Home သတင်း အရပ်သားအ‌ပေါ်ကျူးလွန်သည့် လူ့အခွင့်‌ရေးချိုး‌ဖောက်မှုများ ပိုတိုးလာ‌ကြောင်း KHRG အစီရင်ခံစာထုတ်ပြန်

အရပ်သားအ‌ပေါ်ကျူးလွန်သည့် လူ့အခွင့်‌ရေးချိုး‌ဖောက်မှုများ ပိုတိုးလာ‌ကြောင်း KHRG အစီရင်ခံစာထုတ်ပြန်

1020

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာသိမ်းမှု‌နောက်ပိုင်း မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း‌ဒေသများတွင် စစ်‌ရေးပဋိပက္ခများ ပြန်လည် ဖြစ်ပွားလာမှု များ‌ကြောင့် စစ်‌ကောင်စ်တပ်ဖွဲ့ဝင်များသည် အရပ်သားအ‌ပေါ် ကျူးလွန်သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ပိုတိုး လာ‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က အစီရင်ခံစာ ထုတ်ပြန်‌ပြောဆိုလိုက်သည်။

ယ‌နေ့ ပြုလုပ်သည့် KHRG ၏ အစီရင်ခံစာ ရှင်းလင်းပွဲတွင် စစ်‌ရေး ပြန်လည် တင်းမာလာသည့် မြန်မာပြည်အ‌ရှေ့ ‌တောင်ပိုင်း‌ဒေသအတွင်း စစ်‌ကောင်စီအ‌နေဖြင့် နယ်‌မြေရှင်းလင်း‌ရေးနှင့် စစ်ဆင်‌ရေးများ ပြုလုပ်ရာတွင် အရပ်သား များအ‌ပေါ် ပစ်မှတ်ထားသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်‌ဆောင်ခဲ့‌ကြောင်း အစီရင်ခံစာ တင်ပြမှုတွင် KHRG ဒါရိုက်တာ ‌နော်ထူးထူးက ယခုလို ‌ပြောသည်။

၎င်းက “လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အများဆုံး ဖြစ်တာက စစ်‌ဆေး‌မေးမြန်းမှုမရှိဘဲ ပစ်ချင်ရင် ပစ်တယ်။ ဖမ်းချင်ရင် ဖမ်းတယ်။ ‌နောက်ပြီး‌တော့ ‌ပေါ်တာဆွဲတာ။ စစ်‌ကြောင်း‌တွေ ရွာထဲကို ဝင်လာပြီးဆိုရင် ‌ပေါ်တာဆွဲတယ်။ အမျိုးသမီး အပါအဝင် ရွာသား‌တွေကို လူသားဒိုင်းအ‌နေနဲ့ သုံးတာ‌တွေ ပိုများလာတယ်။”ဟု ‌ပြောဆိုခဲ့သည်။

KHRG ၏ အစီရင်ခံစာ ပြုစုထားချက်များအရ ‌ဒေသခံ ‌ကျေးရွာသား ၄၀၀‌ကျော်ခန့်မှာ လူသားဒိုင်းနှင့် ‌ပေါ်တာဆွဲခံရမှု ကို ကြုံ‌တွေ့ခဲ့ရပြီး အလားတူ စားနပ်ရိက္ခာ၊ ဆက်သွယ်‌ရေး၊ အကူအညီ‌ထောက်ပံ့မှုများနှင့် အခြား‌သော အ‌ခြေခံလိုအပ် ချက်များကို ဖြတ်‌တောက်‌သော ဖြတ်‌လေးဖြတ်ဗျူဟာကို အသုံးပြု လုပ်‌ဆောင်သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ မှာလည်း အာဏာသိမ်းမှု‌နောက်ပိုင်း ပိုတိုးဖြစ်ပွားလာ‌ကြောင်း ‌နော်ထူးထူးက ဆက်‌ပြောသည်။

ယ‌နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ‌ကျေးလက်‌နေ ‌ဒေသခံ ပြည်သူများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ များနှင့် အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သူများ စုစု‌ပေါင်း ၁၃၃ဦးကို အာဏာသိမ်းချိန် ‌ဖေ‌ဖော်ဝါရီလမှ စ၍ ဇွန်လအထိ ‌တွေ့ဆုံ‌မေးမြန်းခဲ့မှုများကို စုစည်းရရှိထားသည့် အချက်အလက်အ‌ပေါ် KHRG က အ‌ခြေခံထားခြင်း ဖြစ်သည်။

အခန်း (၆) ခန်းပါဝင်သည့် အဆိုပါ အစီရင်ခံစာတွင် စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပထမ‌ခြောက်လအတွင်း မြန်မာ ပြည်အ‌ရှေ့‌တောင်ပိုင်းရှိ ‌ကျေးလက်‌ဒေသများ၏ လုံခြုံ‌ရေးအ‌ခြေအ‌နေမှာ လျင်မြန်စွာကျဆင်းလာ‌ကြောင်းနှင့် လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်မှုများသည်လည်း တဖြည်းဖြည်း ပိုမိုများပြားလာပြီး ‌ကျေးလက်‌နေပြည်သူများအ‌နေဖြင့် ‌နေရပ် ‌ရွှေ့‌ပြောင်း‌နေထိုင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင် အသက်‌သေဆုံးမှုများပါ ရင်ဆိုင်ခံစားခဲ့ရ‌ကြောင်း ‌ဖော်ပြထား သည်။

ထို့အပြင် စစ်‌ကောင်စီအ‌နေဖြင့် အာဏာချက်ချင်းစွန့်လွှတ်၍ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)ကို အာဏာလွဲ ‌ပြောင်းရန်၊ အရပ်သားပြည်သူ၊ CDM ဝန်ထမ်းများအ‌ပေါ် မတရား ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများ၊ လူသားဒိုင်းအဖြစ် အသုံးပြုမှုနှင့် ဖြတ်‌လေးဖြတ် မဟာဗျူဟာလုပ်‌ဆောင်မှုဆိုင်ရာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ရပ်တန့်ရန်လည်း အစီရင်ခံစာ၏ အဆုံးတွင် အကြံပြုတိုက်တွန်းထားသည်။

ထို့‌နောက် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများအ‌နေဖြင့် စစ်‌ကောင်စီကို တရားဝင်မှု‌ပေးခြင်းမျိုးမှ ‌ရှောင်ကြဉ်ပြီး စစ်‌ကောင်စီအ‌ပေါ် အ‌ရေးယူ ပိတ်ဆို့မှုများကို ပိုတိုးလုပ်‌ဆောင်ကာ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများ ကို သက်ဆိုင်ရာ NUG အစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများ နှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန်လည်း တိုက်တွန်းထားသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)ကို ၁၉၉၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် လူထုအ‌ခြေပြု အဖွဲ့အစည်း ဖြစ်ကာ မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို မှတ်တမ်း ယူ၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဖြန့်‌ဝေခြင်းနှင့် လူ့အခွင့်အ‌ရေး ကာကွယ်မှုဆိုင်ရာ လုပ်‌ဆောင်မှုများကို ပြည်သူများ အား အသိပညာ‌ပေး လုပ်‌ဆောင်‌နေသည့်အဖွဲ့ဖြစ်သည်။