Home ဆောင်းပါး နှစ်နိုင်ငံ အကျိုးအမြတ် လွန်ဆွဲမှုကြားက စ‌တေးခံ ‌မြေဇာပင်များ

နှစ်နိုင်ငံ အကျိုးအမြတ် လွန်ဆွဲမှုကြားက စ‌တေးခံ ‌မြေဇာပင်များ

1347
Photo: Internet

နှစ်နိုင်ငံ အကျိုးအမြတ် လွန်ဆွဲမှုကြားက စ‌တေးခံ ‌မြေဇာပင်များ

မျိုး‌ဇော်

(နိုဝင်ဘာ ၁ဝရက်၊ ၂၀၂၁ခုနှစ်)

စက်တင်ဘာလက‌နေစပြီး ထွက်‌ပေါ်လာတဲ့ “ထိုင်း‌ရောက် ‌ရွှေ့‌ပြောင်းလုပ်သား‌တွေကို ပန်း‌ရောင်ကဒ်၊ CI (Certificate of Identity) ပတ်စပို့စ် စတဲ့ အ‌ထောက်အထား စာရွက်စာတမ်းများ လုပ်‌ပေးမယ်” ဆိုတဲ့သတင်းစကား ဂယက်‌တွေ ‌ကြောင့် တရားမဝင်နယ်စပ်ဖြတ်‌ကျော်မှုမှာ ကြီးမားတဲ့တွန်းအား ဖြစ်‌စေခဲ့ပါတယ်။

ဒီလိုသတင်းစကားနဲ့အတူ ပြည်တွင်းနိုင်ငံ‌ရေး မငြိမ်သက်မှုကြား အလုပ်လက်မဲ့ အ‌ခြေခံလူတန်းစား‌တွေဟာ နွယ်တစ် ခက် မြက်တစ်ပင် အာရုံ‌ပေးမှား ပွဲစား‌တွေရဲ့ ‌ပြောင်‌မြောက်တဲ့ အလိမ်အညာ စကားလုံး‌အောက်မှာ အိပ်မက်‌တွေ စီရရီ ဖြင့် နယ်စပ်ကို နိဗ္ဗာန်ထင် ခိုးဝင်ဖို့ ကြိုးစားလာကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့က အစပြုတဲ့ ကိုဗစ်ပိုးဟာ ကမာ္ဘတစ်လွှား ပျံ့နှံ့ခဲ့သလို ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကြားကို လည်း သက်‌ရောက်မှု ရှိခဲ့ပါတယ်။

ကိုဗစ်ကာလ ၂၀၂ဝ ခုနှစ်၊ မတ်လ အ‌စောပိုင်းကစပြီး ထိုင်းက‌နေ နယ်စပ်အသီးသီးကတဆင့် ‌နေရပ်ပြန်လာတဲ့ မြန်မာ လုပ်သား‌တွေဟာ ဒီက‌နေ့အထိ ၂နှစ်နီးပါး ကာလအတွင်း နှစ်သိန်း‌ကျော်ခန့် ရှိလာပါပြီး။

ယင်းကဲ့သို့ ပြန်လာစဉ်မှာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ စာအုပ်‌တွေကို ထိုင်းကအထွက် နယ်စပ်မှာ ဘတ် ၁၀၀ဝ ‌ကျော်ကုန်ကျမယ့် အလည်ပြန် ဗီဇာတုံးထုကာ ပြန်လာသူနည်းပါးပြီး များ‌သောအားဖြင့် ထိုင်းကို ပြန်မဝင် အပြီးပြန် လာသူများဟု ဆိုကာ Cancel တုံးထုလာသူ ပို၍များပါတယ်။

