Home သတင်း ဖရူဆို အစုပြုံလိုက် သတ်ဖြတ်ခံရမှုကို IIMM ထံ သက်‌သေနှင့်တကွ ‌ပေးပို့သွားမည်ဟု NUG ဝန်ကြီး ‌ပြောဆို

ဖရူဆို အစုပြုံလိုက် သတ်ဖြတ်ခံရမှုကို IIMM ထံ သက်‌သေနှင့်တကွ ‌ပေးပို့သွားမည်ဟု NUG ဝန်ကြီး ‌ပြောဆို

1825

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆို‌ကျေးရွာတွင် ၂၀၂၁၊ ဒီဇင်ဘာလ ၂၄ရက်‌နေ့က စစ်‌ကောင်စီ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို ကုလသမဂ္ဂ အချက်အလက်ရှာ‌ဖွေ‌ရေးအဖွဲ့(IIMM)ထံ သက်‌သေအ‌ထောက်အထားနှင့် တကွ ‌ပေးပို့သွားမည်ဟု NUG-အမျိုးသားညီညွတ်‌ရေးအစိုးရ၏ လူ့အခွင့်အ‌ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦး‌အောင် မျိုးမင်းက ‌ပြောဆိုလိုက်သည်။

ဇန်နဝါရီလ (၃)ရက် ယမန်‌နေ့ည‌နေက NUG-အမျိုးသားညီညွတ်‌ရေးအစိုးရနှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံ‌ကောင်စီ -KSCC တို့၏ ပူး‌ပေါင်းပြုလုပ်ခဲ့‌သော သတင်းစာရှင်းလင်းပွဲတွင် စစ်‌ကောင်စီက ယခုကဲ့သို့ လူမဆန်စွာ အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှု ရရှိ‌စေရန်အတွက် (IIMM)အဖွဲ့ထံသို့ သက်‌သေနှင့်တကွ အချက် အလက်‌ပေးပို့သွားမည့်အပြင် စစ်‌ကောင်စီ‌ခေါင်း‌ဆောင်များနှင့် အ‌ပေါင်းပါများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး(ICC)နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် တရားစွဲဆိုနိုင်ရန် စီစဉ်သွားမည်ဟုလည်း NUG အစိုးရက ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

NUG လူ့အခွင့်အ‌ရေးဆိုင်ရာ ဝန်ကြီး ဦး‌အောင်မျိုးမင်းက “တရား‌ရေးဆိုင်ရာ လုပ်‌ဆောင်ချက်က‌တော့ ဒီကိစ္စ‌တွေက ဆိုးဝါးတဲ့ ရာဇဝတ်မှု‌တွေဖြစ်တယ်။ IIMM လို့‌ခေါ်တဲ့ အချက်အလက်စုံစမ်းခြင်းယန္တရားနဲ့ ခုဏတုန်းကလို ‌တွေ့ရှိတဲ့ မျက်မြင်သက်‌သေ‌တွေ၊ ကာယကံရှင်‌တွေ ‌တွေ့နိုင်ဖို့အတွက် ကျ‌နော် စီစဉ်‌ပေးပါမယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

ယမန်‌နေ့ည‌နေ သတင်းစာရှင်းလင်းပွဲတွင် ၎င်းဖရူဆိုမြို့နယ်မှ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ထဲတွင် အမျိုးသမီးနှင့် အရွယ် မ‌ရောက်‌သေးသည့် က‌လေးငယ်များ၊ မသန်စွမ်းသူများလည်း ပါဝင်သည်ဟု NUG လူ့အခွင့်အ‌ရေးဝန်ကြီးဌာနနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များ၊ ကရင်နီပြည်ရဲဌာန၊ မျက်မြင်သက်‌သေနှင့် မီးရှို့ခံရသည့်ရုပ်အ‌လောင်းများကို ခွဲစိတ်‌ပေးခဲ့ကြသည့် ဆရာဝန်များက တညီတညွတ်တည်း ရှင်းလင်း‌ပြောဆိုခဲ့ကြသည်။

