Home သတင်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကို နှစ်ရှည်‌ထောင်ဒဏ်အသီးသီး ချမှတ်ခံရ

ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကို နှစ်ရှည်‌ထောင်ဒဏ်အသီးသီး ချမှတ်ခံရ

2001
Photo_Ka Hsaw Wah

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကို အမှု (၅) မှုဖြင့် ‌ထောင်ဒဏ် (၇၅)နှစ်နှင့် စီမံကိန်း၊ ဘ ဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်ကို ‌ထောင်ဒဏ် (၉၀) နှစ်ဖြင့် ယ‌နေ့(နိုဝင်ဘာလ ၉ ရက်) တွင် ဖားအံမြို့ အထူးတရားရုံး၌ အပြီးသတ်အမိန့်ချမှတ် စီရင်ခဲ့‌ကြောင်း နီးစပ်သူများက အတည် ပြု‌ပြောဆိုသည်။

စစ်‌ကောင်စီဘက်မှ အဂတိလိုက်စားမှုဖြင့် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကို အမှုတစ်မှုစီအတွက် ‌ထောင် ဒဏ် ၁၅ နှစ်ဖြင့် (၅)မှု‌ပေါင်း (၇၅) နှစ် ကျခံရန်နှင့် ဦးသန်းနိုင်ကိုလည်း အမှုတစ်မှုစီအတွက် ‌ထောင်ဒဏ် ၁၅ နှစ်ဖြင့် အမှု‌ပေါင်း ၆ ခုအတွက် ‌ထောင်ဒဏ် (၉၀) နှစ်ကျခံရန် စီရင်ခဲ့‌ကြောင်း အမှုလိုက်ပါ ‌ဆောင်ရွက်‌ပေးသူ ‌ရှေ့‌နေ ဦး‌ဇော်မင်းလှိုင်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ဝန်ကြီးချုပ်အမှုက စုစု‌ပေါင်းအဂတိ လိုက်စားမှု တိုက်ဖျက်‌ရေးအမှုနဲ့ စွဲခံရတာ ၅မှု စီမံဘဏ္ဍာ စည်ပင် ဝန်ကြီးဦးသန်းနိုင်က စုစု‌ပေါင်း ၆ မှု၊ ဒီ‌နေ့ ကရင်ပြည်နယ် တရားလွှတ်‌တော် ဖားအံ ‌ထောင်တွင်းမှာ စစ်‌ဆေးစီရင်တဲ့ ကရင်ပြည်နယ် ‌ထောင်တွင်းလွှတ်‌တော် တရားရုံးက‌နေ တစ်မှုကို ၁၅ နှစ်နှုန်းနဲ့ ဝန်ကြီး ချုပ်အတွက် အမှု ၅ မှုနဲ့စုစု‌ပေါင်း ၇၅ နှစ်၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ရဲ့ အမှု ၆ မှုအတွက် နှစ် (၉၀) အသီးသီး အလုပ်နဲ့‌ထောင်ဒဏ် ချမှတ်လိုက်တယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ်နှင့် စည်ပင်ဝန်ကြီးတို့ကို တစ်ဦးချင်းစီအတွက် အဂတိမှုဖြင့် တရားစွဲထားမှု ၃ မှု ရှိပြီး ဝန်ကြီးချုပ်ကို