Home သတင်း ကက်သလစ်အသင်း‌တော် ဝိညာဉ်ဆု‌တောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့

ကက်သလစ်အသင်း‌တော် ဝိညာဉ်ဆု‌တောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့

1273

နိုဝင်ဘာ ၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကွယ်လွန်‌သေဆုံးသွားခဲ့သူများ၏ ဝိညာဉ်များအတွက် ကက်သလစ်အသင်း‌တော်၏ ဆု‌တောင်းပွဲကို ဖားအံမြို့ရှိ ခရစ် ယာန်ဘာသာ‌ရေးအဖွဲ့နှစ်ဖွဲ့က စု‌ပေါင်း၍ ထန်းကိုးပင်သုဿာန်၌ နိုဝင်ဘာလ ၂ရက်၊ ယမန်‌နေ့က ပြုလုပ်ခဲ့ကြရာ အသင်းဝင် ၁၀ဝနီးပါး ပါဝင်ဆု‌တောင်း‌ပေးခဲ့ကြသည်။

ဖားအံမြို့ရှိ ရိုမန်ကက်သလစ်အသင်း‌တော်(RC)နှင့် အဂင်္လီကန်အသင်း‌တော်တို့က ‌သေဆုံးသွားခဲ့‌သော အသင်းသူ အသင်းသားများ ကျွတ်လွတ်‌စေရန်အတွက် အဆိုပါဝိဉာဉ်ဆု‌တောင်းပွဲကို ထို‌နေ့တွင်ပင် မပျက်မကွက် နှစ်စဉ် ပြုလုပ် ‌နေကျအတိုင်း ‌အောက်‌မေ့သတိရ ဆု‌တောင်း‌ပေးခြင်းဖြစ်သည်ဟု RC အသင်းသားတစ်ဦး၏ ‌ပြောဆိုချက်အရ သိရ သည်။

“RC အ‌ခေါ်အ‌ဝေါ်အရ သချိုငင်္်းပွဲလို့လည်း ‌ခေါ်ပါတယ်။ ‌သေလွန်သွားခဲ့တဲ့ အဘိုးအဘွား မိဘ ‌ဆွေမျိုးများကို မ‌မေ့ ‌လျော့ဘဲ တစ်နှစ်တစ်ခါ သတိတရ ဆု‌တောင်း‌ပေးခြင်းဖြစ်ပါတယ်။”ဟု အသင်းဝင်တစ်ဦးက ရှင်းပြသည်။

မွန်းလွှဲ ၃နာရီမှ ၄နာရီခွဲအထိ ကြာမြင့်သည့် ယ‌နေ့ ဝိညာဉ်ဆု‌တောင်းပွဲကို ထန်းကိုးပင်ရှိ ခရစ်ယာန်သချိုငင်္်းတွင် ပြု လုပ်ခဲ့ရာ ကွယ်လွန်သွားခဲ့သူများ၏ အုတ်ဂူများကို ရှင်းလင်းခြင်း၊ ‌ဆေးသုတ်ခြင်း၊ ပန်းစည်းချခြင်းနှင့် ဆီမီးထွန်းညှိ ပူ‌ဇော်ကာ ဝတ်ပြုဆု‌တောင်းခြင်းအမှုကို ဦး‌ဆောင်သူ အသင်း‌တော်‌ခေါင်း‌ဆောင်များနှင့် လာ‌ရောက်ပါဝင်သည့် အသင်းသူအသင်းသားများက ‌ဆောင်ရွက်ခဲ့ကြသည်။

ကက်သလစ်အသင်း‌တော်ဘုန်းကြီးတစ်ပါးက “အဲလိုဆု‌တောင်း‌ပေးရင် ဝိညာဉ်‌တွေ ကျွတ်လွတ်သွားတယ်လို့ ယုံကြည်ကြတယ်‌ပေါ့‌နော်။ ‌သေသွားတဲ့သူ‌တွေက ဘာမှကုသိုလ်‌ကောင်းမှု မလုပ်နိုင်‌တော့ဘူးဆို‌တော့ ဒီအသက်ရှင်‌နေ‌သေးတဲ့ ‌ဆွေမျိုးသားချင်း‌တွေက၊ အသင်း‌တော်‌ခေါင်း‌ဆောင်‌တွေက သူတို့အတွက် ဆု‌တောင်း‌ပေးတယ်။ အလှူဒါနလည်း ပြု ‌ပေးတယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ မိန့်ကြားခဲ့သည်။

ကယ်တင်ခြင်းသည် ဘုရားသခင်၏ သနားကြင်နာခြင်းအ‌ပေါ်တွင် မူတည်ပြီး ဆု‌တောင်း‌မေတ္တာပို့သခြင်း‌ကြောင့် ဝိညာဉ်များ ကျွတ်လွတ်သွားသည်ဟု တထစ်ချ ယုံကြည်ခြင်းထက် ဘုရားသခင်ကြင်နာမှုကို ခံစားရရှိရင်း ‌ကောင်းကင် နိုင်ငံသို့ ‌ရောက်ရှိခြင်းမှာ ပိုအဓိကကျသည်ဟုလည်း အဆိုပါကက်သလစ်ဘုန်းကြီးက ထပ်‌လောင်း မိန့်ကြားသည်။

ဝိညာဉ်ဆု‌တောင်းပွဲကို ကက်သလစ်အသင်း‌တော် စတင် တည်‌ထောင်စဉ်ကစ၍ တစ်ကမာ္ဘလုံးရှိ အသင်း‌တော်တည်ရှိ ရာ နိုင်ငံ၊ ‌နေရာ အ‌တော်များများတွင် ယခုကဲ့သို့‌သော အမှုကို အစဉ်တစိုက် အမှု‌တော် ‌ဆောင်ကြဉ်း‌ပေး‌လေ့ရှိသည်။

ထို့အတွက်‌ကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင်လည်း နိုဝင်ဘာလ ၂ရက်‌နေ့‌ရောက်တိုင်း ယင်းဝိညာဉ်ဆု‌တောင်းပွဲ ကို ပြုလုပ်‌လေ့ရှိကြပြီး ယခုဆိုလျှင် အဂင်္လီကန်အသင်း‌တော်မှ အသင်းဝင်များလည်း ပါဝင်ဆု‌တောင်း‌ပေးလာကြခြင်း ဖြစ်သည်။