Home သတင်း မိုင်းနင်းမိ၍ ကိုယ်ဝန်‌ဆောင်မိခင်နှင့် က‌လေးငယ်တစ်ဦး ‌သေဆုံး

မိုင်းနင်းမိ၍ ကိုယ်ဝန်‌ဆောင်မိခင်နှင့် က‌လေးငယ်တစ်ဦး ‌သေဆုံး

785
Photo: CJ

ဇန်နဝါရီ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်း အရုံး ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) လယ်မူလား(ပု‌လော)မြို့နယ် ပဝတ်ဖျား‌ကျေးရွာတွင် ‌မြေမြှုပ်မိုင်းနင်းမိသဖြင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦးနှင့် က‌လေးငယ်တစ်ဦးမှာ ထိခိုက်‌သေဆုံးခဲ့သည်ဟု ‌ဒေသ တွင်း သတင်းအရင်းအမြစ်များ အရ သိရသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၂၃ရက်‌နေ့ ည‌နေ (၅)နာရီ မိနစ် ၃ဝ ခန့်အချိန်တွင် အိမ်‌ရှေ့၌ ‌ထောင်ခဲ့‌သောမိုင်းကို နင်းမိ၍ ကိုယ်ဝန် (၈)လရှိ ‌နော်မူး‌နော် (ခ) ‌နော်ခူ‌ဖော အသက် ၂၈နှစ်မှာ ပွဲချင်းပြီး‌သေဆုံးခဲ့သည်။

ထို့အပြင် သူမ၏ သားဖြစ်သူ အသက်(၆)နှစ်အရွယ် ‌စော‌လေ‌လေးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး က‌လေးအား ပု‌လော‌ဆေးရုံသို့ ပို့‌ဆောင် စဉ်တွင် ‌သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းမိုင်းကို ‌ကျေးရွာတွင် ပုံမှန် ဝင်ထွက်သွားလာ‌နေသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက ‌ထောင်ထား‌သောမိုင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆိုကြ‌သော် လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးသန့် အတည်ပြုချက် မရရှိ‌သေး‌ပေ။