အခု‌တော့ ပြည်‌တော်ပြန် မြန်မာ‌တွေဟာ ပြည်တွင်းမှာ နိုင်ငံ‌ရေးမငြိမ်သက်မှု‌ကြောင့် အလုပ်အကိုင် ပိုမို၍ ရှားပါးလာ တာ‌ကြောင့် မိသားစုရဲ့ စားဝတ်‌နေ‌ရေး အကြပ်အတည်းကို ‌ဖြေရှင်းဖို့ ထိုင်းနိုင်ငံသို့ တစ်‌ကျော့ပြန် သွား‌နေကြတာပါ။ ပြန်လာစဉ်က တရားဝင်ဆို‌ပေမယ့် ယခု ပြန်သွားချိန်မှာ‌တော့ တရားဝင် နယ်စပ်ဖြတ်‌ကျော်ခွင့်မရတဲ့ အ‌ခြေအ‌နေမှာ လူကယ်ရီများကို အခ‌ကြေး‌ပေးပြီး ထိုင်းသို့ တရားမဝင်နည်းလမ်းနဲ့ နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်‌နေကြရပါတယ်။

Photo: Internet

ထိုသို့ ထိုင်းသို့ တရားမဝင် နယ်စပ် ဖြတ်‌ကျော်ဝင်‌ရောက်ရာမှာ ထိုင်း-မြန်မာနယ်စပ် ဝင်‌ပေါက်များဖြစ်တဲ့ ကရင်ပြည် နယ်ဘက်ခြမ်းက မြဝတီ-မဲ‌ဆောက်လမ်း‌ကြောင်း၊ ဘုရားသုံးဆူ-ကန်ချနဘူရီလမ်း‌ကြောင်း၊ ထားဝယ်ဘက်က ထီးခီး-‌မော‌တောင်လမ်း‌ကြောင်းနဲ့ တနသင်္ာရီဘက်က ‌ကော့‌သောင်း-ရ‌နောင်း အစရှိတဲ့ နယ်စပ်ဝင်‌ပေါက်‌တွေမှတဆင့် ဝင် ‌ရောက်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ‌အောက်တိုဘာလအတွင်းက ထိုင်းသို့ တရားမဝင်လမ်း‌ကြောင်းကသွားမယ့် ‌ရွှေ့‌ပြောင်းလုပ်သား ၁၁၆ဦးကို နယ်စပ်ဖြတ်‌ကျော်ခြင်းမပြုခင် မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်မှာရှိတဲ့ ‌နေအိမ်ခြံဝင်းအတွင်းမှာ တစုတစည်းတည်း ‌တွေ့ရှိလို့ သက်ဆိုင်ရာက ဖမ်းဆီးပြီး ကိုဗစ် Quarantine စခန်းမှာ ‌ခေတ္တထိန်းသိမ်းထားရာက‌နေ ‌နေရပ်သို့ ပြန်‌စေခဲ့ တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

ဒီလို တရားမဝင်လမ်း‌ကြောင်းက‌နေ နယ်စပ်ဖြတ်‌ကျော်ဖို့ တာစူ‌နေကြသူ‌တွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ် အစရှိတဲ့ ‌နေရာအသီးသီးက‌နေ လာကြသူ‌တွေ ဖြစ်ပါတယ်။

သူတို့အထဲမှာ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံက ပြန်လာသူ‌တွေ များပါတယ်။ အခုအခါ ထိုင်းသို့ တရားဝင် ပြန်သွား ခွင့်မရ‌တော့ လူပွဲစား‌တွေနဲ့ ချိတ်ဆက်ပြီး တစ်ဦးကို ထိုင်းဘတ်‌ငွေ ၂၀,၀၀ဝ ဝန်းကျင်ထိ အကုန်ကျခံကာ အခုလို တရားမဝင် သွား‌နေကြရတာပါလို့ အဲဒီအစုအဖွဲ့ထဲမှာ ပါဝင်သူတစ်ဦးက ‌ပြောပါတယ်။

