Home သတင်း ကရင်ပြည်နယ်တွင် အ‌ခြေခံပညာ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်‌သော်လည်း ‌ကျောင်းတက်သူနည်းပါး

ကရင်ပြည်နယ်တွင် အ‌ခြေခံပညာ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်‌သော်လည်း ‌ကျောင်းတက်သူနည်းပါး

1932

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ မြို့နယ်များတွင် အ‌ခြေခံပညာဦးစီးဌာန‌အောက်ရှိ အ‌ခြေခံပညာ‌ကျောင်းများကို ယမန်‌နေ့ နိုဝင်ဘာလ ၁ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့‌သော်လည်း ယ‌နေ့ နိုဝင်ဘာလ ၂ ရက်‌နေ့အထိ ‌ကျောင်းတက်သူနည်းပါးလျက်ရှိသည်ဟု ပညာ‌ရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

အ‌ခြေခံပညာ‌ရေး‌ကျောင်းများ၏ အတန်းများဖြစ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း‌ကျောင်းများကို ယခင်ပုံမှန်‌ကျောင်းတက်ချိန်၊ စာသင်ချိန်အတိုင်း ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိ‌ကြောင်း အမည်မ‌ဖော်လိုသည့် ဖားအံမြို့မှ ပညာ‌ရေးဝန်ထမ်းတစ်ဦးက ‌ပြောသည်။

၎င်းက ” ‌ကျောင်းသားအ‌ဟောင်း‌ကော၊ အသစ်‌ကောက လာတက်တာ နည်း‌သေးတယ်။ တချို့မိဘ‌တွေကလည်း မသိကြတာ‌နေမယ်၊ တချို့ကလည်း နိုင်ငံ‌ရေးအ‌ခြေအ‌နေ ‌စောင့်ကြည့်တာ‌နေမယ်‌ပေါ့‌နော်။ အခုက မနက် ၉ နာရီက‌နေ ည‌နေ ၃ နာရီ ၁၅ မိနစ်အထိ‌ပေါ့‌နော်။ အခုက ကိုဗစ်စည်းကမ်းနဲ့အညီ ‌ကျောင်းတက်‌နေရ‌သေးတယ်‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့ အထက ၁ ၊ အထက ၃ ၊ အထက ၄ အပါအဝင် စာသင်‌ကျောင်း‌တော်‌တော်များများတွင် ‌ကျောင်းတက်သူအများစုမှာ စစ်တပ်မိသားစုဝင်များဖြစ်ပြီး အချို့‌ကျောင်းများတွင် စစ်‌ကောင်စီတပ်ဘက်မှ လုံခြုံ‌ရေးရယူ‌ပေးမှုများရှိသည်ဟု အဆိုပါ ပညာ‌ရေးဝန်ထမ်းက ဆိုသည်။

နိုဝင်ဘာလ ၁ ရက်‌နေ့မှစကာ မြို့အတွင်းရှိ‌ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်‌သော်လည်း နယ်ဘက်‌ကျေးရွာ ရှိ‌ကျောင်းများကို နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ‌သော်လည်း‌ကောင်း၊ ကိုဗစ်‌ရောဂါအ‌ခြေအ‌နေအရ‌သော်လည်း‌ကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိ‌သေးဟု ‌ကျေးရွာရှိ ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရှိရသည်။

‌ကျောင်းသားမိဘတစ်ဦးက ” ‌ကျောင်းဘယ်လိုထားမလဲ‌ပေါ့‌နော်။ အခုက နိုင်ငံ‌ရေးအ‌ခြေအ‌နေကလည်း မ‌ကောင်း‌သေးဘူး။ စာသင်နှစ်ကလည်း ကုန်‌တော့မယ်။ ‌ကျောင်းထားရင်လည်း မထိ‌ရောက်‌တော့ဘူး‌ပေါ့‌နော်။ ပြီး‌တော့ ‌ကျောင်းထားမယ်ဆိုရင်လည်း က‌လေး‌တွေကို ဓားစာခံလုပ်မှာလည်း စိုးရိမ်တယ်‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၈ ရက်‌နေ့တွင် စစ်‌ကောင်စီ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေး ဗဟို‌ကော်မတီမှ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ ၄၆ မြို့နယ်ရှိ စာသင်‌ကျောင်းများလွဲ၍ နိုင်ငံအဝှမ်းရှိ စာသင်‌ကျောင်းများအားလုံးကို နိုဝင်ဘာလ ၁ရက်‌နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ‌ကျောင်းမဖွင့်ရသည့် မြို့နယ် ၄၆ မြို့တွင် ကရင်ပြည်နယ် ‌တောင်ဘက်ခြမ်း ဖာပွန်နှင့် သံ‌တောင်ကြီး မြို့တို့ ပါဝင်‌ကြောင်း ‌ဖော်ပြထားသည်။

‌ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ နှင့် ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်အတွင်းရှိ မြို့များတွင် အ‌ခြေခံ‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်‌သော်လည်း ‌ကျောင်းတက်သူထက်ဝက်ခန့် နည်းပါးသလို နယ်‌ကျေးရွာဘက်ရှိ အ‌ခြေခံပညာ ‌ကျောင်းများတွင် ‌ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။