နိုဝင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ပိုင်းရှိ စစ်အုပ်စုတပ်စွဲထိန်းချုပ်ထားသည့် ကျေးရွာများတဝိုက်တွင် စစ်အုပ်စုက မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်နိုင်ရေးခက်ခဲနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲသည့် စက်တင်ဘာလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များမှ ကော့ဖန်ရပ်နှင့်ကွီမောင်တိုင်ရွာရှိ စစ်အုပ်စုအထိုင်ချထားသည့်နေရာများကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြပတိုင်၊ နောင်ထပ္ပံ၊...