက်ကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ကြရ မှာပါ။

ရန်သူစစ်အုပ်စုက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မ‌ကွေးတိုင်း၊ ကရင်ပြည်နယ်တို့ကို ‌သွေးရူး ‌သွေးတန်းနဲ့ မိုက်မိုက်ကန်းကန်း တိုက်ခိုက်‌နေပါတယ်။ ဒါ‌ကြောင့် ကျန်‌ဒေသ‌တွေမှာ အ‌ခြေပြုထားတဲ့ ‌တော်လှန်‌ရေး တပ်ဖွဲ့‌တွေ မိမိအ‌ခြေပြုရာ‌ဒေသက ရန်သူစစ်အုပ်စုရဲ့ ခါးပိုက်‌ဆောင်တပ်‌တွေကို တိုက်ခိုက်ခြင်းဖြင့် အပြန်အလှန် ကူညီကြရမှာ မဟုတ်ပါလား။

ရန်သူစစ်အုပ်စုဟာ တစ်ဖက်က ခါးပိုက်‌ဆောင်တပ်‌တွေ၊ စစ်‌လေယာဉ်၊ ရဟတ်ယာဉ်၊ အ‌မြောက်ကြီး‌တွေကို သုံးပြီး အကြမ်းဖက် ရမ်းကားတိုက်ခိုက်လာ‌နေသလို အခြားတစ်ဖက်က‌နေလည်း ‌စေ့စပ်‌ဆွေး‌နွေးဖို့ မျှား‌ခေါ်‌နေတယ် မဟုတ်ပါလား။ “ပုဒ်မ ၂၆၁ ကို ပြင်ဆင်‌ပေးမယ်၊ ၂၀၂၃ခုနှစ်အတွင်းမှာ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကျင်းပ‌ပေးမယ်၊ ဒီမို က‌ရေစီနဲ့ ဖက်ဒရယ်စနစ်ကို အ‌ခြေခံတဲ့ ပြည်‌ထောင်စုစနစ်ကို အာမခံတယ်” စသဖြင့် ဟန်ပြကတိ‌တွေ ‌ဖောချင်း‌သော ချင်း ပါးစပ်က‌နေ‌ပေးပြီး မြှူဆွယ်‌နေတယ် မဟုတ်ပါလား။ အကြမ်းဖက်စစ်အုပ်စုရဲ့ “ဟန်ပြကတိ‌တွေ” ကို ယုံချင်သူ ‌တွေ၊ ဇ‌ဝေဇဝါဖြစ်‌နေသူ‌တွေ တချို့လည်း ရှိ‌နေပါ‌သေးတယ်။ သူတို့မှာ အကြမ်းဖက်စစ်အုပ်စု လိမ်လှိုင်းညာမှိုင်း‌တွေ မူး‌နေ၊ မိ‌နေကြဆဲဖြစ်ပါတယ်။

အထက်မှာ တင်ပြခဲ့သလိုပါပဲ။ ပြည်သူ့အ‌ရေး‌တော်ပုံကြီးနဲ့ ပြည်သူ့လက်နက်ကိုင်‌တော်လှန်‌ရေးက စဉ်ဆက်မ ပြတ် သင်ကြား‌ပေး‌နေတာ‌တွေထဲက အင်မတန်အ‌ရေးပါတဲ့ အချက်တစ်ခုကို ဒီ‌နေရာမှာ အလျဉ်းသင့်လို့ တင်ပြပါအုံး မယ်။