တစ်မှုနှင့် စည်ပင်ဝန်ကြီးကို ၂ မှု စွဲဆိုခဲ့ပြီး နှစ်ဦး‌ပေါင်း အမှုတွင် ၄ မှု စွဲဆို ခဲ့ခြင်း ‌ကြောင့် စုစု‌ပေါင်း ၇ မှုတွင် ပြည်နယ်ဝန်ကြီးချုပ်အတွက် ၅ မှု နှင့် စည်ပင်ဝန်ကြီးအတွက် (၆) မှုဖြစ်သွားပြီး အမှုတစ်ခုစီတိုင်းအတွက် အလုပ်နှင့် ‌ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခင် စစ်‌ကောင်စီ၏ထုတ်ပြန်ချက်တွင် ၎င်းတို့ နှစ်ဦးကို အဂတိ လိုက်စားမှုတိုက်ဖျက်‌ရေး‌ကော်မရှင် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့၏ စစ်‌ဆေး‌တွေ့ရှိချက်အရ ဖားအံမြို့၊ ကမ်းနားလမ်းသာယာလှပ‌ရေးနှင့် အဆင့် မြှင့်တင်‌ရေး လုပ်ငန်းစီမံကိန်း၌ ပုဂ္ဂလိကသို့ ခွင့်ပြု‌ပေးပိုင်ခွင့်မရှိ‌သော ကမ်းနားလမ်း ‌မြေ ၄ ဧက ‌ကျော်ကို ပုဂ္ဂလိကသို့ ‌မြေငှားဂရန်ထုတ်‌ပေးခဲ့၍ နိုင်ငံပိုင်‌မြေဆုံးရှုံးပြီး နိုင်ငံ‌တော်ဘဏ္ဍာ‌ငွေ ကျပ်သန်း (၅,၃၈၀) ‌ကျော်နစ်နာ‌စေခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ထို့‌နောက် ပြီးခဲ့သည် ၂၀၁၈ ခုနှစ်၊ ‌မေလ ၁၄ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ‌ဒေသဖွံ့ဖြိုး ‌ရေးအ‌ကြောင်းပြကာ စီးပွား‌ရေးလုပ်ငန်းအသီးသီးမှ ‌ကောက်ခံခဲ့‌သော ရန်ပုံ‌ငွေများကို နိုင်ငံ‌တော် ဘဏ္ဍာစာရင်းသို့ ‌ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်များ၌ သီးခြား‌ငွေစာရင်းများဖွင့်လှစ်ကာ ‌ငွေကျပ် သန်း (၉,၆၉၇) ‌ကျော်ကို လက်ခံရယူခဲ့ခြင်း၊ နိုင်ငံ‌တော်ဘဏ္ဍာ‌ငွေနှင့် သက်ဆိုင်‌သော ‌ဒေသဖွံ့ဖြိုး ‌ရေးရန်ပုံ‌ငွေ ‌ငွေကျပ်သိန်း (၇,၄၂၅) ကျပ်ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်‌ချေးခဲ့ခြင်း၊ အဆင့်မြင့်‌ဈေး ဝယ်စင်တာ တည်‌ဆောက်‌ရေးအတွက် လုပ်ငန်းတင်ဒါ‌အောင်မြင်‌သော ကုမ္ပဏီထံမှလုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိ‌သေးဘဲ စုစု‌ပေါင်း‌ငွေကျပ်သိန်း (၅၀၀၀)ကို ကြိုတင်လက်ခံရယူ ခဲ့ခြင်းများရှိ ‌ကြောင်းလည်း ဆက်လက်‌ဖော်ပြထားသည်။

