Home သတင်း ပန်းတ‌နော်တွင် ကရင်စာသင် TA ဆရာ/ဆရာမ ‌လျှောက်လွှာ‌ခေါ်ယူ၊ ‌လျှောက်ထားသူ ရာချီရှိ

ပန်းတ‌နော်တွင် ကရင်စာသင် TA ဆရာ/ဆရာမ ‌လျှောက်လွှာ‌ခေါ်ယူ၊ ‌လျှောက်ထားသူ ရာချီရှိ

1318

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြားရန် လိုအပ်‌နေ သည့် (Teacher Assistant) ဆရာ/ဆရာမများအတွက် ‌လျှောက်လွှာ‌ခေါ်ယူခဲ့ရာ ‌လျှောက်ထားသူ ၁၀၀‌ကျော်ရှိသည် ဟု မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

တိုင်း‌ဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနက တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေးနိုင်သည့် TA ဆရာ/ဆရာမ ‌လျှောက်လွှာများ ထပ်မံ ‌တောင်းခံလာသည့်အတွက် ပန်းတ‌နော်မြို့နယ်အတွင်း ကရင်စာသင် TA ဆရာ၊ ဆရာမများ ကို ‌လျှောက်လွှာ‌ခေါ်ယူခဲ့ပြီး ‌လျှောက်ထားသူ ၁၀၀‌ကျော်ရှိ‌ကြောင်း၊ ‌လျှောက်လွှာများကို မြို့နယ် စာယဉ်ရုံး၌ နိုဝင်ဘာ လ ၂၂ရက်‌နေ့တွင် စိစစ်ကာ သတ်မှတ်ချက်ပြည့်မှီသည့် ‌လျှောက်လွှာများကို တိုင်းရုံးသို့ နိုဝင်ဘာလ ၂၄ရက်တွင် သွား ‌ရောက်ပို့‌ဆောင်မည်ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ယခုလို ‌ပြောသည်။

“‌လျှောက်လွှာ ၁၀၀‌ကျော်မှာ ကျ‌နော်တို့ စာယဉ်‌တွေက သတ်မှတ်ချက်နဲ့ ကိုက်မကိုက် ပြန်စိစစ်တယ်။ ဥပမာ – အရင် LD ဖြစ်ခဲ့ဖူးသူ‌တွေကို TA တင်‌ပေးဖို့‌ပေါ့။ စိစစ်လိုက်‌တော့ ၆ဝဦးဝန်းကျင်ခန့်ကို မြို့နယ်စာယဉ်က ‌ထောက်ခံပြီး တိုင်း ‌ဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ရုံးကို ‌လျှောက်လွှာ‌တွေ ဒီ‌နေ့ သွားပို့လိုက်တယ်။”ဟု မြို့နယ်စာယဉ် အဖွဲ့ဝင် တစ်ဦးက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

ပန်းတ‌နော်မြို့နယ်အတွင်း ကရင်စာသင် ဆရာ/ဆရာမများအ‌နေဖြင့် CDM ပြုလုပ်သွားသူများရှိသလို အချို့မှာ ချီးမြှင့် ‌ငွေ နည်းပါးသည့်အတွက် အခြားအလုပ်‌ပြောင်းလဲ လုပ်ကိုင်သူများလည်းရှိကာ အချို့မှာ မူလတန်းပြအဖြစ် ရာထူးတိုး မြှင့်ခံရသည့်အတွက် လစ်လပ်‌နေရာများ၌ အစားထိုးရန် ယခုလို ‌ခေါ်ယူခြင်းဖြစ်သည်။

ယခု ‌လျှောက်လွှာ‌ခေါ်ယူခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ‌အောက်တိုဘာလအတွင်းက ပထမအကြိမ် ‌ခေါ်ယူ ခဲ့သည်။ ထိုစဉ်က ပန်းတ‌နော် စာယဉ်အ‌နေဖြင့် ကရင်စာသင် TA ဆရာ၊ ဆရာမ ၂၉ဦးကို ခန့်အပ်နိုင်‌ရေးအတွက် ‌ထောက်ခံတင်ပြခဲ့‌သေး‌သော်လည်း လက်ရှိအချိန်ထိ TA များ ခန့်အပ်သည့် အမိန့်စာများ ထွက်ရှိမလာ‌သေး‌ကြောင်း စာယဉ်တာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိ စစ်‌ကောင်စီက တိုင်းရင်းသား စာ‌ပေသင် ဆရာ၊ ဆရာမများကို လစာတိုး‌ပေးမည့် အမိန့်စာကို တရားဝင် ထုတ် ပြန်ခဲ့ပြီး ယခင် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမ (LD)များကို တစ်လလျှင် ကျပ်သုံး‌သောင်း ချီးမြှင့်ခဲ့ ရာမှ ယခု ကျပ်‌ခြောက်‌သောင်း ချီးမြှင့်မည်ဖြစ်သလို TA များကို တစ်လကျပ် တစ်သိန်း သုံး‌သောင်း ချီးမြှင့်သွားမည်ဖြစ် ‌ကြောင်းလည်း အဆိုပါ စာယဉ်‌ကော်မတီထံမှ သိရသည်။