Home သတင်း သာမည ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးရုံးစာ‌ရေး ၃ ဦး ‌ပျောက်ဆုံး‌နေ

သာမည ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးရုံးစာ‌ရေး ၃ ဦး ‌ပျောက်ဆုံး‌နေ

2562
Photo: CJ (သာမည မွငျကှငျးတဈန‌ရော)

နိုဝင်ဘာ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် သာမည ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးရုံးတွင် လုပ်ကိုင်‌နေသည့် ရုံးစာ‌ရေး သုံးဦး သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်‌နေ့ညတွင် ‌ပျောက်ဆုံးသွားခဲ့ပြီး ယ‌နေ့အထိ အဆက်အသွယ် မရ‌သေး‌ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ‌ပျောက်ဆုံးသွားသူ သုံးဦးသည် နိုဝင်ဘာလ ၈ ရက်ည ၈ နာရီဝန်းကျင်ခန့်တွင် ရုံး၌ရှိ‌နေစဉ် အမည်မသိလူ တစ်စုက Honda Fit ခဲ‌ရောင်ကားတစ်စီးဖြင့် လာ‌ရောက်‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သာမည ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောသိန်းတင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ကျ‌နော်ပြန်ကြားတာက‌တော့ လက်ထပ်စာချုပ်လုပ်ဖို့အတွက် သူတို့ကို ‌ခေါ်တယ်လို့ သိရတယ်။ သူတို့က ရုံးမှာ လုပ်တဲ့လူ‌တွေဆို‌တော့ စာရွက်စာတမ်း‌တွေထုတ်‌ပေးတဲ့ က‌လေး‌တွေ‌ပေါ့။ လက်ထပ်စာချုပ်လုပ်ဖို့ က‌လေး‌တွေက ည ၈နာရီနဲ့ ၉ နာရီကြား သွား‌စောင့်ပြီးတ‌အောင့်အကြာမှာ ကားတစ်စီးဝင်လာတယ်။ ‌နောက်ပြီး မီးအ ကုန်မိန်းချပြီး အဲဒီကား‌နောက်လိုက်သွားတယ်။ ကားအ‌နောက်မှာ ဆိုင်ကယ် နှစ်စီးလည်း ပြန်လိုက်ပါသွား တယ်လို့ ‌တွေ့တဲ့လူ‌တွေက‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ပျောက်ဆုံးသူများသည် ဦး‌အောင်‌ကျော်သူအသက် ၄ဝ နှစ်၊ ဦးကြည်ချို အသက် ၂၆ နှစ်နှင့် ဦး‌သော်‌သော်သွင် အသက် ၃ဝ နှစ်တို့ဖြစ်ကြပြီး အုပ်ချုပ်‌ရေးမှူးရုံးတွင် စာ‌ရေးအဖြစ် လုပ်ကိုင်‌နေ သူများဖြစ်ကြ သည်ဟု သိရသည်။

သာမည‌ကျေးရွာအုပ်စုတွင် ရပ်ကွက်‌ပေါင်း ၂၄ ရပ်ကွက်ရှိပြီး ၎င်း‌ပျောက်ဆုံးသွားသူများသည် ‌အောင်ချမ်းသာ(၂) ရပ်ကွက်တွင် ၁ ဦး ၊ သာမည‌တောင်‌ခြေ(တယ်လီဖုန်း) ရပ်ကွက်တွင် ၁ ဦးနှင့် ‌တောင်ညို (၁)ရပ်ကွက် တစ်ဦး ပါဝင်ကာ ရုံးစာ‌ရေးများ‌ပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးရုံးမှ အိန္ဒုနယ် ‌မြေရဲစခန်းတွင် လူ‌ပျောက်တိုင်ချက် ဖွင့်ထားသည်ဟုလည်း ၎င်း‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးက ဆိုသည်။

အဆိုပါ ‌ပျောက်ဆုံး‌နေသူ သုံးဦးအနက် ဦး‌အောင်‌ကျော်သူဆိုသူသည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၃ဝ ရက်‌နေ့က ဖားအံမြို့တွင်ပြု လုပ်သည့် တပ်‌ထောက်ခံပွဲတွင် သွား‌ရောက်ပူး‌ပေါင်းပါဝင်ခဲ့သူဖြစ်သည်ဟု သာမည ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

သာမည‌ကျေးရွာအုပ်စုတွင် ယခုလိုအုပ်ချုပ်‌ရေးမှူးရုံးရှိ ဝန်ထမ်းများ‌ပျောက်ဆုံး‌နေသည့်ကိစ္စကို အ‌ကြောင်းပြု၍ ဖမ်းဆီးစစ်‌ဆေးမှုများ တင်းကြပ်လုပ်‌ဆောင်မည်ကိုလည်း ‌ဒေသခံများက စိုးရိမ်လျက်ရှိ‌ကြောင်း သိရသည်။