ထို့အပြင် ဝန်းကြီးချုပ် နန်းခင်‌ထွေးမြင့်သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ယာဉ်မ‌တော်တဆမှု‌ကြောင့် ထိခိုက် ဒဏ်ရာရရှိကာ ဘယ်ဘက်‌ခြေသလုံးရိုးကျိုးဒဏ်ရာကို ဖားအံမြို့နှင့် ရန်ကုန်မြို့၌ ‌ဆေးကုသမ ခံယူရာတွင် ပြည်နယ်ဖွံ့ဖြိုး‌ရေး ရန်ပုံ‌ငွေစာရင်းမှ ‌ငွေကျပ် ၁၆သန်းခွဲကို ရယူသုံးစွဲခဲ့‌ကြောင်းလည်း စစ်‌ကောင်စီဘက်က စွပ်စွဲ‌ပြောဆိုခဲ့သည်။

ထို့အတူ စည်ပင်ဝန်ကြီး‌ဟောင်း ဦးသန်းနိုင်မှာ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန် ‌ကောက်မြို့သို့ သွား‌ရောက်ပြီး ‌ကျောရိုးမကြီးအား ခွဲစိတ်ကုသမှုခံယူခဲ့ရာ၌ လုပ်ငန်းရှင်တစ်ဦးထံမှ အ‌မေရိကန်‌ဒေါ်လာ ၁၀,၀၀ဝ ကို လက်ခံရယူခဲ့ခြင်း၊ ၂၀၂ဝ ‌အောက်တိုဘာလက မဲဆွယ်စည်းရုံး‌ရေး ကုန်ကျစရိတ်‌ငွေ ကျပ်သိန်း ၅ဝ ကို လုပ်ငန်းရှင်တစ်ဦးထံမှ ‌တောင်းခံရယူခဲ့ခြင်းများရှိ‌ကြောင်း စစ် ‌ကောင်စီဘက်က ထုတ်ပြန်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးဥပ‌ဒေ ပုဒ်မ ၅၅ ဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့မ ရဲစခန်း၌ တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်စီရင်မှုနှင့်ပတ်သက်ပြီး “တရားမျှတမှုနှင့်ပတ်သက်ပြီး အားရ‌ကျေနပ်မှု မရှိဘူး။ တရားခံ အခွင့်အ‌ရေး‌တွေ အပြည့်အဝ ရရှိခဲ့ခြင်း မရှိဘူး။ တရားစွဲဆိုတဲ့ အ‌ထောက်အထား‌တွေက ခိုင်လုံ မှန်ကန် မျှတတဲ့ ယူဆချက် မရှိတဲ့အတွက် တရားစီရင်‌ရေး နဲ့ ပတ်သက်လို့ ‌ကျေနပ်အားရနှစ်သက်မှု လုံးဝမရှိ‌ကြောင်း အဲ့လိုပဲ ရိုးရိုး‌လေးပဲ ‌ပြောချင်တယ်။” ဟု ‌ရှေ‌နေ့ ဦး‌ဇော်မင်းလှိုင်က ဆက်‌ပြောသည်။

ယ‌နေ့ စီရင်ဆုံးဖြတ်မှုကို တစ်ဦးချင်း အမှု ၃ မှုဖြစ်‌သော ရာဇဝတ်ကြီးအမှု အမှတ်(၅)(၆) (၇) အတွက် ပြည်နယ်တရားလွှတ်‌တော် တရားသူကြီး ‌ဒေါ်ခင်‌ဆွေထွန်းမှ စီရင်ဆုံးဖြတ်ခဲ့ပြီး နှစ်ဦးတွဲအမှုဖြစ်‌သော ရာဇဝတ်ကြီးအမှု အမှတ် (၁) (၂) (၃) (၄)အတွက် ပြည်နယ်တရားလွှတ်‌တော် တရားသူကြီး ‌ဒေါ်ခင် စိမ်းဝင်းက စီရင်ဆုံးဖြတ်ခဲ့‌ကြောင်းလည်း အမှုလိုက်ပါ‌ဆောင်ရွက်သည့် ‌ရှေ့‌နေများထံမှ သိရသည်။

စစ်အာဏာသိမ်းသည့် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကို ဖမ်းဆီး ခဲ့ပြီး ‌ဖေ‌ဖော်ဝါရီလ ၂ ရက်တွင် ပြန်လွှတ်‌ပေးခဲ့ကာ ‌နေအိမ်အကျယ်ချုပ်ထားရှိခဲ့ပြီး‌နောက် ‌ဖေ‌ဖော် ဝါရီလ ၈ ရက်တွင် ‌နောက်ထပ်တစ်ကြိမ်ထပ်မံဖမ်းဆီးခံခဲ့ရပြီး ‌မေလ ၃ဝ ရက်တွင် နိုင်ငံ‌တော် မတည်မငြိမ်ဖြစ်‌စေရန်လှုံ့‌ဆော်မှု ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၅၀၅(ခ)ဖြင့် ၎င်းတို့ နှစ်ဦးကို ‌ထောင် ဒဏ်(၂) နှစ်စီချမှတ်ခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ဝန်ကြီးချုပ်အ‌နေဖြင့် ပြစ်ဒဏ် (၇၇) နှစ် နှင့် စည်ပင်ဝန်ကြီးအ‌နေဖြင့် (၉၂) နှစ် အသီးသီး ကျခံသွားရမည်ဖြစ်သည်။