Home သတင်း ပြည်သူ့ကျန်းမာ‌ရေးကာကွယ်‌စောင့်‌ရှောက်ကြရန် KNU ခရိုင်ကျန်းမာ‌ရေးဌာန တိုက်တွန်း

ပြည်သူ့ကျန်းမာ‌ရေးကာကွယ်‌စောင့်‌ရှောက်ကြရန် KNU ခရိုင်ကျန်းမာ‌ရေးဌာန တိုက်တွန်း

1373

ဒီဇင်ဘာ ၁ဝရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်တွင် ဒီဇင်ဘာလ ၉ရက်‌နေ့က ပြုလုပ်ခဲ့သည့် လူထုကျန်းမာ‌ရေးလုပ်သား သင်တန်းဆင်းပွဲတွင် ‌ဒေသခံပြည်သူများ၏ ကျန်းမာ‌ရေးလိုအပ်ချက်များကို ကာကွယ် ‌စောင့်‌ရှောက်ကြရန် ခရိုင်ကျန်းမာ‌ရေးဌာန တာဝန်ရှိသူက တိုက်တွန်း‌ပြောဆိုသည်။

ပထမဦးဆုံးအ ကြိမ် ဖွင့်လှစ်လိုက်သည့် ၎င်းသင်တန်းတွင် ‌ကျေးရွာအသီးသီးမှ ‌ဒေသခံများ၏ ကျန်းမာ‌ရေးလိုအပ်ချက် များကို ပိုမို‌စောင့်‌ရှောက်ကူညီ‌ပေးနိုင်ရန်၊ ကျန်းမာ‌ရေးအသိပညာများ သိရှိနားလည်‌စေရန်နှင့် ပြည်သူများ၏ကျန်းမာ ‌ရေး ကာကွယ်‌စောင့်‌ရှောက်နိုင်ရန် သင်တန်းအား ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု သင်တန်းတာဝန်ခံ ဆရာ‌စောလား ‌ထော်‌သောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရပ်ရွာ‌တွေမှာ အများအားဖြင့် ကျန်းမာ‌ရေးပြုစု ‌စောင့်‌ရှောက်သူ‌တွေနည်း‌တော့ အားဖြည့်တင်း‌ပေးဖို့ လိုအပ်တယ်‌ပေါ့ ‌နော်။ ကျန်းမာ‌ရေးအသိပညာ‌ပေးတဲ့အပိုင်းနဲ့ ကုသမှုအပိုင်းခွဲပြီး သင်‌ပေးပါတယ်။ ဒီသင်တန်းပြီး‌တော့ ရပ်ရွာလူထု‌တွေ ရဲ့ ကျန်းမာ‌ရေးကဏ္ဍ‌တွေ ယခင်ထက် ပိုမိုလုပ်‌ဆောင်လာနိုင်မယ်လို့ ‌မျော်လင့်ထားပါတယ်။ လူထုကျန်းမာ‌ရေး‌တွေ ကာကွယ်‌စောင့်‌ရှောက်‌ပေးကြဖို့ ‌ပြောချင်တယ်။”ဟု တာဝန်ခံ ဆရာ‌စောလား‌ထော်‌သောက ဒီဇင်ဘာလ ၉ရက်‌နေ့က တိုက်တွန်း‌ပြောဆိုသည်။

အဆိုပါ လူထုကျန်းမာ‌ရေးလုပ်သားသင်တန်းကို ‌ကျေးရွာအသီးသီးမှ သင်တန်းသူ၊ သင်တန်းသားဦး‌ရေ ၃ဝ‌ကျော် တက် ‌ရောက်သင်ယူခဲ့ကြပြီး ကရင့်ကျန်းမာ‌ရေးဌာနဆရာများက သင်တန်းကာလ ကြာမြင့်ချိန် ၆လ သင်ကြား‌ပေးသွားခဲ့ ‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

သင်တန်းသား ‌စော‌ကျော်‌ဖောင်က “ကျ‌နော်တို့‌ဒေသမှာ ကျန်းမာ‌ရေးလုပ်သားနည်း‌တော့ အချို့အသက်မ‌သေသင့်ဘဲ ဆုံးရှုံးခဲ့ရတာ‌တွေ မြင်ခဲ့ရတယ်။ သူတို့‌တွေကို ကူညီကယ်ဆယ်ချင်လို့ ဒီသင်တန်းကို တက်‌ရောက်ဖြစ်သွားတာပါ။ သင် တန်းမှာ ကျန်းမာ‌ရေး အသိပညာ‌ပေးမှုအပိုင်းနဲ့ ကာကွယ်ကုသ‌ရေးဆိုပြီး အများကြီး သင်ယူခွင့်ရခဲ့တယ်။ ဆရာ‌တွေရဲ့ စီမံချမယ့်‌နေရာမှာ လူမျိုးဘာသာမ‌ရွေး အတတ်နိုင်ဆုံး ကူညီ‌ဆောင်ရွက်သွားမယ်။”ဟု သင်တန်းဆင်းပွဲ အခမ်းအနား တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဒူးပလာယာခရိုင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး ‌ကျေးရွာအသီးသီးတွင် Covid-19 ‌ရောဂါကူးစက် ပြန့်ပွားမှု ဖြစ်‌ပေါ်ခဲ့ပြီး နိုဝင်ဘာလ တတိယအပတ်မှစတင်ကာ ရာသီတုပ်‌ကွေး‌ရောဂါ ထပ်မံကူးစက်မှုဖြစ်လာသည့်အ တွက် ပြည်သူများ၏ ကျန်းမာ‌ရေးလိုအပ်ချက်များကို ကူညီ‌စောင့်‌ရှောက်နိုင်ရန် လိုအပ်‌နေ‌သေးလျှက်ရှိသည်ဟု ကျန်းမာ‌ရေးဌာနတာဝန်ရှိသူများထံမှ သိရသည်။