Home သတင်း ‌ကျောင်းစဖွင့်သည့်‌နေ့တွင် ဘုရားသုံးဆူမြို့ အ.ထ.က‌ကျောင်း‌ရှေ့ ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား

‌ကျောင်းစဖွင့်သည့်‌နေ့တွင် ဘုရားသုံးဆူမြို့ အ.ထ.က‌ကျောင်း‌ရှေ့ ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား

2382

နိုဝင်ဘာ ၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ‌ကျောင်းစတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၁ ရက်‌နေ့ တွင် အ‌ခြေခံပညာအထက်တန်း‌ကျောင်း(အ.ထ.က)‌ကျောင်း‌ရှေ့ခြံစည်းရိုးတံခါးအနီး ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့‌ကြောင်း မြို့ခံများထံမှ သိရ သည်။

ထိုဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်‌ကြောင့် စစ်‌ကောင်စီတပ်မှ လုံခြုံ‌ရေးအဖွဲ့များ စုံစမ်းစစ်‌ဆေးမှု ပြုလုပ်လျက်ရှိ‌နေပြီး အာဏာသိမ်းစစ်‌ကောင်စီ၏ ပညာ‌ရေးစနစ်အ‌ပေါ် ဆန်ကျင်သည့်အ‌နေဖြင့် ယခုလို ဟန့်တား သတိ‌ပေးခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်‌ပြောဆိုကြသည်။

အမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက “ည‌နေ ၂ နာရီဝန်းကျင်မှာ အထက‌ကျောင်း‌ရှေ့ တံခါးဝအနီးမှာ ဗုံး‌ပေါက်တယ်‌ပေါ့‌နော်။ မီးခိုး‌တွေ‌တော့ ‌တွေ့တယ်။ သွားမကြည့်ရဲဘူး။ တပ်‌တွေ၊ ရဲ‌တွေ စစ်‌ဆေးမှုလုပ်‌နေတုန်းပဲ။ ဒီအချိန်‌ကျောင်းဖွင့်တာကို မနှစ်သက်လို့ ဟန့်တားလုပ်တယ်လို့ မြင်တယ်။ ထိခိုက်မှု‌တော့ မရှိပါဘူး” ဟု ယမန်‌နေ့ နိုဝင်ဘာလ ၁ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ‌ကျောင်းပြန်လည်တက်‌ရောက်မည့် က‌လေးများသာ ကိုဗစ်‌ရောဂါကာကွယ်‌ဆေး ထိုးနှံ‌ပေး ‌နေသည့်အ‌ပေါ် ‌ကျောင်းသူ/‌ကျောင်းသားများအား ခွဲခြားဆက်ဆံခံရသလိုဖြစ်ပြီး မြို့‌ပေါ်တွင်လည်း ကိုဗစ် ‌ရောဂါနှင့် ရာသီတုပ်‌ကွေး‌ရောဂါ ဖြစ်ပွား‌နေသည့်အတွက် ‌ကျောင်းသားမိဘအများစုမှာ က‌လေးများ‌ရောဂါကူး စက်ခံရမည်ကို စိုးရိမ်လျက်ရှိ‌ကြောင်း မြို့ခံများထံမှ သိရသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ဖာပွန်၊ သံ‌တောင်ကြီးမြို့နယ်ရှိ စာသင်‌ကျောင်းများကို ကိုဗစ်ကာကွယ်ထိန်းချုပ် ကု သ‌ရေး‌ကော်မတီ၏ ထုတ်ပြန်ညွှန်ကြားချက်အရ ယာယီပိတ်ထားလျက်ရှိသည်။ ကျန်မြို့နယ်များတွင် နိုဝင်ဘာ ၁ ရက်‌နေ့မှစကာ အသီးသီးဖွင့်လှစ်‌သော်လည်း ‌ကျောင်းတက်‌ရောက်သူ အနည်းငယ်သာရှိသည်ဟု ပညာ‌ရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

မြန်မာနိုင်ငံ ကိုဗစ်‌ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးဗဟို‌ကော်မတီမှ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ စာသင်‌ကျောင်းများအား ယာယီပိတ်ထားပြီး ကျန်မြို့နယ်များအားလုံးကို နိုဝင်ဘာလ ၁ ရက်‌နေ့တွင် ‌ကျောင်းပြန်လည်ဖွင့်လှစ်ရမည်ဟု ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၈ ရက်‌နေ့က ထုတ်ပြန်ထားသည်။