Home သတင်း ကရင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်များကို စစ်‌ကောင်စီက စစ်‌ဆေးဖမ်းဆီးမှုများ တိုးမြှင့်ပြုလုပ်

ကရင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်များကို စစ်‌ကောင်စီက စစ်‌ဆေးဖမ်းဆီးမှုများ တိုးမြှင့်ပြုလုပ်

1489

နိုဝင်ဘာ ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ‌နေရာအနှံ့တွင် စစ်‌ကောင်စီ လက်‌အောက်ခံအဖွဲ့များက လိုင်စင်မဲ့‌မော်‌တော်ယာဉ်များ ‌စောင့်ကြပ်စစ် ‌ဆေးမှုကို လွန်ခဲ့သည့် ၄ရက်ခန့်ကတည်းက စတင် ‌ဆောင်ရွက်လျှက်ရှိပြီး ‌နောက်ပိုင်းတွင် စစ်‌ဆေးဖမ်းဆီးမှုကို ပိုမိုတိုး မြှင့်‌ဆောင်ရွက်လာဖွယ်ရှိ‌ကြောင်း သိရသည်။

ပြည်နယ်၏မြို့‌တော် ဖားအံမြို့ပြင် သံလွင်တံတား၊ ဇာသပြင်တံတားနှင့် အိန္ဒုတံတားတို့တွင် ယင်းသို့ လိုင်စင်မဲ့ ‌မော် ‌တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ဖမ်းဆီးစစ်‌ဆေးမှုများ ပြုလုပ်‌နေသည်ဟု ဖားအံမြို့ခံတစ်ဦးက ‌ပြော သည်။

“ဒီရက်‌တွေထဲမှာ ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ယာဉ်‌တွေကို အဖမ်းအဆီးကြမ်းမဲ့သ‌ဘောမှာ ရှိ‌နေတယ်။ ပြီးခဲ့ တဲ့ ‌လေးရက်ခန့်ကတည်းက ဖားအံမြို့ပြင် သံလွင်တံတားနဲ့ ဇာသပြင်တံတား‌တွေမှာ စစ်‌ကောင်စီအဖွဲ့က ဖမ်းဆီးမှု ‌တွေ ပြုလုပ်‌နေတာပါ။ ယခင် လက်နက်ကိုင်အဖွဲ့အစည်း ‌ထောက်ခံချက်စာရွက်စာတမ်းပါတဲ့ ကား‌တွေလည်း အခု ‌တော့ သွားလာလို့ မရ‌တော့ပါဘူး။ အကုန် သိမ်းကြုံးဖမ်း‌နေတယ်။”ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ မြဝတီနယ်စပ် ကုန်သွယ်‌ရေးလမ်း‌ကြောင်းရှိ သကင်္န်းညီ‌နောင်ဂိတ်အပြင် ‌ကော့ကရိတ်မြို့အထွက် လှိုင်ဝ ဂိတ်တွင်လည်း ကုန်သွယ်‌ရေးဦးစီးဌာန ဒု-ညွှန်မှူးအဆင့်ရှိသူက ဦးစီး၍ တရားမဝင် ကုန်သွယ်မှုများအား စစ်‌ဆေးကြပ် မတ် ‌ဆောင်ရွက်သွားဖွယ်ရှိ‌ကြောင်း မြဝတီနယ်စပ်ကုန်သွယ်‌ရေးနှင့် နီးစပ်သူထံမှ သိရသည်။

“လာမယ့် ဒီဇင်ဘာ ၁ရက်‌နေ့ကစပြီး ‌ကော့ကရိတ်မြို့အထွက် လှိုင်ဝဂိတ်ကို မွန်ပြည်နယ် စစ်‌တောင်းတံတားအနီးက မရမ်း‌ချောင်ဂိတ်လို စစ်‌ကောင်စီဌာနဆိုင်ရာ အဖွဲ့စုံဖြင့် တရားမဝင် ကုန်သွယ်မှုကို ပိုမိုတင်းကြပ်သွားဖို့ ရှိပါတယ်။ ကုန်သွယ်‌ရေးဌာနက ဒု-ညွှန်မှုး လာထိုင်မယ်။ တရားမဝင် ကုန်သွယ်မှုမှာ လိုင်စင်မဲ့‌မော်‌တော်ယာဉ်‌တွေလည်း ပါတယ် ‌လေ။ ဒါ‌ကြောင့် ‌နောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ် စီးနင်းသွားလာမှုက ပိုခက်ခဲလာမယ့် အ‌ခြေအ ‌နေမှာ ရှိတယ်။”ဟု မြဝတီနယ်စပ် ကုန်သွယ်‌ရေးနှင့် နီးစပ်သူတစ်ဦးက သုံးသပ်‌ပြောဆိုသည်။

