Home သတင်း KNU တပ်မဟာ ၅ နယ်‌မြေတွင် တစ်ရက်အတွင်း စစ်‌ကောင်စီတပ်သား ၂၃ ဦးကျဆုံးပြီး ၃ဝ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၅ နယ်‌မြေတွင် တစ်ရက်အတွင်း စစ်‌ကောင်စီတပ်သား ၂၃ ဦးကျဆုံးပြီး ၃ဝ ဦး ဒဏ်ရာရ

1451

‌အောက်တိုဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ ၅နယ်‌မြေတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီတပ်ဘက်မှ ၂၃ ဦးကျဆုံးကာ ၃ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူ မူ‌တြော်ခရိုင် သတင်းစဉ်က ယ‌နေ့ (‌အောက်တိုဘာလ ၃ရက်) သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ ‌ကေအဲန်ယူ တပ်မဟာ ၅ ၏ ကရင်အမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော် (KNLA) တပ်ရင်း ၁၀၂ တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ် စစ်‌ရေးကွပ်ကဲမှု ဌာနချုပ် -စကခ(၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း- ခမရ (၄၀၈) တို့အကြား ဖြစ်သည်။ စစ်‌ကောင်စီတပ်ဘက်မှ ဒဏ်ရာရရှိသူများထဲတွင် တပ်ရင်းမှူးအဆင့် ၂ ဦးပါဝင်ခဲ့ပြီး ‌ကေအဲန်ယူ တပ်မဟာ ၅ ဘက်က ထိခိုက်ကျဆုံးခြင်းမရှိ‌ကြောင်းလည်း မူ‌တြော်သတင်းစဉ်က ‌ဖော်ပြထားသည်။

လက်ရှိ ‌ကေအဲန်ယူ တပ်မဟာ ၅ နယ်‌မြေထဲတွင် စစ်‌ကောင်စီတပ်ဘက်မှ တပ်အင်အား အများအပြား ဖြည့်တင်းလာသည့်အတွက် နယ်‌မြေခံ ‌ကေအဲန်ယူ တပ်ဖွဲ့များနှင့် ‌နေ့စဉ်လိုလို ဖြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလျက်ရှိသည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။