အောက်တိုဘာ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ကျေးရွာများဖြစ်သော ဘဲဟိကလော် ၊ ထီးမယ်ဝါးခီး ၊ လေးကေကော်၊ ဖလူးကြီး ၊ ဖလူလေးကျေးရွာ သေဘောဘိုး ၊ ဝေါလေ ဒေသတစ်လျှောက် ကျေးရွာများမှ ဒေသခံများ မြဝတီမြို့ သို့ လာရာတွင် ယနေ့ အောက်တိုဘာလ ၃ရက်နေ့နံနက်က စစ်ကောင်စီတပ်များမှ လုံခြုံရေးတင်းကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ သွားလာရေး ခက်ခဲနေကြောင်း သိရသည်။
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ ၅၆ဝ )မှ အင်အား ၃ဝ ခန့်က မယ်ထော်သလေး လမ်းဆုံတွင် ဒေသခံကားများအား စစ်ဆေးနေခြင်းဖြစ်သည်။
“မနက်က ၉နာရီလောက်က မယ်ထော်သလေး ကျေးရွာ နဲ့ ဘဲဟိကလော် လေးကေကော် ဘက်သွားတဲ့ လမ်းဆုံနားမှာ စစ်တပ်က လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်တယ် ။ ဘယ်ကလာတယ် ဘယ်ကို သွားမယ် ။ ဘယ်ရွာမှာ နေတယ်ဆိုတာတွေ မေးတယ် ။ ဒေသခံ ဟုတ်မဟုတ် စစ်တယ် ။ ကျနော့်တို့လည်း မြဝတီ မသွားရဲ တော့ဘူ။း ရွာဘက် ပြန်လှည့် လာလိုက်တယ် ။ အခုတလောက လေးကေကော် ရွာတို့ ဖလူး မင်းလက်ပံ ဘက်တို့က စစ်တပ်စစ်ကြောင်းတွေ ခဏခဏ လာနေကြ တော့ တိုက်ပွဲဖြစ်မှာ ကြောက်တယ် ”ဟု ဘဲဟိကလော် ရွာသား စောဒီးပိန်က ပြောသည်။
KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ မကြာခဏ ကျေးရွာ များသို့ ရောက်ရှိ အခြေချ စစ်ဆေး မှုများ ပြုလုပ်လာချိန် တွင် ဒေသတွင်းကရင် လက်နက်ကိုင် တပ်ဖွဲ့ များ နှင့် တိုက်ပွဲ များဖြစ်လာနိုင်သည့် အခြေအနေ များ
ကြောင့် ဒေသခံများ စားဝတ်နေရေးနှင့် သွားလာရေး အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။




















