Home သတင်း တာ့ခ်ခရိုင်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားအားလုံးကို ထိုင်းအစိုးရက ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေးမည်

တာ့ခ်ခရိုင်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားအားလုံးကို ထိုင်းအစိုးရက ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေးမည်

1209

ဒီဇင်ဘာ ၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အသက် ၁၂နှစ်မှ ၁၈နှစ်အရွယ် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ၊ ‌ကျောင်းသား အားလုံး ကို ထိုင်းအစိုးရက ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအ‌ရေး လှုပ်ရှား ‌ဆောင်ရွက်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ယခု ဒီဇင်ဘာလ ၅ရက်‌နေ့မှစ၍ ဆာသူး‌လေး အထက်တန်း‌ကျောင်းကို စတင်ထိုးနှံ‌ပေး ‌နေပြီဖြစ်ပြီး ကျန်ရှိ‌သော မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသူ၊‌ကျောင်းသားများကို ဆက်လက် ထိုးနှံ‌ပေးသွား မည်ဖြစ်‌ကြောင်း Burmese Migrant Teachers’ Association – BMTA ၏ ပြင်ပဆက်ဆံ‌ရေးတာဝန်ခံ ဆရာမ ‌ဒေါ်‌ရွှေ စင်ဝင်းက ယခုလို ‌ပြောသည်။

‌ဒေါ်‌ရွှေစင်ဝင်းက “ကျမ (မဲ‌ဆောက်)‌ဆေးရုံကြီးကို လှမ်း‌မေးကြည့်‌တော့ သူတို့က ဆရာမအ‌နေနဲ့ ‌ကျောင်းသားမိဘ ‌တွေကို ‌သေ‌သေချာချာ ‌ပြောပြ‌ပေးပါတဲ့။ ဒီ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေအားလုံးမှာရှိတဲ့ ၁၂နှစ်က‌နေ ၁၈နှစ်အတွင်း က‌လေးတိုင်းကို ကာကွယ်‌ဆေး‌ပေးမှာပါတဲ့။ ဒီဇင်ဘာလ ‌နောက်ဆုံးအပတ်မဟုတ်ရင် ဇန်နဝါရီလ ပထမအပတ်ထဲမှာ သူတို့‌ကျောင်းအလိုက် ထိုး‌ပေးသွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် ကာကွယ်‌ဆေး ထိုးနှံ‌ပေးသွားမည့် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊‌ကျောင်းသားများစာရင်းကို ၎င်းတို့အ‌နေ ဖြင့် သက်ဆိုင်ရာ ‌ရွှေ့‌ပြောင်းပညာ‌ရေး အဖွဲ့အစည်းများအလိုက် စာရင်း‌ကောက်ယူတင်ပြထား‌ကြောင်းနှင့် တာ့ခ်ခရိုင် အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၀‌ကျော် အားလုံးကို ထိုးနှံ‌ပေးသွားမည်ဖြစ်သည်ဟုလည်း ‌ဒေါ်‌ရွှေစင်ဝင်းက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ‌မြောက်ပိုင်း၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၇၀‌ကျော်တွင် ‌ကျောင်းသူ၊‌ကျောင်းသား ‌ပေါင်း တစ်‌သောင်း‌ကျော် စာသင်ကြား‌နေကြပြီး အဆိုပါ‌ကျောင်းသူ‌ကျောင်းသားအနက် အသက် ၁၂နှစ်နှင့် ၁၈နှစ်အ တွင်း က‌လေးငယ်များအားလုံးကို ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ် ကူးစက်မှု ဒုတိယလှိုင်းနှင့် တတိယလှိုင်းများတွင် သိန်းနှင့်ချီသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ် သမားများ ကူးစက်ခံခဲ့ရပြီး ထိုင်းအစိုးရက ၎င်းမြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကိုပါ ကိုဗစ် ကာကွယ်‌ဆေး ထိုးနှံ ‌ပေးခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း၌ ကိုဗစ်ကူးစက်မှု ‌လျော့ကျသွား‌သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ရက်‌နေ့က ထိုင်းနိုင်ငံသို့ ဝင်‌ရောက်လာသည့် အ‌မေရိကန်နိုင်ငံသားတစ်ဦးထံမှ ဗီဇ‌ပြောင်း ကိုဗစ်‌ရောဂါပိုးသစ် Omicron ကူးစက် ခံထားရ‌ကြောင်း ထိုင်းကျန်းမာ‌ရေးဌာနက ‌ကြေညာထားသည်။

ယခုလ ၅ရက်‌နေ့က မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေအထက်တန်း‌ကျောင်းတွင် ‌ကျောင်းသူ၊‌ကျောင်းသား ၃၀ဝနီးပါးကို ထိုင်းကျန်းမာ‌ရေး တာဝန်ရှိသူများမှ ကိုဗစ်ကာကွယ်‌ဆေး ပထမအကြိမ်ကို စတင်ထိုးနှံ‌ပေးခဲ့ပြီး ဖြစ်သည်။ ယခုထိုးနှံ ‌ပေးသည့် ကာကွယ်‌ဆေး အမျိုးအစားမှာ ဖိုင်ဇာ(Pfizer)ဖြစ်ပြီး တစ်လခြားသည့်အတွက် ကာကွယ်‌ဆေး ဒုတိယတစ် လုံးကို ဇန်နဝါရီလ ၅ရက်‌နေ့တွင် ထိုးနှံ‌ပေးသွားမည်ဟု သိရသည်။