အလားတူ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့ပါဝင်သည့် အင်အား ၂၀‌ကျော်ရှိ ပူး‌ပေါင်းအဖွဲ့သည် ဖားအံမြို့နယ်၊ ဇွဲက ပင်‌တောင်‌ခြေရှိ ‌တော်ပုံ‌ကျေးရွာလမ်းဆုံတွင် ဖားအံမြို့‌ရှောင်လမ်းမကြီးအတိုင်း သွားလာ‌နေသည့် ‌မော်‌တော်ယာဉ်များ ကို ယ‌နေ့နံနက် ၁ဝနာရီမှစ၍ မွန်းလွဲပိုင်းအချိန်ထိ တားဆီးစစ်‌ဆေးခဲ့ကြရာ ဘုရားဖူးယာဉ်များ၊ အိမ်စီးကားများနှင့် သဲ၊ ‌ကျောက်တင်ကားများ စုစု‌ပေါင်း အစီး‌ရေ ၃ဝကို ဖမ်းဆီးခဲ့‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ပြောသည်။

ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ‌ဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့ဖမ်းပြီး‌တော့ ၂နာရီ‌ကျော် ၃နာရီ‌လောက်မှာက အစီး ၃ဝ ပြည့်သွား‌တော့ ဆက်မဖမ်း‌တော့ဘူး။ ဒါ‌ပေမယ့် ကား‌မောင်းသူနဲ့ ဖမ်းထားတဲ့ကားကို ဓာတ်ပုံတွဲရိုက်ထားတယ်။ ပြီး ‌တော့ အဲဒီကား‌တွေကို နံပါတ်‌တွေမှတ်ပြီး‌တော့ ဟိုး ဖားအံကိုပြန်‌မောင်းသွားတယ်။ ‌နောက်တစ်ခုက ကားဖမ်းခံရတဲ့ သူ‌တွေကို ကားအသိမ်းခံမလား။ ‌ထောင်ကျခံမလားလို့ ‌မေးတယ်တဲ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ လိုင်စင်မဲ့ကားများကို ဦးစွာ ဖမ်းဆီးပြီး‌နောက်ပိုင်း လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ဆက်လက် စစ်‌ဆေး ဖမ်းဆီးသွားမည်ဖြစ်‌ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများကို သွား‌ရောက်‌မေးမြန်းခဲ့သူတစ်ဦးက ပြန်လည်‌ပြောပြ သည်။

ယခုလို ‌မော်‌တော်ယာဉ် စစ်‌ဆေးဖမ်းဆီးသွားမည့်ကိစ္စနှင့် ပတ်သက်၍ စစ်‌ကောင်စီ၏ တာဝန်ရှိသူများက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များထံ အသိ‌ပေးထားခဲ့သည်မှာ လိုင်စင်မဲ့(ဝစ်‌သောက်)ကား စီးနင်းကြသူများကို နိုဝင်ဘာလ ၂၄ရက်မှစ၍ လုံးဝ ‌မောင်းနှင်ခွင့်‌ပေး‌တော့မည်မဟုတ်‌ကြောင်း အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက နိုဝင် ဘာလ ၂၃ရက်‌နေ့တွင် လက်နက်ကိုင်အဖွဲ့အစည်းများကို ‌ခေါ်ယူအ‌ကြောင်းကြားခဲ့သည်ဟု ဆက်ဆံ‌ရေးရုံးနှင့် နီးစပ်သူ များထံမှ သိရသည်။

ပြည်နယ်အတွင်း ခရီးသွားလာမှုနှင့် သာ‌ရေးနာ‌ရေးအတွက် လိုင်စင်မဲ့ယာဉ်များကိုသာ တွင်ကျယ်စွာ အသုံးပြု ‌မောင်း နှင်လာခဲ့ကြသည့်အပြင် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများထံတွင် တနှစ်စာအတွက် သက်ဆိုင်ရာ သတ်မှတ်ချက်အရ ‌ပေး‌ဆောင်ရင်း ‌ထောက်ခံစာ ပြုလုပ်ကာ ‌မောင်းနှင်‌နေကြသည့် လိုင်စင်မဲ့ယာဉ်များလည်း အစီး ‌ရေ ‌ထောင်နှင့်ချီ၍ ရှိ‌နေသည်။

သို့‌သော် ယခုတစ်ကြိမ် စစ်‌ဆေးမှုတွင် မည်သည့်အဖွဲ့အစည်း၏ ‌ထောက်ခံချက်လက်မှတ် ကိုင်‌ဆောင်ထားသည့် ‌မော် ‌တော်ယာဉ်ဖြစ်‌စေ လိုင်စင်မရှိပါက ဖမ်းဆီးခံရမည်သာဖြစ်‌ကြောင်း သိရသည်။

လက်ရှိ စစ်‌ကောင်စီလက်ထက် ကားတင်သွင်းမှု မူဝါဒအရ ကားအသစ် ဇီးရိုးကီလိုမီတာ ယာဉ်များကိုသာ တင်သွင်းခွင့် ပြုထားသည်ဟု သိရသည်။ အဆိုပါ ကားတင်သွင်းမှု မူဝါဒ‌ပြောင်းလဲခြင်း‌ကြောင့် လိုင်စင်ကားများမှာ ယခင်ထက် ‌ဈေး နှုန်းထိုးတက်လျှက်ရှိ‌နေပြီး သာမန် လက်လုပ်လက်စား ပြည်သူများအဖို့ လိုင်စင်ကား ဝယ်ယူစီးနင်းနိုင်ရန်မှာ ဖြစ်နိုင် ‌ခြေ ပို၍ နည်းပါးသွားမည်ဖြစ်‌ကြောင်း ‌ဝေဖန်‌ပြောဆိုမှုများ ရှိသည်။