“ဒီလို‌သေဆုံးပြီး သတ်ဖြတ်ခံ‌နေရတဲ့သူ‌တွေထဲမှာ သာမန်အရပ်သားပြည်သူ‌တွေ ဖြစ် တယ်ဆိုတာကို ကျ‌နော် ခိုင်ခိုင် မာမာ ‌ပြောနိုင်တယ်။ မျက်မြင်သက်‌သေ‌တွေ၊ မိသားစုရဲ့‌ပြောကြားချက်အရ ဒီလိုလူ‌တွေက တစ်ခြားအကြမ်းဖက် လည်း မဟုတ်ဘူး။ လက်နက်‌တွေနဲ့သွားတာလည်း မဟုတ်ဘူး။ သူ့ဘာသူ သာမန်သွားရင်းနဲ့ တစ်‌နေရာမှာ ဖမ်းဆီးခံရ ပြီး‌တော့ သတ်ဖြတ်ခံရ‌သော အပြစ်မဲ့ပြည်သူများ ဖြစ်တယ်။ ဒီလိုလူ‌တွေကို သတ်ဖြတ်တဲ့အခါမှာ မသကင်္ာလို့သတ် ဖြတ်တာ မဟုတ်ဘဲနဲ့ အားလုံး‌သေပါ‌စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တာ ဖြစ်တယ်။”ဟု ဦး‌အောင်မျိုးမင်းက ဆက် ‌ပြောသည်။

စစ်‌ကောင်စီတပ်ဘက်မှ ပြည်သူလူထုများကို အ‌ကြောင်းမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်‌နေခဲ့သည်ဟု ‌ဒေသခံလူထု များ ‌ပြောဆိုမှုအ‌ပေါ် စစ်‌ကောင်စီဘက်က ငြင်းဆိုထားပြီး ၎င်းဖြစ်စဉ် ဖြစ်ပွားသည့်‌နေ့တွင် ကား(၇)စီးနှင့် သွားလာ‌နေ သူများမှာ စစ်တပ်ဘက်မှ ကားတားချိန်တွင် ရပ်မ‌ပေးသည့်အတွက် PDF အဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ် သည့်အတွက် ‌သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု စစ်‌ကောင်စီ‌ပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက RFA သတင်းဌာန၏ ‌မေးမြန်းမှုကို ‌ဖြေကြားထားခဲ့သည်။

ထို‌ဖြေကြားမှုအ‌ပေါ် ကရင်နီပြည်ရဲဌာန ပြန်ကြား‌ရေးတာဝန်ခံ ဘိုဘိုက “လူ‌ပျောက်တိုင်တဲ့ဖြစ်စဉ်အရ‌ကော၊ ‌တွေ့တဲ့ သက်‌သေ‌တွေအရ‌ကော၊ ကြည့်မယ်ဆိုလို့ရှိရင် ကိုဗျားရယ်ဇနီး ‌ပြောသလိုပဲ။ ကိုဗျားရယ်က မူဆိုရွာက ‌တောင်ယာသွား ခုတ်ဖို့သွားတာ။ PDF ဖြစ်စရာအ‌ကြောင်းလည်း မရှိဘူး။ သူတို့ရဲ့ ‌ထော်လာဂျီကိုလည်း မီး‌လောင်တဲ့‌နေရာမှာ ‌တွေ့ခဲ့ တယ်‌ပေါ့။ ပြီး‌တော့မှ ကား ၃စီးကလည်း ဆီပို့တဲ့ကားပါ။ သူတို့ရဲ့ကား‌ပေါ်မှာလည်း ဆီ‌တွေလည်း ပါတယ်။ PDF ဖြစ်စ ရာ အ‌ကြောင်းမရှိဘူး။ Save The Children ဝန်ထမ်း‌တွေဟာလည်း PDF မဟုတ်တာ ‌သေချာတယ်။ ကားနံပါတ်လည်း အတည်ပြုနိုင်တယ်။ ကျန်တဲ့ ယာဉ်‌မောင်းလိုင်စင်ကိုလည်း သက်‌သေအဖြစ် ရရှိထားတယ်။ က‌လေးငယ်‌တွေကလည်း ဆရာဝန်‌ပြောသလို PDF ဖြစ်စရာအ‌ကြောင်းမရှိဘူး ‌ပြောနိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: KNDF

