Home သတင်း ၂၁ ရာစုတွင် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့်သွား၍ မရနိုင်ဟု ABSDF ‌ပြောဆို

၂၁ ရာစုတွင် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့်သွား၍ မရနိုင်ဟု ABSDF ‌ပြောဆို

1744

နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

၂၁ရာစုတွင် လက်ရှိမြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့် ဆက်သွား၍ မရနိုင်‌ကြောင်းနှင့် မိမိတို့အဖွဲ့၏ နိုင်ငံ‌ရေး ဦးတည်ချက် ‌လေးရပ်ကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေး အင်အားစုများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က ၃၃နှစ်‌မြောက် အဖွဲ့တည် ‌ထောင်ခြင်း‌နေ့တွင် ထုတ်ပြန်‌ပြောဆိုလိုက်သည်။

ယ‌နေ့ နိုဝင်ဘာလ ၁ရက် ‌နေ့စွဲဖြင့် ABSDF က သ‌ဘောထားထုတ်ပြန်ရာတွင် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်မှ လွတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးရရှိ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး ရရှိ‌ရေးနှင့် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေးစသည့် နိုင်ငံ‌ရေးရပ်တည်ချက်အတိုင်း စစ်အာဏာရှင် ဆန့်ကျင်‌ရေးအင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ‌ဖော်ပြထားခြင်းဖြစ်သည်။

ABSDF ဥက္ကဌ က “ယ‌နေ့ ကာလဟာ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒဟာ တနည်းအားဖြင့် ‌ပြောရင် ဖက်ဒရယ် ဒီမိုက‌ရေစီကို စုစုစည်းစည်း နဲ့ တည်‌ဆောက်ရမယ့် ကာလဖြစ်တယ်။ ‌နောက်တစ်ခုက ဒီ ၂၁ ရာစုမှာ ကျ‌နော်တို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်နဲ့ ဘယ်လိုမှသွားလို့ရနိုင်တဲ့ အ‌ခြေအ‌နေမဟုတ်ပါဘူး။ ဒီစနစ်က ဘာလဲဆိုရင် နိုင်ငံအတွက် အကျိုးမပြုတဲ့ စနစ်မဟုတ်ဘူးဆိုတာ အားလုံးသိပါပြီး။ ဒီစနစ်ကို အားလုံး အတူတကွ ‌ပြောင်းလဲဖို့ လိုပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ‌နွေဦး‌တော်လှန်‌ရေးမှ ‌ပေါ်‌ပေါက်လာသည့် ပြည်သူ့ကာကွယ်‌ရေး တပ်မ‌တော်(PDF)၊ CRPH၊ အမျိုးသားညီညွတ်‌ရေး အစိုးရ(NUG) လို စစ်အာဏာရှင် ဆန့်ကျင်‌သော အဖွဲ့အစည်းများနှင့်လည်း စစ်အာ ဏာရှင် ဆန့်ကျင်‌ရေးတွင် အတူတကွ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်သွားရမည်ဟု မှတ်ယူ‌ကြောင်းလည်း ရဲ‌ဘော် သံခဲက ဆက်‌ပြောသည်။

စစ်တပ်အ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့မှစကာ လက်နက်ဖြင့် အကြမ်းဖက်၍ နိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားလုယက်သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်ခိုင်မာ‌ရေး ကြိုးပမ်းခဲ့သည်ဟု ABSDFက ဆိုပြီး ၎င်းအကျိုးဆက်‌ပေါ်‌ပေါက်လာသည့် ‌တော်လှန်‌ရေး အဖွဲ့အစည်းများကို ABSDF အ‌နေဖြင့် ကြိုဆိုဝန်းရံ လက်တွဲခဲ့‌ကြောင်း ဆိုသည်။

ထို့အတူ ABSDF အ‌နေဖြင့် နိုင်ငံ‌ရေး၊ စစ်‌ရေး၊ သံတမန်‌ရေး စသည့် မျက်နှာစာ အသီးသီးတွင် တိုက်ပွဲဝင်ခဲ့ကြ သလို လက်ရှိတွင်လည်း ဆက်လက်တိုက်ပွဲဝင်‌နေဆဲ ဖြစ်‌ကြောင်း ၊ လက်ရှိ အချိန်အထိ ခရီးစဉ်တစ်‌လျှောက် ထိခိုက် ကျဆုံးခဲ့သည့် ရဲ‌ဘော်ရဲ ဘက်အ‌ပေါင်းကိုလည်း ‌လေးစားတန်ဖိုးထား အ‌လေးပြု‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

သို့‌သော် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၅ ရက်က ‌နေပြည်‌တော်တွင် စစ်‌ကောင်စီက ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)၏ ၆ နှစ်ပြည့်အခမ်းအနားသို့ ABSDF မှ ဦးမင်း‌ဇော် သွားတက်‌ရောက်ခဲ့သည့်အ‌ပေါ်တွင် ‌ဝေဖန်ခံခဲ့ရ‌သေးပြီး ၎င်းကိစ္စနှင့်ပတ်သက်၍လည်း ABSDF မှ ဗဟို၏ သ‌ဘောထား မပါဝင်‌ကြောင်း ပြန်လည် ထုတ်ပြန်ရှင်းလင်းထားသည်။

၁၉၈၈ ရှစ်‌လေးလုံး ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံ ဖြိုခွင်းခံရပြီး‌နောက် မြန်မာနိုင်ငံ နယ်စပ်‌ဒေသအသီးသီးသို့ ‌ရောက်ရှိလာသည့် ‌ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများနှင့် လူငယ်များက ABSDF ကို ဖွဲ့စည်းတည်‌ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ABSDF သည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေရှိရာ ‌ဒေသများနှင့် မြန်မာနိုင်ငံ ‌မြောက်ပိုင်းရှိ ကချင်လွတ်လပ်‌ရေးတပ်မ‌တော် (KIA) ထိန်းချုပ်ရာ ‌ဒေသများတွင် အသီးသီးလှုပ်ရှား လျက်ရှိသည်။