Home သတင်း ဖမ်းမိစစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို ‌နွေး‌ထွေးစွာ လက်ခံထားသည်ဟု KNU ‌ပြော

ဖမ်းမိစစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို ‌နွေး‌ထွေးစွာ လက်ခံထားသည်ဟု KNU ‌ပြော

1735

ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့ ဒီဇင်ဘာလ ၁၆ရက်‌နေ့က ဖြစ်ပွားခဲ့သည့် ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲ အတွင်း ကရင်ပူး‌ပေါင်းတပ်ဖွဲ့အရှင်ဖမ်းမိသည့် စစ်‌ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြား‌စောင့်တပ် -BGF ၂ ဦးအား ‌နွေး‌ထွေးစွာ ကြိုဆိုလက်ခံ ထားသည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ‌ပြောသည်။

ယမန်‌နေ့က ဘဟိက‌လော်၊ မဲ့‌ထော်သ‌လေး နှင့် ‌မေတ္တာလင်းမြိုင်‌ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွား‌သော စစ်သည်များကို အ‌လောင်း ‌ကောက်ရန် လာသည့် တပ်ကြပ်အဆင့်သူအပါအဝင် ၈ ဦးအား ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)က အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒီ‌နေ့ မနက်မှာ‌တော့ ဖမ်းဆီးရမိထားတဲ့ စစ်‌ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင် ၈‌ယောက်ကို ‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးအဖွဲ့ တာဝန်ရှိသူဆီ လာ‌ရောက်လွှဲ‌ပြောင်းအပ်နှံတယ်။ ‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးအဖွဲ့ဘက်ကလည်း ‌နွေး‌ထွေးစွာ ကြိုဆိုလက်ခံထားပြီး‌တော့ အစားအ‌သောက်နဲ့ ‌နေရာထိုင်ခင်း‌တွေကို လုံခြုံစိတ်ချစွာ စီစဉ်‌ပေးထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နောက် အဆိုပါ ဖမ်းမိစစ်သည်များ၏ ကိုယ်‌ရေးအချက်အလက်များကို စစ်‌ဆေးမှတ်တမ်းယူပြီးပါက ‌ကေအဲန်ယူ ဗဟိုဌာနချုပ်နှင့် စစ်ဘက်ဆိုင်ရာ ဌာန တာဝန်ရှိသူများထံသို့ ဆက်လက်သတင်းပို့သွားမည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ယမန်‌နေ့က ဘဟိက‌လော်၊ မဲ့‌ထော်သ‌လေး နှင့် ‌မေတ္တာလင်းမြိုင် ‌ကျေးရွာများအကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်‌ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂ဝခန့် ကျဆုံးပြီး KNLA ဘက်က တစ်ဦးကျဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ၏ သတင်းအရင်းအမြစ်အရ သိရသည်။

ဒီဇင်ဘာလ ၁၅ရက်‌နေ့က စတင်ဖြစ်ပွားသည့် ‌လေး‌ကေ‌ကော် စစ်‌ရေးပဋိပက္ခ ‌ကြောင့် မြဝတီ‌တောင်ဘက် ‌ကျေးရွာများဖြစ်‌သော ‌ကျေးရွာများဖြစ်‌သော မဲ့‌ထော် သ‌လေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူး‌လေး ပဟိက‌လော်၊ ‌လေး‌ကေ‌ကော်၊ ရ‌သေ့ဂူ အစရှိ‌သော ‌ကျေးရွာ‌နေပြည်သူများ ၄၀၀ဝ ခန့်မှာ နီးစပ်ရာ‌တောတွင်း‌နေရာ များနှင့် နယ်ခြား‌သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ ကူးကာ စစ်‌ရှောင်‌နေရသည်ဟု သိရသည်။

လက်ရှိတွင် ‌လေး‌ကေ‌ကော်တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးကာ စစ်‌ရှောင်‌နေရသည့် ပြည်သူ ၂၀၀ဝ ‌ကျော်ရှိပြီး အဆိုပါ စစ်‌ရှောင်ပြည်သူများကို ထိုင်းအာဏာပိုင်များက ကူညီ‌စောင့်‌ရှောက်ထားသည်ဟု ကူညီ‌ထောက်ပံ့မှု‌ပေး‌နေသည့် အဖွဲ့အစည်းများက ‌ပြောသည်။

ယ‌နေ့ ဒီဇင်ဘာလ ၁၇ရက်‌နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေပြီး ‌လေး‌ကေ‌ကော်မြို့သစ် ရပ်ကွက်‌နေ ပြည်သူ ၁၀၀ဝ ခန့်မှာ အထဲတွင် ပိတ်မိ‌နေသည်ဟု သိရသည်။