အဆိုပါ အစုလိုက်အပြုံလိုက် အသတ်ခံရသည့်သူများသည် ကျန်ရှိသည့်သက်‌သေနှင့် မိသားစုများ၏ ‌ပြောဆိုချက်အရ ကြည့်ခြင်းအားဖြင့် စုပြီးသွားလာခြင်းမဟုတ်သလို သွားလာ‌နေသည့် ပြည်သူများကို စစ်‌ကောင်စီက ဖမ်းဆီးပြီးမှ အစု လိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ‌ပြောဆိုနိုင်‌ကြောင်းလည်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် မီးရှို့သတ်ဖြတ်ခံရသူများ၏ ရုပ်အ‌လောင်းများကို ခွဲစိတ်‌တွေ့ရှိချက်များအရ တချို့ရုပ်အ‌လောင်းမှာ လက် ‌နောက်ပြန် ကြိုးတုပ်ထားခံရခြင်း၊ အဆုတ်အတွင်းသို့ ထိုးသွင်းဒဏ်ရာများ‌တွေ့ရှိသည့်အတွက် ညှင်းပမ်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခြင်းဖြစ်နိုင်‌ကြောင်းလည်း ကိုယ်တိုင် ခွဲစိတ်စစ်‌ဆေး‌နေသည့် ဆရာဝန်များ၏ ‌ပြောဆိုချက်အရ သိရသည်။

လူမဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် ကျူးလွန်‌နေသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှာ ‌ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (လွိုင်‌ကော်) လက်‌အောက်ခံ ဖရူဆိုအ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း-ခမရ(၅၃၁)တပ်ဖွဲ့ဝင်နှင့် စစ်‌ကောင်စီ တပ်မ(၆၆) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ကရင်နီပြည်၊ ရဲဌာနက ဖြည့် စွက်ကာ ထည့်သွင်း‌ပြောဆိုခဲ့သည်။

ထိုသတ်ဖြတ်ခံရသူများအထဲတွင် Save The Children ဝန်ထမ်းနှစ်ဦး ပါဝင်ပြီး ယင်းဝန်ထမ်းများ သတ်ဖြတ်ခံရသည့် အတွက် ကယားပြည်နယ်ရှိ က‌လေးငယ်များအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်‌ကြောင်း၊ အဆိုပါအဖြစ်အပျက်များ‌ကြောင့် ကယား(ကရင်နီ)ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ မ‌ကွေးတိုင်း‌ဒေသကြီးရှိ ‌ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ Save The Children စီမံကိန်းများ ယာယီ ရပ်ဆိုင်းထားလိုက်သည်ဟုလည်း Save The Children in Myanmar အဖွဲ့က ပြီးခဲ့ သည့် ဒီဇင်ဘာလ ၂၈ရက်‌နေ့က ထုတ်ပြန်ထားခဲ့သည်။

ဖရူဆိုမြို့နယ် မိုဆို‌ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်၏ လုပ်ရပ်သည် စစ် ရာဇဝတ်မှုဖြစ်၍ နိုင်ငံတကားအသိုင်းအဝိုင်းက တပ်မ‌တော်(စစ်‌ကောင်စီ)ကို အမြန်ဆုံးအ‌ရေးယူ‌ပေးရန် ကရင်နီအမျိုး သားတိုးတက်‌ရေးပါတီ-KNPP၊ ရခိုင့်တပ်‌တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မ‌တော် (MND-AA)နှင့် တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)တို့ကလည်း ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုထား သည်။ ထို့အတူ ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ အပါအဝင် အ‌မေရိကန်ပြည်‌ထောင်စုနှင့် အ‌နောက်နိုင်ငံများကလည်း ဖရူဆိုမြို့နယ် အစုပြုံလိုက် သတ်ဖြတ်ခံရမှုအ‌ပေါ် ပြစ်တင်ရှုတ်ချ‌ကြောင်း ‌ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံ‌ကောင်စီ (KSCC)အဖွဲ့က စစ်‌ကောင်စီသည် မတရားအာဏာသိမ်းယူသည့် ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့မှစတင်၍ ဆယ်လကြာအတွင်း ဖရူဆိုမြို့နယ်မှ အစုလိုက်အပြုံလိုက် အသတ်ခံရသူများ အပါ အဝင် ကရင်နီပြည်နယ်အတွင်း အသတ်ခံရသူ အရပ်သားများမှာ (၁၄၀)‌ကျော်ရှိ‌နေပြီး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံပြည်သူ တစ်သိန်းခွဲရှိ‌နေပြီဖြစ်‌ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုသွားသည်။