Home သတင်း လှိုင်းဘွဲမြို့နယ်‌ထွေအုပ်ရုံးနှင့် ခလရ(၂၈)ဝင်‌ပေါက်အနီး ဗုံး‌ပေါက်ကွဲမှု ထပ်ဖြစ်

လှိုင်းဘွဲမြို့နယ်‌ထွေအုပ်ရုံးနှင့် ခလရ(၂၈)ဝင်‌ပေါက်အနီး ဗုံး‌ပေါက်ကွဲမှု ထပ်ဖြစ်

1817

ဇန်နဝါရီလ ၅ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့ရှိ မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးနှင့် ၎င်းရုံးအနီးဝန်းကျင်ရှိ ‌ခြေလျင်တပ်ရင်း(၂၈) အဝင်‌ပေါက်နား တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်‌နေ့ ညပိုင်းတွင် ဗုံး‌ပေါက်ကွဲမှု ‌ရှေ့ဆင့်‌နောက်ဆင့် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

(၇၄)နှစ်‌မြောက် မြန်မာနိုင်ငံလွတ်လပ်‌‌ရေး‌နေ့ဖြစ်သည့် ထို‌နေ့ည ၈း၃ဝအချိန်တွင် မြို့နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူး ရုံး၏ ပရဝုဏ်အတွင်းဘက် ခြံစည်းရိုးနား၌ ပထမဗုံးတစ်လုံး ‌ပေါက်ကွဲခဲ့ပြီး‌နောက် ၈း၄ဝနာရီအချိန်တွင် ၎င်းရုံး၏ အနီး ဝန်းကျင်ရှိ ‌ခြေလျင်တပ်ရင်းဖြစ်သည့် ခလရ(၂၈)တပ်ရင်း ဝင်‌ပေါက်အနီးတွင် ဒုတိယဗုံးတစ်လုံး ထပ်မံ ‌ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးနှစ်လုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိ‌သော်လည်း စစ်‌ကောင်စီ၏ ခလရ(၂၈) တပ်ရင်း အဝင်‌ပေါက်အ‌ရှေ့နားရှိ MPT Wi-fi ကြိုး ပြတ်‌တောက်သွား‌ကြောင်း အမည်မ‌ဖော်လိုသူ ပြည်သူတစ်ဦးက ‌ကေအိုင်စီ သို့ ယခုလို ‌ပြောသည်။

၎င်းက “ဒီ‌ပေါက်ကွဲမှုမဖြစ်ခင်မှာဆိုရင် ည‌နေကတည်းက လူသွားလူလာတာ‌တွေ သိပ်မရှိသ‌လောက်ပဲ။ ဒီ‌နေ့က လွတ် လပ်‌ရေး‌နေ့လည်းဖြစ်တယ်။ ပြီး‌တော့ ဒိုင်းပြနဲ့ကွမ်ဘီမှာလည်း ဇာတ်ပွဲ‌တွေ၊ အာဝါ‌ဒေး‌တွေရှိ‌နေတာ‌တောင် တခြား‌နေ့ ‌တွေထက် ကား‌တွေ၊ ဆိုင်ကယ်‌တွေ အသွားအလာမရှိသ‌လောက် နည်း‌နေတယ်။ သတိထားမိသ‌လောက်‌တော့ ‌ထွေ အုပ်ရုံးလည်း တခြားရက်‌တွေထက်စာရင် ဒီ‌နေ့ည‌နေမှ ရုံးတံခါး‌တွေ ‌စော‌စောပိတ်တယ်။ တခြားရက်‌တွေဆိုရင် ရုံးပရ ဝုဏ်ထဲမှာရှိတဲ့သူ‌တွေက ပုံမှန်သွားလာလို့ရတယ်ဆို‌ပေမယ့် ဒီည‌နေမှာ‌တော့ ရုံးဝင်‌ပေါက်မှာ စစ်‌ဆေးမှု‌တွေ လုပ်‌နေ တာ‌တွေလည်းရှိတယ်။ ဒီ‌ပေါက်ကွဲမှုဖြစ်မယ်ဆိုတာကို သူတို့‌တွေ ကြိုသိ‌နေသလားပဲ။”ဟု ‌ပြောသည်။

မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးနှင့် စစ်‌ကောင်စီ ‌ခြေလျင်တပ်ရင်း(၂၈) တပ်ဝင်းမှာ လှိုင်းဘွဲမြို့၏ လမ်း‌‌ဘေးဝဲယာ ၌ တည်ရှိ‌နေပြီး ဗုံး‌ပေါက်ကွဲမှုဖြစ်ပြီး‌နောက်တွင် ၎င်း‌နေရာများကို စစ်‌ကောင်စီက လုံခြုံ‌ရေးအင်အား (၃၀)‌ကျော် ချထားကာ အများပြည်သူကို သွားလာခွင့်ပိတ်ထား‌ကြောင်းလည်း ထပ်မံ သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂)ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကလည်း ဒိုင်းပြစံပြ‌ကျေးရွာ တံတားအနီးရှိ ဇရပ်‌ပေါ်တွင် ဗုံး(၃)လုံးနှင့် ဇရပ်‌ရှေ့ လမ်းမ‌ပေါ်တွင် ဗုံး(၁)လုံး၊ စုစု‌ပေါင်း ဗုံး(၄)လုံး‌တွေ့ရှိခဲ့သည်။ ထို့ ‌နောက် လမ်းမ‌ပေါ်ရှိ ဗုံးကို စစ်‌ကောင်စီတပ်သားများက ‌သေနတ်ဖြင့် ပစ်‌ဖောက်ရှင်းလင်းခဲ့ပြီး ကျန်ဗုံး(၃)လုံးကိုမူ သိမ်းဆည်းယူ‌ဆောင်သွား‌ကြောင်းလည်း ‌ဒေသခံတစ်ဦးက ‌ပြောဆိုခဲ့သည်။