အဲဒီအချက်က‌တော့ “ဒီ‌နေ့‌ခေတ်ဒီ‌နေ့ကာလဟာ လက်သီးလက်‌မောင်းတန်းပြီး ‌အော်ဟစ်‌တောင်းဆိုတဲ့ ‌ခေတ် နိဂုံးချုပ်သွားပြီ။ ပြည်သူလူထုရဲ့ လက်‌တွေ့လိုအပ်ချက်‌တွေကို လက်နက်စွဲကိုင်ပြီး တိုက်ယူရမယ့် ‌ခေတ်ကာလသစ် ဖြစ်တယ်” ဆိုတဲ့အချက်ပါပဲ။ ကျ‌နော်တို့ပြည်သူ‌တွေဟာ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာနဲ့ စစ်အုပ်စု အုပ်စိုးသူ အဆက် ဆက်ထံ နှစ်‌ပေါင်းများစွာ၊ အကြိမ်‌ပေါင်းများစွာ ဆန္ဒပြ‌တောင်းဆိုခဲ့ကြပါတယ်။ ကျ‌နော်တို့ ဘာ‌တွေရရှိခဲ့ကြပါသလဲ။ နံပတ်တုတ်၊ မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်နဲ့ထိုးခွဲမှု၊ ‌မောင်းပြန်‌သေနတ်နဲ့ ‌ခေါင်းချိန်ပစ်တာ၊ စစ်‌ကြော‌ရေး၊ အကျဉ်း ‌ထောင် စတဲ့ ဖိနှိပ်ညှင်းပမ်းမှု‌တွေပဲ အဓိကအားဖြင့် ရင်ဆိုင်ရရှိခဲ့ကြပါတယ်။ “ဒီမိုက‌ရေစီအတု၊ ပြည်‌ထောင်စုအတု”ပဲ ရရှိခဲ့ကြတယ်။

(၁-၂-၂၀၂၁) ‌နောက်ပိုင်းမှာ ကျ‌နော်တို့ပြည်သူ‌တွေဟာ ‌သေနတ်ကိုစွဲကိုင်ပြီးခုခ့‌တော်လှန်ခဲ့ကြပြီ။ ဒါ‌ကြောင့် ကျ‌နော်တို့ပြည်သူ‌တွေရဲ့ နိုင်ငံ‌ရေးလက်‌တွေ့ လိုအပ်ချက်ဖြစ်တဲ့ ဒီမိုက‌ရေစီ၊ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေးနဲ့ ပြည်‌ထောင်စုစစ်စစ်တည်‌ဆောက်‌ရေး စတဲ့ကိစ္စ‌တွေကို စစ်အုပ်စုထံ လက်ဖြန့်ပြီး‌တောင်းဆိုဖို့ မလိုအပ်‌တော့ပါဘူး။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုက‌ရေစီယန္တရားကို အကုန်အစင်တိုက်ဖျက်ပစ်ပြီး စစ်မှန်တဲ့ ဒီမိုက‌ရေ စီ၊ စစ်မှန်တဲ့တန်းတူ‌ရေး၊ စစ်မှန်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို ကျ‌နော်တို့ပြည်သူ‌တွေဟာ ကိုယ့် ခွန်ကိုယ့်အားနဲ့ ကိုယ်တိုင်ဖန်တီးတည်‌ဆောက်ယူကြရမှာ ဖြစ်ပါတယ်။
လက်ဖြန့်‌တောင်းဆိုတဲ့‌ခေတ်ဟာ ပြန်မလာစတမ်း နိဂုံးချုပ်သွားပါပြီ။ လက်နက်စွဲကိုင်တိုက်ခိုက်ပြီး ကိုယ်တိုင် ဖန်တီးတည်‌ဆောက်ယူကြရမယ့် ပြည်သူ့‌ခေတ်နိဒါန်းကို နိုင်ငံနဲ့အဝန်းက ‌သေနတ်သံ‌တွေ ဖွင့်လှစ်ခဲ့ကြတာဟာ လာ မယ့်‌ဖေ‌ဖေါ်ဝါရီဆိုရင် နှစ်ပတ်လည်‌တော့မယ် မဟုတ်ပါလား။
‌တော်လှန်တိုက်ခိုက်ပြီး ကိုယ်ပိုင်တည်‌ဆောက်ယူရမယ့် ပြည်သူ့‌ခေတ်သစ်ကို ‌သောင်း‌သောင်းဖြဖြ ကြိုဆိုကြ ပါစို့။