Home သတင်း တိုက်ပွဲ ဖြစ်ပွား‌နေဆဲ မူ‌တြော်(ဖာပွန်)‌ဒေသရှိ ‌ဒေသခံလူထုအတွက် အ‌ရေး‌ပေါ်အကူအညီများ KWO ‌ပေးပို့လှူဒါန်း

တိုက်ပွဲ ဖြစ်ပွား‌နေဆဲ မူ‌တြော်(ဖာပွန်)‌ဒေသရှိ ‌ဒေသခံလူထုအတွက် အ‌ရေး‌ပေါ်အကူအညီများ KWO ‌ပေးပို့လှူဒါန်း

1463
Photo: KWO

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင် တပ်မဟာ (၅) နယ်‌မြေအတွင်း နယ် ‌မြေခံ KNU တပ်ဖွဲ့ဝင်နှင့် စစ်‌ကောင်စီတပ်များအကြား စစ်‌ရေးပဋိပက္ခ‌ကြောင့် စစ်‌ဘေး‌ရှောင်‌နေရပြီး အကူအညီလိုအပ်‌နေသည့် ‌ဒေသခံပြည်သူများအတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ ဦး‌ဆောင်၍ အ‌ရေး‌ပေါ်အကူအညီများ‌ပေးပို့လှူဒါန်းလျက်ရှိ‌ကြောင်း သိရသည်။

ကူညီ‌ထောက်ပံ့‌ရေး အလှူရှင်အဖွဲ့အစည်းများ၏ ကူညီ‌ထောက်ပံ့မှုဖြင့် အ‌ရေး‌ပေါ်အကူအညီ လိုအပ် ‌နေကြသည့် ‌ဒေသခံက‌လေးသူငယ်များ၊ ကိုယ်ဝန်‌ဆောင်မိခင်များ၊ လူငယ်များ၊ သက်ကြီး ရွယ်အို များအပြင် တိုက်ပွဲ ပုံမှန်ပြင်းထန်‌နေသည့် ဖားပွန်-ကမ‌မောင်းသွား ကားလမ်းတစ်‌လျှောက် ‌ဒေသခံစစ်‌ဘေး‌ရှောင် ပြည်သူများအအတွက် လှူဒါန်း‌ပေးမှုများ ပြုလုပ်‌ပေး‌နေ‌ကြောင်း KWO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ယခုလို‌ပြောသည်။

“အရင်ကတည်းက အခုအချိန်ထိ ဖာပွန်-ကမ‌မောင်းသွားတဲ့ လမ်းတစ်‌လျှောက်မှာက လတိုင်းလိုလို တိုက်ပွဲက ပြင်းထန်‌နေတာ။ ဘာဖြစ်လဲဆို‌တော့ BGF ‌ကော၊ စစ်တပ်‌ကော တပ်အင်အားတိုးလာတဲ့ အတွက် တိုက်ပွဲက အမြဲဖြစ်‌နေတဲ့အခါ ‌ဒေသခံရွာသား‌တွေက ‌ဘေးလွတ်ရာကို ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရတာ‌တွေ ရှိသလို သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ‌တွေ အဖျက်ဆီးခံရတာ‌တွေလည်းရှိ‌တော့ အဲ့လို လူ‌တွေကို ကူညီ‌ပေးတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အ‌ရေး‌ပေါ် လိုအပ်သည့် ပြည်သူလူထုများအတွက် ခြုံ‌စောင်၊ ခြင်‌ထောင်၊ ပုခက်၊ တစ်ကိုယ်‌ရေ သန့်ရှင်း‌ရေးသုံးပစ္စည်းများ အစရှိသည့်အသုံးအ‌ဆောင်ပစ္စည်းများကို ‌ဒေသခံလူထုများ၏ အကူအညီရယူပြီး သယ်ယူပို့‌ဆောင်လှူဒါန်း‌ပေးခဲ့‌ကြောင်းလည်း KWO က ‌ပြောသည်။

Photo: KWO

လက်ရှိအ‌ခြေအ‌နေတွင်လည်း ၎င်း‌ဒေသများတွင် ထိ‌တွေ့ စစ်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲ ဖြစ်သလို စစ်‌ပြေး‌ရှောင်‌နေရဆဲ ပြည်သူအများအပြား ရှိ‌နေပြီး အ‌ခြေအ‌နေ‌ပေါ် မူတည်၍ ‌နေအိမ်ပြန် ‌ရောက်သူတချို့ ရှိ‌သော်လည်း လုံခြုံမှုမရှိကြ‌ကြောင်းလည်း ၎င်းတို့ကို ကူညီ‌ပေး‌နေသည့် လူမှုအဖွဲ့ အစည်းများက ဆိုသည်။

“အ‌ခြေအ‌နေက တည်ငြိမ်သွားပြီးလို့ ထင်ရ‌ပေမဲ့ တိုက်ပွဲက ‌နေ့တိုင်းဖြစ်‌နေတာပဲ။ ‌ဒေသခံ လူထု‌တွေက ‌ကြောက်လန့် ‌ပြေးလွှား‌နေရဆဲဖြစ်တယ်။ ‌ပေါ်တာဆွဲတာ‌တွေ၊ ‌ဒေသခံလူထု‌တွေရဲ့ပစ္စည်း‌တွေကို ဝင်ယူစားတာ‌တွေ၊ အပြင်ထွက်တာ‌တွေ့ရင် လှမ်းပစ်တာ‌တွေက အမြဲရှိ‌နေ‌ပေမဲ့ ဒါက ပုံမှန်လို ဖြစ် သွား‌တော့ ဒီကိစ္စ‌တွေက သိပ်မ‌ပေါ်ဘူး။ ‌လေယာဉ်ဗုံးလာကြဲတာတို့ ‌နေအိမ်မီးရှို့တာ‌လောက်မှ သတင်း‌တွေက တက်လာ‌တော့ လူ‌တွေက မသိရှိကြတာပါ” ဟု ‌နော်က‌ညော‌ဖောက ဆက်‌ပြောသည်။

လတ်တ‌လောအ‌ခြေအ‌နေအရ KNU တပ်မဟာ (၅)နယ်‌မြေအပြင် ကျန်တပ်မဟာ(၁) နှင့် (၃) နယ်‌မြေများတွင်လည်း ထိ‌တွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သလို စစ်‌ဘေး‌ရှောင်‌နေရသည့် ‌ဒေသခံ ပြည်သူအများအပြားလည်း ‌နေရပ်မပြန်နိုင်‌သေးဘဲ ဆက်လက်တိမ်း‌ရှောင်‌နေကြရဆဲဖြစ်သည်။ ၎င်းစစ်‌ရှောင်ပြည်သူများအတွက် လူသားချင်း စာနာ‌ထောက်ထားသည့် နိုင်ငံတကာ အလှူရှင်များ၏ နယ်စပ်ဖြတ်‌ကျော်ကူညီမှုများရရှိ‌စေရန် ‌ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများက ပုံစံမျိုးစုံဖြင့် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။