Home သတင်း ‌ကော့ကရိတ်ပစ်ခတ်မှု စစ်‌ကောင်တပ်ဖွဲ့ ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ ၊ စစ်‌ကောင်စီတပ် လက်နက်ကြီး‌ကြောင့်...

‌ကော့ကရိတ်ပစ်ခတ်မှု စစ်‌ကောင်တပ်ဖွဲ့ ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ ၊ စစ်‌ကောင်စီတပ် လက်နက်ကြီး‌ကြောင့် လူ‌နေအိမ်များထိမှန်

1653
Photo: CJ

‌အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ် အာရှလမ်းဂွ ကျိုက်ဒုံ-ရွာသစ်လမ်းဘက်တွင် ယ‌နေ့ (‌အောက်တိုဘာလ ၁ ရက်) နံနက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်‌ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး စစ်ဦးစီးမှူး ပထမတန်း (G1) တစ်ဦးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။

အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ)တိုင်းမှူး မြဝတီခရီးစဉ်အတွက် စစ်‌ကောင်စီတပ်မှ လမ်းလုံခြုံ‌ရေး ယူထားစဉ် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ခွဲထွက်ဒီ‌ကေဘီ‌အေ)အဖွဲ့မှ ယ‌နေ့နံနက် ၉ နာရီအချိန်တွင် ကြားဖြတ်ပစ်ခတ်မှုလုပ်‌ဆောင်‌သော‌ကြောင့် ထိုသို့ ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံပြည်သူများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ” သိရသ‌လောက်က‌တော့ သူတို့တိုင်းမှူးမြဝတီသွားဖို့အတွက် သူတို့လမ်း ခင်း‌စောင့်‌နေတဲ့အချိန်မှာ ခွဲထွက် ဒီ‌ကေဘီ‌ကေက ပစ်တယ်။ နီးနီး‌လေးပဲကိုး။ ပစ်‌တော့ သူတို့(စစ်‌ကောင် စီတပ်)ဘက်က ၇ ‌ယောက်ထိတယ်။ ၄ ‌ယောက်‌သေတယ်။ ၃ ‌ယောက် ဒဏ်ရာရတယ်‌ပေါ့။ အဲ့ဒီထဲမှာ G1 တစ်‌ယောက်‌ပေါင်မှာ ထိမှန်သွားတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: CJ

အဆိုပါ ပစ်ခတ်မှုမှာ လမ်းလုံခြုံ‌ရေးယူ‌နေသည့် ‌ကော့ကရိတ်အ‌ခြေစိုက် စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲ မှုဌာနချုပ် စကခ -၁၂ ၏ ‌ခြေမြန်တပ်ရင်း (ခမရ) ၂၃၀၊ ၂၃၁ လက်‌အောက်ခံတပ်ဖွဲ့နှင့် ဗိုလ်ချုပ်ကြီး ‌စော‌ကျော်သက် ဦး‌ဆောင်သည့် ခွဲထွက်ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တို့ နှစ်အဖွဲ့အကြားဖြစ်သည်ဟု ‌ဒေသတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ကော့ကရိတ်‌တောင်းပိုင်းဘက် ‌ကျေးရွာများသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် လူ‌နေအိမ်များကို ကျည်ထိမှန်မှုများရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

လက်ရှိတွင် စစ်‌ကောင်စီတပ်များမှ ‌နေ့လည် ၁၁ ခွဲဝန်းကျင်အထိ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်‌နေ ဆဲဖြစ်သလို တပ်အင်အားတိုးချဲ့မှုများ ထပ်မံလုပ်‌ဆောင်လာသည့်အ‌ပေါ် တိုက်ပွဲများ ပြင်းထန်လာမည်ကို ‌ဒေသခံပြည်သူ လူထုများက စိုးရိမ်လျက်ရှိသည်ဟု သိရှိရသည်။