Home သတင်း ဘီးလင်းမြို့နယ် ကြ‌သောင်းဆိပ် BGF စခန်းတွင် တိုက်ပွဲဖြစ်ပွား

ဘီးလင်းမြို့နယ် ကြ‌သောင်းဆိပ် BGF စခန်းတွင် တိုက်ပွဲဖြစ်ပွား

2102

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ သထုံခရိုင် တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ် ကြ‌သောင်းဆိပ်‌ကျေးရွာရှိ စစ်‌ကောင်စီလက်‌အောက်ခံ နယ်ခြား‌စောင့်တပ် -BGF တပ်စခန်းတွင် ယ‌နေ့ဒီဇင်ဘာလ ၁၇ရက်‌နေ့ နံနက်ပိုင်းမှ စကာ တိုက်ပွဲဖြစ်ပွား‌နေသည်ဟု ‌ဒေသခံရွာသားများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျေးရွာရှိ BGF စခန်းကို နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်- KNLA တပ်ဖွဲ့ဝင်များက နံနက် ၅ နာရီဝန်းကျင်မှစကာ သွား‌ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်တွင် အပြန်အလှန်ပစ်ခတ်မှုများရှိသည့်အတွက် ကြ‌သောင်းဆိပ်ရွာရှိ ‌ဒေသခံရွာသားများအပြင် အနီးအနား‌ကျေးရွာရှိ ပြည်သူများလည်း ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်‌နေရသလို အချို့မှာ ကျင်းပုန်းထဲ ဝင်‌ရောက်ခိုလှုံကြရသည်ဟု ‌ဒေသခံ၏ ‌ပြောဆိုချက်အရ သိရသည်။

“ မနက်ကတည်းက အခုထိ ကျင်းပုန်းထဲမှာပဲ ဝင်‌နေရတယ်။ အိမ်‌ပေါ်ပြန်တက်‌နေမရဲ‌သေးဘူး။ လက်နက်ကြီး ‌တွေလည်း ‌တော်‌တော်များများပစ်တယ်။ အခုကြားရတာက စခန်းသိမ်းယူနိုင်ပြီလို့ ကြားရတယ်။ ပစ်ခတ်မှုက အခုထိမရပ်‌သေးဘူး။ လက်နက်ကြီး တစ်ချက်၊ တစ်ချက် ပစ်‌သေးတယ်။ ရွာမှာက တချို့တိမ်း‌ရှောင်‌နေပြီး၊ အမျိုးသား‌တွေက မ‌နေရဲ‌တော့ဘူး တိမ်း‌ရှောင်‌နေရပြီး။”ဟု ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ကြ‌သောင်းဆိပ်‌ကျေးရွာရှိ BGF စခန်းအား KNLA တပ်ဖွဲ့ဘက်မှ တက်‌ရောက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ‌ဒေသခံများ‌ပြောဆို‌သော်လည်း နယ်‌မြေခံ KNLA တာဝန်ရှိသူများထံ ‌ကေအိုင်စီမှ ဆက်သွယ် အတည်ပြု၍မရရှိ‌သေးပါ။

ထို့အပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု‌ကြောင့် လူ‌နေအိမ်ထိမှန်ပျက်စီးမှုများရှိသလို ‌နေအိမ်ပတ်ဝန်းကျင်တွင် လက်နက်ကြီးများ ကျ‌ရောက်သည့် လက်နက်ကြီးအသံ‌ကြောင့် အဖွားအိုတစ်ဦး ထိတ်လန့်၍ ‌သေဆုံးသွားခဲ့သည်ဟု ‌ဒေသခံများထံမှ သိရသည်။

ယ‌နေ့နံနက် (၅)နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ‌နေ့လည်ပိုင်းအချိန်ထိ ပစ်ခတ်မှုများ ဆက် လက်ဖြစ်ပွား‌နေဆဲဖြစ်သလို ၎င်း BGF တပ်ဖွဲ့ဝင်များအတွက် တပ်မဟာ(၅)နယ်‌မြေ (ဖာပွန်မြို့နယ် )အတွင်းရှိ ကတိုင်တိ BGF စခန်းမှတစ်ဆင့် လက်နက်ကြီးနှင့်ကူပစ်‌ပေး‌နေကြသည်ဟု ‌ဒေသခံများက ‌ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၏ အစွန်ဆုံးရှိ အဆိုပါ ကြ‌သောင်းဆိပ်‌ကျေးရွာအ‌ခြေချ BGF တပ်စခန်းသည် ‌ကျေးရွာဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ်များနှင့် အနီးကပ်ရှိသည့်စခန်းတစ်ခုဖြစ်သလို BGFနှင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက ရိက္ခာပို့ခြင်း၊ တပ်အ‌ပြောင်းအလဲ ပြုလုပ်ခြင်းများပုံမှန်လုပ်‌ဆောင်‌နေ သည့်စခန်းတစ်ခုလည်းဖြစ်သည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်မှ အဆိုပါ စခန်းထံ ရိက္ခာများပို့ ‌ဆောင်ရာတွင် ထို‌ဒေသရှိ အမျိုးသမီးနှင့် ‌ဒေသခံများကို လူသားဒိုင်းအဖြစ် ‌ခေါ်ယူအသုံးပြုခဲ့aသည်ဟု ‌ဒေသခံများက ‌ပြောသည်။