Home သတင်း ‌ကော့ကရိတ်တွင် ပစ်ခတ်မှုဖြစ်ပွား‌နေ

‌ကော့ကရိတ်တွင် ပစ်ခတ်မှုဖြစ်ပွား‌နေ

1400

‌အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကော့ကရိတ်-ကျိုက်ဒုံလမ်း ရွာသစ်‌ကျေးရွာဘက်တွင် ယ‌နေ့ ‌အောက်တိုဘာလ ၁ရက်‌နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

လက်နက်ကြီး လက်နက်ကြီး၊ လက်နက်ငယ်အချက်‌ပေါင်း ၁ဝချက်ခန့် ဆက်တိုက်ကြား‌နေရသည်ဟု အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“KNU နဲ့ စစ်‌ကောင်စီတပ်နဲ့ ပစ်တာ၊ မနက် ကိုးနာရီ‌လောက်မှာစဖြစ်တယ်။ အခု ကိုးနာရီခွဲအထိ ပစ်‌နေတုန်းပါပဲ။ လက်နက်ကြီး‌ကော၊ လက်နက်ငယ်‌ကော အစုံပဲ ပစ်တာ”ဟု ၎င်း‌ကော့ကရိတ်‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှု အ‌သေးစိတ်ကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်လက်စုံစမ်း‌နေဆဲဖြစ်သည်။