Home သတင်း ‌ထောင်နှင့်ချီသည့် ‌ကော့ကရိတ်‌ဒေသခံများ စိုက်ပျိုး၊‌မွေးမြူ‌ရေးလုပ်ငန်းများ ထားပစ်ကာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

‌ထောင်နှင့်ချီသည့် ‌ကော့ကရိတ်‌ဒေသခံများ စိုက်ပျိုး၊‌မွေးမြူ‌ရေးလုပ်ငန်းများ ထားပစ်ကာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

1194
Photo: CJ

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့‌တောင်ပိုင်း ‌ကျေးရွာများအတွင်း စစ်‌ကောင်စီတပ်များက ဝင်‌ရောက်လှုပ်ရှားမှု‌ကြောင့် ‌ထောင်နှင့်ချီ‌သော ‌ဒေသခံရွာသူရွာသားများမှာ ၎င်းတို့၏ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းဖြစ်‌သော စိုက်ပျိုး‌ရေးနှင့် ‌မွေးမြူ‌ရေးလုပ်ငန်းများအားလုံးကို ထားပစ်ကာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု သိရသည်။

‌ကော့ကရိတ်‌တောင်ပိုင်းတွင်ရှိသည့် ‌ဒေသခံများသည် ယခုအချိန်တွင် ၎င်းတို့စိုက်ပျိုးထားသည့် စပါး၊ ‌မြေပဲ၊ ‌ပြောင်းနှင့် နှမ်းများ ရိတ်သိမ်းချိန်ဖြစ်‌သော်လည်း စိုက်ခင်းအားလုံးကို ပစ်ထားရသည့်အပြင် ‌နေအိမ်၌‌မွေးမြူထား‌သော အိမ်‌မွေး တိရိစာ္ဆန်များလည်း လွှတ်ထားပြီး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း အံဖကြီး‌ကျေးရွာအုပ်စုရှိ ‌ဒေသခံတစ်ဦးက ‌ပြော သည်။

၎င်းက “တချို့ဆို စပါးမှည့်ပြီး၊ ရိတ်ရမယ့်အချိန်‌ရောက်ပြီး ရိတ်လို့ မအား‌တော့ဘူး။ တချို့ ‌မြေပဲစိုက်တဲ့လူ‌တွေက လည်း ‌မြေပဲ မနုတ်ရ‌သေးဘူး။ ပြီး‌တော့ ‌မွေးမြူထားတဲ့ နွားတို့၊ ဆိတ်တို့ကလည်း ပိုင်ရှင်မရှိတဲ့အချိန် အစာငတ်မှာ ‌ကြောက်လို့ အကုန်လွှတ်ထားရတယ်ဆို‌တော့ စိုတ်ခင်း‌တွေထဲဝင်ပြီး အကုန်ဝင်ဖျက်ဆီး‌ပေါ့။ ပြီး‌တော့ စိုက်ခင်းပြန် ကြည့်ဖို့လည်း ‌ပေါ်တာဆွဲခံထိမှာ‌ကြောက်‌တော့ ဘယ်သူမှပြန်မကြည့်ရဲဘူး။ အဲဒါ‌တွေ အကုန် ဆုံးရှုံး‌ပေါ့”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ဇန်နဝါရီလ ၆ ရက်‌နေ့မှစ၍ ယ‌နေ့အထိ ‌ကော့ကရိတ်‌တောင်ပိုင်းတွင် စစ်‌ကောင်စီတပ်များ ဝင်‌ရောက်လာသည့်အ တွက် ‌ကော့နွဲ၊ ‌မောင်းမ၊ အံဖကြီး၊ စက္ကဝက်၊ အစွန်း၊ ရွာတန်းရှည်နှင့် သုံးဆယ်သုံးဆူ ‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ‌ပေါင်း ၂၇ရွာမှ ‌ဒေသခံလူထု တစ်‌သောင်း‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရကာ အချို့မှာ အခြား‌ဒေသရှိ ‌ဆွေမျိုးများထံ သွား ‌ရောက်တိမ်း‌ရှောင်သူရှိသလို အ‌ခြေအ‌နေ‌စောင့်ကြည့်ရင်း တစ်‌နေရာမှ တစ်‌နေရာသို့ ‌ရွှေ့‌ပြောင်းခိုလှုံ‌နေထိုင်ရသူများ လည်းရှိသည်ဟု သိရသည်။

Photo: CJ

အဆိုပါ‌ဒေသသည် ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်နယ်‌မြေဖြစ်ရာ နယ်‌မြေ‌ကျော်၍ ဝင်‌ရောက်လှုပ်ရှားသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်တွင် ကမိုင်ကုန်း ဘုန်းကြီး‌ကျောင်းဝင်းနှင့် အံဖ‌လေး‌ကျေးရွာထဲရှိ လူ‌နေအိမ်များတွင် တပ်စွဲကာ အိမ်ရှင်များ ‌မွေးမြူထားသည့် ကြက်၊ ဘဲများကို ဖမ်းယူစား‌သောက်ကြသည်ဟု ‌ဒေသခံများက ‌ပြောသည်။

၎င်းစစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌နေ့အချိန်ထက် စစ်‌ရေးလှုပ်ရှားမှု တစုံတရာ မရှိ‌သော်လည်း ညအချိန်တွင် ပိုမို လှုပ်ရှားကြ‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူ၊ ‌ကော့ကရိတ်မြို့နယ်ရှိ တာဝန်ရှိသူတစ်ဦးက ယခုလို ‌ပြောသည်။

“အခု သူတို့က အံဖကြီးအထိ‌တောင် ‌ရောက်လာတယ်။ သူတို့ ဘာ‌ကြောင့်ဝင်လာလဲ‌တော့ မသိဘူး။ ပြီး‌တော့ ဒီဘက် က သွားပစ်ရင်လည်း သူတို့ ပြန်ခံမပစ်ဘူး။ ‌နေ့ပိုင်းဆိုရင် သူတို့ ငြိမ်ငြိမ်ပဲ‌နေတယ်။ ညပိုင်းမှ သူတို့က သွားလာလှုပ်ရှား ‌နေတယ်။”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌ကေအဲန်ယူနယ်‌မြေတွင် နယ်‌မြေ‌ကျော်ဝင်‌ရောက်လှုပ်ရှားသည့် ၎င်းစစ်‌ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀‌ကျော် မှာ ‌ခြေလျင်တပ်ရင်း-ခလရ(၂၃၀)၊ (၂၃၁)၊ ‌ခြေမြန်တပ်ရင်း-ခမရ(၅၄၅)၊ (၅၄၆)နှင့် တပ်မ(၂၂)လက်‌အောက်ခံ တပ်ရင်း တို့ဖြစ်ပြီး ကမိုင်ကုန်း‌ကျေးရွာ၊ အံဖ‌လေး‌ကျေးရွာနှင့် အံဖကြီးရွာအနီးတွင် တပ်စွဲထားလျက်ရှိသည်ဟု သိရသည်။