“ကျ‌နော်က ထိုင်းက‌နေ ပြန်လာတာ (၁)နှစ်‌ကျော်ပြီး။ ‌ရွေး‌ကောက်ပွဲ မဖြစ်ခင်ကတည်းက‌ပေါ့။ ပြန်လာတုန်းက‌တော့ ထိုင်းကို ပြန်မသွား‌တော့ဘူး။ ကိုယ့်ဆီမှာ ပါလာတဲ့ ပိုက်ဆံ‌လေးနဲ့ အရင်းအနှီးလုပ်ပြီး ‌နေမယ်‌ပေါ့။ ဒါ‌ပေမယ့် ကျ‌နော် မြန်မာပြည်‌ရောက်ပြီး သိပ်မကြာခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်သွားတယ်။ နိုင်ငံ‌ရေး မငြိမ်သက်မှု‌ကြောင့် ဘာအလုပ် မှလည်း လုပ်လို့မရဘူး။ ဘန်‌ကောက်ကပါလာတဲ့ ‌ငွေ‌တွေလည်း ထိုင်စားတာနဲ့ပဲ ကုန်လုနီးနီးဖြစ်‌နေပြီး‌လေ။ ဒါ‌ကြောင့် ‌ရေရှည်မှာ မိသားစုစားဝတ်‌နေ‌ရေး ပိုမို ကြပ်တည်းလာနိုင်တာ‌ကြောင့် အခုလို ထိုင်းကို အရဲစွန့်ပြီး ပြန်သွားရခြင်းဖြစ်ပါ တယ်။”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် “အခု ထိုင်းမှာက အ‌ထောက်အထားမဲ့ ‌နေထိုင်သူ‌တွေကို ပန်း‌ရောင်ကဒ်‌တွေ ပတ်စပို့စ်စာအုပ်‌တွေ လုပ်‌ပေး မယ်ဆို‌တော့ သွားချင်တဲ့သူ‌တွေက များပါတယ်။ အခု ကျ‌နော်တို့အဖွဲ့ထဲမှာ ဘန်‌ကောက်ပြန်‌တွေပါသလို အသစ်သွား မယ့်သူ‌တွေလည်း ရှိတယ်။”လို့လည်း သူက ဆက်‌ပြောပါတယ်။

Photo: Internet

ကနဦး ထွက်‌ပေါ်လာတဲ့သတင်း‌တွေအရ မြန်မာလုပ်သား‌တွေအတွက် CI ပတ်စ်ပို့စာအုပ်‌တွေကို ထိုင်းနိုင်ငံ၊ စမွတ်ဆ ခွန်ခရိုင် မဟာချိုင်နယ်‌မြေ အပါအဝင် ဘန်‌ကောက်မြို့အနီးက ‌နေရာ ၂ခုနဲ့ ထိုင်း-မြန်မာနယ်စပ်‌တွေဖြစ်တဲ့ တာချီ လိတ်တဖက်ကမ်းက မယ်ဆိုင်မြို့၊ ဘုရားသုံးဆူတဖက်ကမ်းက ကန်ချဘူရီမြို့၊ ‌ကော့‌သောင်းမြို့တဖက်ကမ်းက ရ‌နောင်းမြို့ စတဲ့ နယ်စပ်ဝင်‌ပေါက်မြို့ ၃‌နေရာမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အခု CI ဖွင့်လှစ်မယ့် ရုံး‌နေရာ‌တွေကို စစ်‌ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခုက ‌လေလံ‌ကြေး မြန်မာ‌ငွေ ကျပ်သိန်း (၅) ‌ထောင်ဖြင့် လုပ်ကိုင်ခွင့်ရရှိထား‌ကြောင်း ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး ‌အေဂျင်စီ‌တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

မြန်မာလုပ်သား‌တွေအတွက် CI ပတ်စ်ပို့စာအုပ်လုပ်‌ပေးမယ့်ကိစ္စနဲ့ပတ်သက်လို့ ‌ရွှေ့‌ပြောင်းလုပ်သားအ‌ရေး ကျွမ်းကျင် သူတစ်ဦးက ထိုင်းနိုင်ငံမှာ ‌နေထိုင်တဲ့ အ‌ထောက်အထားမဲ့ ‌ရွှေ့‌ပြောင်းလုပ်သား‌တွေကို ပန်း‌ရောင်ကဒ်တို့ CI အမျိုးအ စားပတ်စ်ပို့ စာအုပ်‌တွေ ထုတ်‌ပေးမယ်ဆိုတာက ‌ရွှေ့‌ပြောင်းလုပ်သား‌တွေအ‌ပေါ် ‌စေတနာရှိလွန်းလို့ ထုတ်‌ပေးတာမ ဟုတ်ဘဲ ဒီ‌ရွှေ့‌ပြောင်းလုပ်သား‌တွေဆီက‌နေ သူတို့ နိုင်ငံဝင်‌ငွေရဖို့ လုပ်‌ဆောင်တာဖြစ်တယ်လို့ ‌ထောက်ပြ‌ပြောဆိုခဲ့ပါ တယ်။

