Home သတင်း ထိန်းချုပ်နယ်‌မြေတွင် စစ်‌ရှောင်ဒုက္ခသည်ဦး‌ရေ ထပ်တိုးလာဟု KNU ထုတ်ပြန်

ထိန်းချုပ်နယ်‌မြေတွင် စစ်‌ရှောင်ဒုက္ခသည်ဦး‌ရေ ထပ်တိုးလာဟု KNU ထုတ်ပြန်

1295

ဇန်နဝါရီ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေများတွင် လတ်တ‌လော တိမ်း‌ရှောင်‌နေရ သည့် စစ်‌ရှောင်ဦး‌ရေအသစ် ၅၀,၀၀ဝ ‌ကျော်ထပ်တိုးလာသည်ဟု ‌ကေအဲန်ယူ၏ သတင်းနှင့်ပြန်ကြား ‌ရေးဌာနက ယ‌နေ့ ဇန်နဝါရီလ ၁၉ ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်‌ရှောင်များမှာ စစ်‌ကောင်စီတပ်၏ ‌လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် လတ်တ‌လော စစ်‌ရှောင်များဖြစ်ပြီး ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌ဒေသခံလူထု တစ်သိန်း‌ကျော်မှာလည်း စိုးရိမ်‌ကြောက်လန့်မှုများနှင့် ‌နေထိုင်ရသည်ဟု KNU ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းထပ်တိုးလာသည့် စစ်‌ရှောင်များမှာ ဒူးပလာယာခရိုင်(တပ်မဟာ-၆)နှင့် မူ‌တြော်ခရိုင်(တပ်မဟာ-၅) တို့တွင် အများဆုံးဖြစ်သလို သထုံခရိုင်(တပ်မဟာ-၁)၊ ‌ညောင်‌လေးပင်ခရိုင်(တပ်မဟာ-၃)၊ ဘိတ်-ထား ဝယ်ခရိုင်(တပ်မဟာ-၄) တို့တွင်လည်း စစ်‌ရှောင်ဦး‌ရေ‌ထောင်နှင့်ချီရှိသည်ဟု KNU က ဆိုသည်။

စစ်‌ရှောင်အ‌ခြေအ‌နေနှင့်ပတ်သက်၍ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ -KHRG မှ ‌စောနန္ဒဆူးက “အခု KNU ဘက် တင်ထားတဲ့စစ်‌ရှောင်အ‌ရေအတွက်က လက်ရှိ‌ပြေး‌နေရတဲ့အ‌ရေအတွက်ပဲ‌ပေါ့။ အရင် ဧပြီလ တုန်းကနဲ့ ‌ပြေး‌နေတဲ့ စစ်‌ရှောင်အ‌ရေအတွက် မပါ‌သေးဘူး။ အရင်‌ပြေး‌နေရတဲ့အ‌ရေအတွက်နဲ့‌ပေါင်းရင် တပ်မဟာ(၅)တစ်ခုထဲတင် စစ်‌ရှောင် ၅ ‌သောင်း‌ကျော် ‌လောက်ရှိတယ်။ ခရိုင်အားလုံး‌ပေါင်းရင်‌တော့ တစ်သိန်းအထက်ရှိမယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ စစ်‌ရှောင်အချို့သည် အသိမိတ်‌ဆွေ ‌နေအိမ်များတွင် သွား‌ရောက်တိမ်း‌ရှောင်‌နေထိုင်သူရှိသလို ‌တော‌တောင်ထဲတွင်လည်း တိမ်း‌ရှောင်သူများရှိသည့်အတွက် စာရင်းမ‌ကောက်နိုင်‌သေးသည့် စစ်‌ရှောင်စာရင်းရှိ‌သေး‌ကြောင်း ‌စောနန္ဒဆူးက ဆက်‌ပြောသည်။

ယခုနှစ်ဆန်း ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်‌နေ့အထိ (၁၅) ရက်အတွင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ မူ‌တြော်ခရိုင် (တပ်မဟာ ၅ )၊ ဒွယ်လိုးမြို့နယ်နှင့် ဒူးပလာယာခရိုင်(တပ်မဟာ ၆) ‌ကော့ကရိတ်မြို့ နယ်တို့တွင် စစ်‌ကောင်စီတပ်မှ စစ်‌လေယာဉ်ဖြင့် (၇)ကြိမ်တိုင် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတို့‌ကြောင့် ‌ဒေသခံ ‌သောင်းချီ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်ခဲ့ရသလို အပြစ်မဲ့‌ဒေသခံပြည်သူ (၇)ဦး ‌သေဆုံးခဲ့ရပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရရှိကာ လူ‌နေအိမ်အ‌ဆောက် အဦးအ‌မြောက်အများလည်း ထိခိုက်ပျက်စီးသွား‌ကြောင်း KNU က ထုတ်ပြန်ထားသည်။

၎င်းအပြင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ် ဖွဲ့-KNDOနှင့် စစ်‌ကောင်စီတပ်ကြား (၁၅)ရက်တွင်း တိုက်ပွဲ ၁၈၁ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၅၉ ဦးကျဆုံးပြီး ၁၀၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ KNLA နှင့် KNDO ဘက်တွင်လည်း ၁၃ ဦးကျဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိသွား‌ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။