Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်‌ကောင်စီတပ်ဘက် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်‌နေ

‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်‌ကောင်စီတပ်ဘက် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်‌နေ

1598

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်‌ဒေသဘက်တွင် ယ‌နေ့ဒီဇင်ဘာလ ၁၆ရက် နံနက် ဆယ်နာရီမှ စကာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား‌နေပြီး စစ်‌ကောင်စီ ဘက်က လက်နက်ကြီး ပစ်ခတ်မှုများ အဆက်မပြတ် လုပ်‌ဆောင်လျက်ရှိသည်ဟု သိရှိရသည်။

မြဝတီမှ ‌လေး‌ကေ‌ကော်ဘက်သို့ ဦးတည် စစ်‌ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်နှင့် ပဟိက‌လော်‌ကျေးရွာထိပ်ရှိ ကရင့်အမျိုးသားလွတ် ‌မြောက်‌ရေးလွတ်‌မြောက်‌ရေးတပ်မ‌တော် တို့နှင့် ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် ‌နေရာအနီးရှိ ပြည်သူတစ်ဦးက ” အခုထိပစ်‌နေတုန်းပါပဲ။ မယ်‌ထော်သ‌လေးဘက်မှာ‌ပေါ့‌နော်။ လက်နက်ကြီးသံ‌တွေ အဆက်မပြတ်ပါပဲ။ ပြည်သူ‌တွေက‌တော့ ‌ရှောင်တိမ်းကြကုန်ပြီ။ အနည်းစု‌လောက်ပဲ အထဲမှာ ကျန်တယ်”ဟု ‌ကေအိုင်စီသို့ နံနက် ၁ဝနာရီခွဲအချိန်တွင် ‌ပြောသည်။

လက်ရှိအချိန်တွင် ‌လေး‌ကေ‌ကော်ရပ်ကွက် ၆နှင့် ရပ်ကွက် ၃တွင် စစ်‌ကောင်စီတပ်များက ‌နေရာယူထားပြီး တိမ်း‌ရှောင်သွားသည့် လူ‌နေများကို မှန်ရိုက်ခွဲ၊ ပစ္စည်းဝင်‌ရောက်ယူ‌ဆောင်သွားခဲ့မှုများရှိသည်ဟု ‌ပြောဆိုကြသည်။

ထို့အပြင် ယမန်‌နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို ‌လေး‌ကေ‌ကော်ကယ်ဆယ်ကားဖြင့် မြဝတီမြို့သို့ ‌ခေါ်ထုတ်သယ်‌ဆောင်သွားရန် ညှိနှိုင်းသည့်အစီအစဉ်လည်း ပျက်ပြယ်သွားပြီဖြစ်သည်ဟု သိရှိရသည်။

ယမန်‌နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့် တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် တစ် ဦး၊ ရဲ‌ဘော်အဆင့် တစ်ဦးအပါအဝင် ၄ ဦးကျဆုံးပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦး တစ် ဦး၊ ဗိုလ်ကြီး တစ်ဦး၊ ရဲ‌ဘော်တစ်ဦး အပါအဝင် စုစု‌ပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင့်တပ်မ‌တော်နှင့် နီးစပ်သူများက ‌ပြောသည်။

လက်ရှိ ဖြစ်ပွား‌နေသည့် တိုက်ပွဲ‌ကြောင့် ယ‌နေ့ နံနက်ပိုင်းအထိ ‌လေး‌ကေ ‌ကော်မြို့သစ်နှင့် အနီးအနားရှိ ‌ကျေးရွာများမှ ရွာသူရွာသားများအပါအဝင် စစ်‌ရှောင်ပြည်သူဦး‌ရေ ၄၀၀ဝ ခန့် ‌နေအိမ်စွန့်စွာ တိမ်း‌ရှောင်သွားကြပြီဟု ကူညီကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။