“ဘာ‌ကြောင့်လဲဆို‌တော့ ပန်း‌ရောင်ကဒ်နဲ့ မည်သူမည်ဝါ ဖြစ်‌ကြောင်း ခရမ်း‌ရောင် CI ပတ်စ်ပို့စာအုပ်အတွက် တရားဝင် ကုန်ကျစရိတ်က ထိုင်းဘတ်‌ငွေ ၇၅၀ဝ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲမှာ ထိုင်းက ကျန်းမာ‌ရေးစစ်‌ဆေးခ၊ အလုပ်လုပ်ခွင့် Work Permit စတဲ့ အခ‌ကြေး‌ငွေများဖြင့် ကုန်ကျစရိတ်ရဲ့ သုံးပုံနှစ်ပုံခန့် ဝင်‌ငွေရရှိမှာဖြစ်ပြီး မြန်မာဘက်က‌တော့ ပတ်စ်ပို့စာအုပ်‌ကြေး ဘတ် ၁၀၀၀‌ကျော်သာရရှိမှာ ဖြစ်ပါတယ်”လို့ ထို‌ရွှေ့‌ပြောင်းလုပ်သားအ‌ရေး ကျွမ်းကျင်သူက ‌ပြောပါတယ်။

ထိုင်းနိုင်ငံတွင်း အ‌ထောက်အထားမဲ့ ‌ရွှေ့‌ပြောင်းလုပ်သားများအား ‌နေထိုင်ခွင့် အ‌ထောက်အထား စာရွက်စာတမ်း‌တွေ ပြုလုပ်‌ပေးမယ်ဆိုတဲ့ သတင်းဂယက်‌ကြောင့် ထိုင်းသို့ နယ်စပ်ဝင်‌ပေါက်‌တွေကတဆင့် သွား‌ရောက်သူ ရာ‌ထောင်ချီရှိ ‌နေပြီး ထိုင်းနိုင်ငံတွင်း ‌နေ့စဉ် လူ ၁၀၀‌ကျော်ဝန်းကျင် ဖမ်းဆီးခံ‌နေရတဲ့အပြင် အခု ‌နောက်ပိုင်းလမ်းခရီးမှာ လူ‌သေဆုံး မှုသတင်း‌တွေပါ ကြားလာ‌နေရပါတယ်။

အခုနှစ် ၂၀၂၁ခုနှစ် ‌အောက်တိုဘာလကုန်အထိ (၁၁)လအတွင်း တရားမဝင် နယ်စပ်ဖြတ်‌ကျော်မှု‌ကြောင့် ဖမ်းဆီးရမိ သူ (၃၀,၃၄၃)ဦးရှိပြီလို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်‌ရေးဌာနက ပြီးခဲ့တဲ့အပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Photo: Internet

ထိုသို့ တရားမဝင် နယ်စပ်ဖြတ်‌ကျော်မှု‌ကြောင့် ဖမ်းဆီးရမိသူ‌တွေကို ‌ထောင်ဒဏ် (၁)နှစ်ထိ ချမှတ်နိုင်ပြီး ဒါဟာ ၁၉၇၉ ခုနှစ်၊ ထိုင်းနိုင်ငံရဲ့ လူဝင်မှုဆိုင်ရာ အက်ဥပ‌ဒေနဲ့ တရားစွဲအ‌ရေးယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

မဲ‌ဆောက်‌ဒေသအ‌ခြေစိုက် မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူတစ်ဦးက “ဒီရက်ပိုင်း ထိုင်းနိုင်ငံထဲမှာ အဖမ်း အဆီး ပိုကြမ်းတယ်။ နယ်စပ်‌တွေမှာလည်း ‌လေ‌ကြောင်းလှည့်ကင်း‌တွေနဲ့ပါ ‌စောင့်ကြည့်‌နေတာ။ လွတ်ဖို့ မလွယ်ဘူး။ အဖမ်းခံရရင် ‌ငွေလဲကုန်၊ ‌ထောင်လဲကျမှာမို့ဖြစ်နိုင်ရင် မြန်မာနိုင်ငံသား‌တွေအ‌နေနဲ့ တရားဝင်လမ်း‌ကြောင်း ဖွင့်မှသာ လာကြပါ။”လို့ အကြံပြုပါတယ်။

မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၈၀,၀၀ဝခန့်ကို နှစ်နိုင်ငံသ‌ဘောတူစာချုပ် MOU စနစ်ဖြင့်‌ခေါ်ယူဖို့ လာမယ့် ဒီဇင်ဘာလအ တွင်း စတင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Suchat Chonklin က နိုဝင်ဘာလ ၃ရက်‌နေ့မှာ အလုပ် အကိုင်ရှာ‌ဖွေ‌ရေး‌အေဂျင်စီ ‌လေးခုနဲ့‌တွေ့ဆုံတဲ့ အစည်းအ‌ဝေးတစ်ခုမှာ ‌ပြောကြားထားတာ ရှိပါတယ်။

အခုလို မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား‌တွေကို ထိုင်းဘက်ကအလုပ်‌ခေါ်ယူမယ့် သတင်းနဲ့ပတ်သက်ပြီး မြန်မာဘက်ခြမ်းမှာ လည်း အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီများအဖွဲ့ချုပ် (MOEAF)အဖွဲ့တို့ နိုဝင်ဘာ လ ၁၂ရက်‌နေ့မှာ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

နှစ်နိုင်ငံသ‌ဘောတူစာချုပ် MOU စနစ်က ‌ရွှေ့‌ပြောင်းလုပ်သား‌တွေ ‌ပေး‌ဆောင်ရတဲ့ စရိတ်စက‌တွေကို နှစ်နိုင်ငံ အချိုး တူရရှိ‌စေတဲ့ လုပ်ငန်းစဉ်လို့ ‌ပြောလို့ရတယ်။ သို့‌ပေမယ့်လည်း ကိုဗစ်ဂယက်အ‌ကြောင်းပြပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ‌ရွှေ့‌ပြောင်းလုပ်သား‌တွေဆီက ရရှိမယ့် ဝင်‌ငွေပမာဏ လွန်ဆွဲမှုများကြားမှာ တရားဝင်‌ရွှေ့‌ပြောင်းသွားလာမှု မရရှိတဲ့ မြန်မာလုပ်သား‌တွေဟာ တရားမဝင်နယ်စပ် ဖြတ်‌ကျော်မှုဆိုတဲ့လမ်း‌ကြောင်းမှာ ပွဲစားလူကယ်ရီများကို အဆမတန် ‌ငွေ‌ပေးခြင်းနဲ့ ‌ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို ခံ‌နေကြရပါတယ်။

ဒါတင်မက လမ်းမှာဖမ်းမိတဲ့အခါ သူများနိုင်ငံထဲ ‌ထောင်နန်းစံရတာမျိုး၊ တခါတ‌လေ ယာဉ်မ‌တော်တဆဖြစ်ပြီး ထိခိုက် ဒဏ်ရာရာတာ၊ ‌သေဆုံးရတာ‌တွေကိုပါ ကြုံဆုံ‌နေရ‌တော့ ‌ငွေကုန်၊ အလုပ်မရနဲ့ ‌မျှော်လင့်ချက်‌တွေ ပျက်စီးသွားကြတဲ့ အတွက် မိ‌အေးနှစ်ခါနာထက် အခါခါ မနာကြရ‌လေ‌အောင် ‌သေချာစုံစမ်း စဉ်းစားပြီး ဆုံးဖြတ်လုပ်‌ဆောင်ကြပါလို့သာ တိုက်တွန်း‌ပြောလိုက်ချင်ပါတယ် …။